Migrant Times Blog သတင်း ငလျင်ကြောင့် ဘန်ကောက် အဆောက်အအုံ ပြိုကျမှု သေဆုံးသူထပ်တိုး
သတင်း

ငလျင်ကြောင့် ဘန်ကောက် အဆောက်အအုံ ပြိုကျမှု သေဆုံးသူထပ်တိုး

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ဘန်ကောက် မြို့ ချက်တူချက်ဈေးအနီးရှိ စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး ဧပြီလ ၆ ရက်တွင် သေဆုံးသူ ၁၇ ဦးထိရှိလာကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုတွင် ပျောက်ဆုံးနေသူ ၁ဝ၃ ဦးရှိပြီး ဧပြီလ ၆ ရက်နေ့အထိ သေဆုံးသူ ၁၇ ဦး၏ ရုပ်အလောင်းများရှာဖွေတွေ့ရှိထားသည်။

အဆောက်အအုံအတွင်း ၇၇ ဦးကျန်ရှိနေနိုင်ပြီး ထိခိုက်ဒဏ်ရာရခဲ့သူ ၉ ဦးအား ဆေးရုံသို့ပို့ဆောင်ထားကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။

ငလျင်ကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျမှုအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၄ ဦးခန့် ပိတ်မိနေပြီး အလုပ်သမားများနှင့် မိသားစုဝင်များ အခွင့်အရေးများ ပြည့်ပြည့်ဝဝရရှိရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)ကလည်း ထုတ်ပြန်သည်။

ဌင်း အဆောက်အအုံပြိုကျမှုတွင်ပါဝင်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုဝင်များ အနေဖြင့် လျော်ကြေးရရှိရန် အမှုဖွင့်တိုင်ကြားရန်လိုအပ်သည့်အတွက် မဖြစ်မနေ လာရောက်ရန်လိုအပ်ကြောင်း WAG Myanmar အဖွဲ့ကပြောကြားသည်။

စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့သည့် ရစ်(ခ်)တာစကေး (၇.၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်ကြောင့်
တိုင်းနှင့်ပြည်နယ် (၆)ခုတွင် ဧပြီလ (၅) ရက်နေ့အထိ သေဆုံးသူ ၃,၄၇၁ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄,၆၇၁ ဦးနှင့် ပျောက်ဆုံးသူ ၂၁၄ ဦး ရှိပြီဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည်။

  • Migrant Times

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version