September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
အလုပ်သမား သတင်း

မြန်မာရွှေ့ပြောင်းတစ်ဦးပါဝင်တဲ့ ငွေတောင်းရမ်းနေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေ ဖမ်းဆီး

ဒီဇင်ဘာ ၁၆ ရက်၊
မောင်နေ့သစ်၊ Migrant Times
ဘန်ကောက်မြို့က ဆုခွန်ဝစ်နယ်မြေမှာ ငွေတောင်းရမ်းစားသောက်နေတဲ့ အဖွဲ့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
တောင်းရမ်းစားသောက်သူတွေထဲမှာ မြန်မာရွှေ့ပြောင်း ၁ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၂ ဦး၊ လာအိုနိုင်ငံသား ၁ ဦးအပြင် ထိုင်းနိုင်ငံသား ၈ ဦး ပါဝင်ကြောင်း ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။
ဖမ်းဆီးခံရသူတွေကို စစ်ဆေးရာမှာ ဘတ် ၁သန်း ၃သိန်းကျော်အထိ ရခဲ့တယ်လို့လည်း သိရပါတယ်။
ဖမ်းဆီးခံရသူတွေထဲက ထိုင်းအမျိုးသမီးတစ်ဦးက အဲဒီငွေတွေဟာ တောင်းစားရာက ရတာမဟုတ်ဘဲ ငှက်ပျောသီးကြော် ရောင်းချပြီး စုဆောင်းထားတာလို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။
ဖမ်းဆီးခံရသူတွေနဲ့ သံသယရှိသူတွေကို ဘန်ကောက်နယ်မြေ၊ လုမ္ဗိနီမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ပြီး ဥပဒေအရ အရေးယူမယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *