Site icon Migrant Times

ထိုင်းလူငယ်ကို ပစ်သတ်မှုကြောင့် မြန်မာလူငယ်ကို ဖမ်းဆီး

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့နယ်နိမတ်အတွင်း ထိုင်းလူငယ်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကြောင်း မြန်မာလူငယ်တစ်ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ထိုင်း ချလ်နယ် (၇) အွန်လိုင်း သတင်းစာမျက်နှာတွင် ဖော်ပြသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့၊ တနင်္လာနေ့ ညပိုင်း၌ ဘန်ကောက်မြို့၊ စေနာနီဝတ်ကျေးရွာစီမံကိန်း (၂)၊ ဆွယ် (၂ဝ၈) ၊ ပရာဆက်မာနူကစ် (၂၇) တွင် အသက် ၁၉ နှစ်အရွယ်ရှိ ထိုင်းလူငယ် ၏ ဦးခေါင်းကို အသက် ၁၆ နှစ်အရွယ် မြန်မာလူငယ်က သေနတ်ဖြင့်ပစ်သတ်မှုကို ရဲတပ်ဖွဲ့က စုံးစမ်းကာဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သူသည် ထိုင်းနိုင်ငံတွင် မွေးဖွားသည့် မြန်မာနိုင်ငံသားဟုသတင်းကဖော်ပြပြီး ထိုင်း ၁ဝနှစ်ခံ ကဒ်ဖြင့် နေထိုင်ခွင့်ရထားသူဖြစ်ကြောင်း၊ ၁ဝ နှစ်တစ်ကြိမ်သက်တမ်းတိုးရသော လက်မှတ် အမျိုးအစားဖြစ်ကြောင်း ထိုင်းရဲမှူးချုပ် Jessada Suaysom ကမေလ ၈ ရက်တွင် ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်တွင် သံသယရှိသူ သည် အွန်လိုင်းမှ ဘတ် ၅ဝဝဝ ဖြင့် ဝယ်ယူခဲ့သည့် လက်လုပ်ပြုပြင်ထားသော ဘလန့်ခ်ကန်း (blank gun) သေနတ်ဖြင့်ပစ်ခတ်ခဲ့ပြီး ၃၈ဝ ကျည်အမျိုးအစား ကျည်ဆံဖြစ်ကြောင်းသိရသည်။

ပြစ်မှုကျူးလွန်သူသည် ယခင်က သေဆုံးသူ၏သူငယ်ချင်းများနှင့် Instagram မှတစ်ဆင့် စိန်ခေါ်ပြောဆိုမှုစကားများရန်ဖြစ်ခဲ့ဖူးပြီး Lat Phrao နယ်မြေ၌ ဓားထိုးမှု တစ်ကြိမ် ဖြစ်ပွားခဲ့ဖူးသော မှုခင်းမှတ်တမ်းတင်ထားကြောင်း သိရသည်။

မြန်မာလူငယ်သည် ဂျက်ကီဟုခေါ်သည့် ထိုင်းလူငယ် ကိုပစ်ခတ်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပစ်ခတ်ရာတွင် အသုံးပြုခဲ့သည့် သေနတ်၊ ဆိုင်ကယ်နှင့် ဖြစ်စဉ်ဖြစ်ပွားစဉ်က ဝတ်ဆင်ခဲ့သည့် အဝတ်အစားများကိုသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ရဲစစ်ဆေးချက်အရ ယူစွတ်သည် သေနတ်ကို အသုံးပြုပြီး တစ်ဦးတည်း ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။

မြန်မာလူငယ်အား ရည်ရွယ်ချက်ရှိရှိ လူသတ်မှုနှင့် လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှု ဆိုင်ရာ အက်ဥပဒေအား ဖောက်ဖျက်ကျူးလွန်မှုများဖြင့် ယနေ့ မေလ ၉ ရက်တွင် မင်းဘူရီရှိ လူငယ်ဂေဟာဆိုင်ရာ တရားရုံးတွင် အမှုအား ဆက်လက် စီရင်သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်း – Migrant Times

Ref / Photo – CH 7

Exit mobile version