Migrant Times Blog အလုပ်သမား သတင်း ထိုင်းတောင်ပိုင်းကနေ တဆင့် မလေးရှားကို ဝင်ရောက်မယ့် မြန်မာ (၇၀) ဦး နီးပါး ဖမ်းဆီးခံရ
အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းကနေ တဆင့် မလေးရှားကို ဝင်ရောက်မယ့် မြန်မာ (၇၀) ဦး နီးပါး ဖမ်းဆီးခံရ

ဒီဇင်ဘာ ၁၇၊ Migrant Time
ထိုင်းနိုင်ငံ (တောင်ပိုင်း)၊ ရနောင်းခရိုင်ထဲကနေ တဆင့် မလေးရှားနိုင်ငံကို ဝင်ရောက်မယ့် မြန်မာ (၆၈) ဦးကို ဒေသ အာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းဌာန တွေရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
သူတို့တွေကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ရနောင်းနဲ့ ချွန်းဖွန်းခရိုင် အကြား လအွန်မြို့နယ်၊ နိုင်းဝုန်းနေ အုပ်စု၊ ဘန့်နိုင်းဝုန်းရွာအပိုင်း တစ်နေရာ ဖြတ်မောင်းလာတဲ့ ၆ ဘီးယာဉ်ပေါ်ကနေ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
အဲ့ဒီလမ်းမှာ ကုန်တင်ယာဉ်တွေ ဖြတ်သန်းသွားလာလေ့မရှိတာကြောင့် ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ အမှတ် ၂၅ နဲ့ ထိပ်ဆသရီး စစ်ကြောင်းတို့က မသင်္ကာလို့ ရပ်တန့်စစ်ဆေးခဲ့ရာမှာ တရားမဝင် မြန်မာလူမျိုးတွေကို ဖမ်းဆီး ရမိခဲ့တာလို့ ဆိုပါတယ်။
ယာဉ်မောင်းရဲ့ ထွက်ဆိုချက်မှာ “သူတို့တွေကို မဟာချိုင် ကနေ တင်ဆောင်ခဲ့ပြီး ဆုန်ခလာခရိုင်၊ ရတ်တဖုန်း မြို့နယ် အထိ ပို့ဆောင်ဖို့အတွက် သဘောတူခဲ့တာ”လို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အထဲမှာ (၃၉)ဦး၊ အမျိုးသား အမျိုးသမီး (၂၈) ဦးနဲ့ အသက် (၆)နှစ်အရွယ် မိန်းကလေး (၁)ဦး ပါဝင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version