Migrant Times Blog အလုပ်သမား သတင်း ဂျပန်မှာ အင်ဂျင်နီယာပညာရပ် သင်ယူနေသူတွေနဲ့ သုတေသီတွေ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်
အလုပ်သမား သတင်း

ဂျပန်မှာ အင်ဂျင်နီယာပညာရပ် သင်ယူနေသူတွေနဲ့ သုတေသီတွေ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်

ဒီဇင်ဘာ ၁၈ ရက်၊ Migrant Times
ဂျပန်နိုင်ငံမှာ အင်ဂျင်နီယာပညာရပ်တွေ သင်ယူနေသူတွေနဲ့ သုတေသီတွေ The Kubota Fund ပညာသင်ဆု လျှောက်ထားနိုင်တယ်လို့ တိုကျိုမြို့ က မြန်မာသံရုံးက ကြေညာထားပါတယ်။
ဂျပန်နိုင်ငံရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေ၊ သုတေသန လုပ်ငန်းတွေနဲ့ တက္ကသိုလ်တွေမှာ အလုပ်လုပ်ကိုင်၊ ပညာသင်ကြားနေတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက အင်ဂျင်နီယာပိုင်းဆိုင်ရာ သုတေသီတွေ၊အလုပ်သင် သင်တန်းသားတွေနေနဲ့ ကျောင်းသားတွေကို The Kubota Fund ပညာသင်ဆု ပေးအပ်မယ်လို့ သိရပါတယ်။
ပညာသင်ဆုလျှောက်ထားမယ့်သူဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နိုင်ငံသား ဒါမှမဟုတ် ဖွံ့ဖြိုးဆဲနိုင်ငံမှာ မွေးဖွားကြီးပြင်းသူဖြစ်ရမှာပါ။
ဂျပန်နိုင်ငံရှိ စီးပွားရေးလုပ်ငန်းတစ်ခုခုမှ ငှားရမ်းထားသူ ဒါမှမဟုတ် သုတေသန၊ ပညာရေး၊ သင်တန်းနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတစ်ခုခုမှာ တရားဝင် စာရင်းသွင်းထားသူဖြစ်ရမယ်လို့ ဆိုပါတယ်။
အင်ဂျင်နီယာပိုင်းဆိုင်ရာ အထူးသဖြင့် မြို့ပြအင်ဂျင်နီယာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လယ်ယာစိုက်ပျိုးရေး၊ ပတ်ဝန်းကျင်ဆိုင်ရာ အင်ဂျင်နီယာ၊ စွမ်းအင်ဆိုင်ရာ အင်ဂျင်နီယာ၊ ဗိသုကာပညာ၊ ဖွံ့ဖြိုးတိုးတက်မှုစီးပွားရေးဘာသာရပ်တွေနဲ့ပတ်သက်ပြီး တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေသူ၊ သုတေသနလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသူ၊သုတေသနလုပ်ငန်း လုပ်ကိုင်ဆောက်ရွက်မယ့်သူ ဖြစ်ရမယ်လို့လည်း သတ်မှတ်ထားပါတယ်။
ထောက်ပံ့ကြေး လက်ခံနေစဉ် ပြည်ပနိုင်ငံကို သွားရောက်သုတေသန ပြုလုပ်ဖို့၊ အပြည်ပြည်ဆိုင်ရာညီလာခံတက်ရောက်ဖို့နဲ့ မိခင်နိုင်ငံသို့ ခေတ္တ သွားရောက်ဖို့​ကိစ္စရပ်မှအပ ဂျပန်နိုင်ငံမှာ နေထိုင်ရမယ်လို့ သိရပါတယ်။
ပညာသင်ဆုလျှောက်ထားရင်
အလုပ်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း ဒါမှ
မဟုတ် သက်ဆိုင်ရာကျောင်း ကြီးကြပ်သူရဲ့ ထောက်ခံစာ တင်ပြရမှာဖြစ်ပါတယ်။
ပညာသင်ဆုကို ၁၂ ဦး ချီးမြှင့်မှာဖြစ်ပြီး ထောက်ပံ့ကြေးအနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလကနေ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်လကို ယန်း ၈၀,၀၀၀ ကနေ ယန်း ၁၀၀,၀၀၀ အထိ ပေးအပ်သွားမှာဖြစ်ပါတယ်။
ပညာသင်ဆုကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၇ ရက် နောက်ဆုံးထားပြီး https://mypage.3050.i-webs.jp/kbt2023/ မှာ ဝင်ရောက်လျှောက်ထားနိုင်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို http://www.kubota-fund.org/မှာ ဖတ်ရှုနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version