နိုဝင်ဘာ ၅ရက်၊Migrant Times
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်၊ မဟာချိုင်အတွင်းက အုန်းခြံတစ်ခြံမှာ မြန်မာအလုပ်သမား ၁၀ဦးကို ဖမ်းဆီးခံခဲ့ရတယ်လို့ အလုပ်သမားအရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။
အဲ့ဒီနေရာကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ရှောင်တခင် ဝင်ရောက်စစ်ဆေးချိန်မှာ အခုလို ဖမ်းဆီးခံခဲ့ရတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမားတွေဟာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတွေ တင်ပြနိုင်ပေမယ့် အလုပ်ရှင်အသစ်ဆီကို ပြောင်းရွှေ့လုပ်ကိုင်တဲ့ စာရွက်စာတမ်းအထောက်အထား မပြနိုင်အတွက် ဖမ်းခံခဲ့ရတာလို့ သိရပါတယ်။
သူတို့တွေကို ဘန့်ဖယောက် ရဲစခန်းမှာ ထိန်းသိမ်းထားပြီး အဲ့ဒီလို ပြောင်းရွှေ့လုပ်ကိုင်တဲ့ အထောက်အထား မရှိဘူးဆိုရင် ထိုင်းနိုင်ငံရဲ့ လဝက ဉပဒေမှာ ထောင်ဒဏ် (၁)လခွဲ ကျခံရနိုင်ပြီး မိခင်နိုင်ငံကို ပြန်ပို့ခံရနိုင်တယ်လို့ သိရပါတယ်။
ထိုင်းမှာ အထောက်အထားမဲ့ မြန်မာတွေ နိုင်ငံသားသက်သေခံလက်မှတ် – CI စာအုပ် ထုတ်ယူဖို့ တန်းစီနေကြစဉ်။ဓာတ်ပုံ – CJ