Migrant Times Blog နိုင်ငံရေး ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင်
နိုင်ငံရေး

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင်

ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့်ပန်းရောင်ကတ်လျှောက် ထားရင် ကလေးတွေအတွက်ပါ မှီခိုလျှောက်ထားနိုင်
အောက်တိုဘာ ၁၂ ရက်၊ Migrant Times
ထိုင်းနိုင်ငံမှာ နေထိုင်အလုပ်လုပ်ခွင့် ပန်းရောင်ကတ်လျှောက်ထားရင် ကိုယ့်ရဲ့ကလေးတွေအတွက်ပါ မှီခိုနေထိုင်
ခွင့် ပန်းရောင်ကတ် ပြုလုပ်နိုင်တယ်လို့ ဖန်ငါ အလုပ်သမား
နှင့်အလုပ်အကိုင်ရှာဖွေခန့်ထားရေးဌာန (DOE)က ဆိုပါတယ်။
ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငါမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို ကူညီပေးနေတဲ့ FED နဲ့ DISAC အဖွဲ့က ဒီကနေ့ ဦးဆောင်ကျင်းပတဲ့ဆွေးနွေးပွဲမှာ DOE က အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
“ ဒီအလုပ်သမားက မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းကို လုပ်တဲ့အခါမှာ ကိုယ့်မှာ မှီခိုသားသမီး အသက် ဘယ်နနှစ်အရွယ်၊ ဘယ်နတန်းစတဲ့အချက်တွေကို တွဲတင်ထားရမယ်။ အဲဒါတွေနဲ့ ကလေးရဲ့ အချက်အလက်တွေနဲ့အတူ အလုပ်အကိုင်ရှာဖွေရေးရုံးမှာ လာတင်ပြီးတော့ ကလေးအတွက် အထောက်အထားလုပ်ဖို့ဆိုပြီး လာတောင်းဆိုရမယ်။ ကလေးအတွက်လုပ်မယ့် လုပ်ငန်းစဉ်အတွက် အခုချိန်ထိတော့ အချိန်ကန့်သတ်ထားတာ မရှိသေးဘူး ”လို့ FED အလုပ်သမားရေးရာ တာဝန်ခံ ကိုမင်းဉီးက Migrant Times ကို ပြောပါတယ်။
မှီခိုပန်းရောင်ကတ်ကို အလုပ်သမား ကိုယ်တိုင် ပြုလုပ်
ပြီး အချက်အလက်၊ အထောက်အထားတွေ ပြည့်စုံတယ်ဆိုရင် စာရွက်စာတမ်းကြေး ဘတ် ၈၀ ပဲ ကုန်ကျတယ်လို့ သိရပါတယ်။
FED စာသင်ကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးတွေအတွက် အထောက်အထားလုပ်ဖို့ ၂၀၁၉ ခုနှစ်ကတည်းက တင်ပြတောင်းဆိုထားပြီး ခွင့်ပြုချက်ရဖို့ ဆက်လက်တောင်းဆိုထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့
ပြောင်းလုပ်သား တစ်သန်းခွဲကျော်ရှိပြီး ဩဂုတ်လက ပန်းရောင်ကတ်လျှောက်ထားခဲ့သူ ၇ သိန်းနီးပါးထဲမှာ မြန်မာနိုင်ငံသား အများဆုံးဖြစ်တယ်လို့ သိရပါတယ်။
ပန်းရောင်ကတ်လျှောက်ထားမှုနဲ့ပတ်သက်ပြီး အောက်တိုဘာ ၁၂ ရ​က်က ဆွေးနွေးပွဲကျင်းပစဥ်၊ ဓာတ်ပုံ – Min Oo(FED)

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version