Migrant Times Blog သတင်း ငလျင်ကြောင့် သေဆုံးသူ ၃၅ဝဝ နီးပါးရှိလာ
သတင်း

ငလျင်ကြောင့် သေဆုံးသူ ၃၅ဝဝ နီးပါးရှိလာ

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေးမြို့တွင် အဆိုးရွားဆုံး ထိခိုက်ပျက်စီးကာ လူသေဆုံးမှုများခဲ့သည်။

ယနေ့ ဧပြီလ ၆ ရက်နေ့ ၊ ငလျင်လှုပ်ခတ်ပြီး ၉ ရက်မြောက်ရှိချိန်တွင် နောက်ဆက်တွဲ ငလျင်ငယ်များကြောင့် ထိခိုက်ပျက်စီးမှုများ အပြီးသတ် ရှင်းလင်းနိုင်ခြင်းမရှိသေးပဲ အပျက်အစီးများ အောက်တွင် လူသေဆုံးမှုများ ဆက်ရှိနေသည်။

ဧပြီလ ၅ ရက်နေ့ ညမှစတင်ကာ ငလျင်ဒဏ်ထိခိုက်မှုများခဲ့သည့် စစ်ကိုင်း၊ မန္တလေးမြို့နယ်များတွင် ယနေ့ နံနက်အထိ မိုးသည်းထန်နေသည့်အတွက် လမ်းပေါ်ထွက်နေထိုင်နေကြ
ရသည့် ငလျင်းဒုက္ခသည်များ အခက်အခဲကြုံနေပြီး ကယ်ဆယ်ရေးလုပ်ငန်းများ နှေင့်နှေးနေသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တရားဝင်ထုတ်ပြန်ချက်အရ မတ်လ ၂၈ ရက်နေ့တွင် အင်အားအလွန်ပြင်းထန်သော မြေငလျင်လှုပ်ခတ်ပြီးနောက်မှ ဧပြီလ ၆ ရက်နေ့ နံနက်ပိုင်း အထိ နောက်ဆက်တွဲငလျင် ၈၉ ကြိမ်လှုပ်ခတ်ခဲ့သည်။

ငလျင်ဒဏ်ကြောင့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၆)ခုတွင် ဧပြီ (၅) ရက်နေ့အထိ သေဆုံးသူ ၃,၄၇၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၆၇၁ ဦးနှင့် ပျောက်ဆုံးသူ ၂၁၄ ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

  • Migrant Times

Photo – Thiha Htun Zaw
( မန္တလေးမြို့တွင် ဧပြီလ ၅ ရက်နေ့ည မိုးသည်းထန်မှုမြင်ကွင်း။)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version