Migrant Times Blog နိုင်ငံရေး တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်
နိုင်ငံရေး

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်

တောင်ကိုရီးယားကို အခုလအတွင်း လေးကြိမ်မြောက်အဖြစ် မြန်မာလုပ်သား ၁၄၈ ဦး စေလွှတ်
အောက်တိုဘာ ၁၃ ရက်၊ Migrant Times
အခုလအတွင်း လေးကြိမ်မြောက်အဖြစ် တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ စေလွှတ်ခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်မယ့် မြန်မာလုပ်သား ၁၄၈ ဦး ဒီကနေ့ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်ရှိလာတယ်လို့ ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံးက သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။
ဒီကနေ့ စေလွှတ်ခဲ့တဲ့ မြန်မာလုပ်သားတွေထဲမှာ ကုန်ထုတ်လုပ်သားအဖြစ် လုပ်ကိုင်မယ့် လုပ်သားသစ် ၆၈ ဦး၊ ကုန်ထုတ်လုပ်သား Re-entry ၇၆ ဦး၊ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်သား Re-entry ၄ ဦး ပါဝင်ပါတယ်။
တောင်ကိုရီးယားအစိုးရက မြန်မာလုပ်သားတွေကို တရားဝင်ပြန်လက်ခံနေ ပြီးတော့ ဩဂုတ်လအတွင်းမှာ မြန်မာလုပ်သား ၁,၂၉၃ ဦး၊ ပြီးခဲ့တဲ့စက်တင်ဘာလမှာ ၉၇၈ ဦးကို တရားဝင်ဝင်ခွင့်ပြုခဲ့ပါတယ်။
အခုလအတွင်းမှာ တောင်ကိုရီးယားနိုင်ငံကို မြန်မာလုပ်သားစေလွှတ်တာ လေးကြိမ် ရှိပြီဖြစ်ပြီး မြန်မာလုပ်သား ၅၂၀ ဦး တောင်ကိုရီးယားနိုင်ငံကို ဒီလ စေလွှတ်ခဲ့တာဖြစ်ပါတယ်။
အောက်တိုဘာ ၁၃ ရက်က တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိလာသည့် မြန်မာလုပ်သားများကို တွေ့ရစဉ်၊ ဓာတ်ပုံ – Myanmar Embassy,Seoul

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Exit mobile version