Migrant Times Blog အလုပ်သမား သတင်း မြန်မာရွှေ့ပြောင်းတစ်ဦးပါဝင်တဲ့ ငွေတောင်းရမ်းနေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး
အလုပ်သမား သတင်း

မြန်မာရွှေ့ပြောင်းတစ်ဦးပါဝင်တဲ့ ငွေတောင်းရမ်းနေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ဒီဇင်ဘာ ၁၆ ရက်၊
မောင်နေ့သစ်၊ Migrant Times
ဘန်ကောက်မြို့က ဆုခွန်ဝစ်နယ်မြေမှာ ငွေတောင်းရမ်းစားသောက်နေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
တောင်းရမ်းစားသောက်သူတွေထဲမှာ မြန်မာရွှေ့ပြောင်း ၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး၊ လာအိုနိုင်ငံသား ၁ ဦးအပြင် ထိုင်းနိုင်ငံသား ၈ ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ဆေးရာမှာ ဘတ် ၁သန်း ၃သိန်းကျော်အထိ ရခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ထိုင်းအမျိုးသမီးတစ်ဦးက အဲဒီငွေတွေဟာ တောင်းစားရာက ရတာမဟုတ်ဘဲ ငှက်ပျောသီးကြော် ရောင်းချပြီး စုဆောင်းထားတာလို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ သံသယရှိသူတွေကို ဘန်ကောက်နယ်မြေ၊ လုမ္ဗိနီမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version