Site icon Migrant Times

ဖူးခက် နိုင်ယန်ကမ်းခြေအနီးတွင် မူးယစ်ဆေးဝါး သုံးစွဲထားသူ ၁၅ ဦး စစ်ဆေးတွေ့ရှိ

ထိုင်းနိုင်ငံ ၊ ဖူးခက်မြို့ နိုင်ယန်ကမ်းခြေအနီးတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးစီမံချက်အရရှောင်တခင် စစ်ဆေးမှု ပြုလုပ်ခဲ့ပြီး လူ ၁၅ ဦးတွင် တရားမဝင် မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ကို မေလ ၈ ရက်နေ့ညက တွေ့ရှိကြောင်း သလန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ကထုတ်ပြန်သည်။

ဖူးခက်လေဆိပ်တောင်ဘက်ရှိ နိုင်ယန်ကမ်းခြေသို့သွားရာလမ်းတွင် ပြီးခဲ့သည့် မေလ ၆ ရက်နေ့ ည ၇ နာရီခွဲ မှ ၉ နာရီခွဲ အထိ နှစ်နာရီကြာ စစ်ဆေးရေးဂိတ်ချပြီး သလန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က မူးယစ်ဆေးဝါး နှိမ်နင်းရေးဆောင်ရွက်ခဲ့သည်။

ထိုစစ်ဆေးရေးဂိတ်မှ မူးယစ်ဆေးဝါသုံးစွဲနိုင်သည့် သံသယရှိသူ လူပေါင်း ၁၆၀ ကိုဆီးစစ်ဆေးမှုများ ပြုလုပ်ရန် ရွေးချယ်ခဲ့ရာ ၁၅ ဦးသည် မူးယစ်ဆေးဝါးသုံးစွဲထားကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

မူးယစ်ဆေးဝါးသုံးစွဲထားသူ ၁၅ ဦးအနက် ၁၄ ဦးသည် သလန်ဆေးရုံတွင် မိမိဆန္ဒအလျောက် ကုသမှုခံယူရန် သဘောတူညီခဲ့ကြပြီး တစ်ဦးမှာ စိတ်ကျန်းမာရေးပြဿနာရှိကာ မူးယစ်ဆေးဝါးများကို မကြာခဏ အသုံးပြုနေကြောင် တွေ့ရှိသဖြင့် ထပ်မံ ဆေးကုသရန်အတွက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးခဲ့သည်။

မေလ ၆ ရက်နေ့ ညနေပိုင်းတွင် ဖူးခက်မြို့ သေဘ်ခရာဆတ်ထရီရှိ ရွှေ့ပြောင်းအလုပ်သမားစခန်းသုံးခုအား သလန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့က ရှောင်တခင် စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

စခန်းများတွင် လူ ၂ဝ ဦးအား ကျပန်းမူးယစ်ဆေးဝါးစစ်ဆေးမှု ပြုလုပ်ခဲ့သော်လည်း သုံးစွဲထားသူမတွေ့ရှိကြောင်း ဌင်းအဖွဲ့ကပြောကြားသည်။

သတင်း – Migrant Times

Ref / Photo – Thaiger

Exit mobile version