Migrant Times Blog အလုပ်သမား သတင်း တောင်ကိုရီးယား​ရောက် မြန်မာလုပ်သား တစ်ဦး ရုတ်တရက် ထပ်မံသေဆုံး
အလုပ်သမား သတင်း

တောင်ကိုရီးယား​ရောက် မြန်မာလုပ်သား တစ်ဦး ရုတ်တရက် ထပ်မံသေဆုံး

ဒီဇင်ဘာ ၁၈ရက်၊အရုဏ်ဦး
တောင်ကိုရီးယားရောက်မြန်မာလုပ်သားတစ်ဦးရုတ်တရက်သေဆုံးမှု ထပ်မံဖြစ်ပွားခဲ့တယ်လို့ အဲဒီနိုင်ငံရောက် မြန်မာအသိုင်းဝိုင်းဆီက သိရပါတယ်။
မန္တလေးတိုင်း၊မြင်းခြံမြို့နယ်ကနေ သွားရောက်လုပ်ကိုင်တဲ့အသက် ၂၁နှစ်အရွယ်ကိုရဲထက်ကျော်ဟာ ဘူဆန်မြို့၊ ဆာဟာဂုရှိနေအိမ်မှာ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁နာရီလောက်က ရုတ်တရက် ကွယ်လွန်သွားခဲ့တာလို့ဆိုပါတယ်။
ကိုရဲထက်ကျော်ရဲ့သေဆုံးရတဲ့အခြေအနေကို အသေးစိတ် မသိရသေးဘဲ စက်ရုံကအလုပ်ထွက်ပြီးနောက် ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့တာ သေဆုံးသည့် အချိန်အထိဖြစ်တယ်လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီပေးနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့လူမူကွန်ရက်မှာအသိပေးထားပါတယ်။
“လက်ရှိ ကိုရဲထက်ကျော်ရဲ့ ရုပ်အလောင်းဟာ အအေးတိုက်မှာထားရှိပြီး ရဲစခန်းရဲ့ ခွင့်ပြုချက် ရရှိမှ အလောင်းကို သင်္ဂြိုလ်ခွင့် ရရှိမှာဖြစ်ပါတယ်”လို့ ကိုဇော်မိုးအောင်က ပြောပါတယ်။
တောင်ကိုရီးယားမှာ ဒီဇင်ဘာ၁၂ရက်ညကလည်း မြန်မာလုပ်သားတစ်ဦးမှာ မိမိကိုယ်ကိုအဆုံးစီရင်သွားခဲ့ပြီး အခုသေဆုံးမူထပ်မံဖြစ်တာဖြစ်ပါတယ်။
အဲဒီ အဆုံးစီရင်သွားသူမှာ​ အသက်(အသက်၂၀) အရွယ် ကိုညီညီဇော်ဆိုသူဖြစ်ပြီး ကိုရီးယားနိုင်ငံ ချွန်နမ်ပြည်နယ်၊ အာဆန်မြို့ရှိ စက်ရုံမှာအလုပ်လုပ်ကိုင်နေသူဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးခဲ့တဲ့ မြန်မာလုပ်သားကို တွေ့ရစဉ်

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version