Migrant Times Blog အလုပ်သမား သတင်း ထိုင်းမှာ မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာ‌ရွှေ့ပြောင်း အမျိုးသား တစ်ဦး ရေထဲမျောပါ ပျောက်ဆုံးနေ
အလုပ်သမား သတင်း

ထိုင်းမှာ မိုးသည်ထန်စွာရွာသွန်းခဲ့မှုကြောင့် မြန်မာ‌ရွှေ့ပြောင်း အမျိုးသား တစ်ဦး ရေထဲမျောပါ ပျောက်ဆုံးနေ

ဒီဇင်ဘာ ၁၇၊ ‌မောင်နေ့သစ်၊ Migrant Time
ထိုင်းမှာ မိုးသည်ထန်စွာရွာသွန်းခဲ့တာကြောင့် ဒီဇင်ဘာ ၁၆ ရက်နေ့က မြန်မာရွှေ့ပြောင်း အမျိုးသား တစ်ဦး ရေထဲ မျောပါ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ရေထဲမျောပါပျောက်ဆုံးနေသူဟာ လောင်းလုံမြို့နယ်၊ တောင်မန်းဘွန်းရွာက အသက် ၄၂ နှစ်အရွယ် ကိုစည်သူဝင်း ဆိုသူဖြစ်ပြီး စူရက်ဌာနီ ထချန်း (KPT) သစ်စက်မှာ အလုပ်လုပ်ကိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။
“မိုးရွာဆိုတော့ လမ်းတွေအကုန်မြုတ်နေတာလေ မိုးကလည်းရွာ တစ်ပတ်ကျော်နေပြီ နေရော ညရောပဲ အလုပ်ကို မလုပ်ရဘူး။ ရေထဲမျောပါ ပျောက်ဆုံးနေတဲ့ ကိုစည်သူဝင်းက သဘောကောင်းတဲ့သူ တစ်ဦး”လို့ ၎င်းရဲ့ အသိမိတ်ဆွေ တစ်ဦးက ပြောပါတယ်။
ကိုစည်သူဝင်းဟာ KPT သစ်စက် ထချန်းဆီခြံလမ်းမှာ ရေထဲမျောပါသွားတာလို့ ဆိုပါတယ်။
သူကိုတော့ နယ်မြေခံ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ မြန်မာ လူမှု့အဖွဲ့အစည်းတွေ ပူးပေါင်းရှာဖွေနေပေမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့ ညနေပိုင်းအထိ မတွေ့ရှိသေးဘူးလို့ ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version