ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို

ရွှေပလ္လင် လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကိုဖိနှိပ်စေခိုင်းတာတွေ ရှိနေတယ်လို့ဆို

ဒီဇင်ဘာ ၁၈ ရက်၊ Migrant Times
ဆိုင်ခွဲများစွာဖွင့်လှစ်ထားတဲ့ ရွှေပလ္လင်လက်ဘက်ရည်ဆိုင်မှာ အလုပ်သမားတွေကို ဖိနှိပ်စေခိုင်းတာမျိုးတွေရှိနေတယ်လို့ မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FGWM)က ထုတ်ပြန်ပါတယ်။
အဲဒီလက်ဘက်ရည်ဆိုင်မှာ အလုပ်ရရင် ယူနီဖောင်းကြေးကျပ် ၂၀၀၀၀ ပေးသွင်းရပြီး အလုပ်ထွက်တဲ့အခါယူနီဖောင်းကို ပြန်အပ်ရပေမယ့် ပေးသွင်းထားတဲ့ယူနီဖောင်းကြေးပြန်မထုတ်ပေးတာ၊ ဝန်ထမ်းတွေ
ွအပေါ် ရိုင်းစိုင်းစွာ ဆက်ဆံပြီး ဆဲဆိုတာ၊ အလုပ်သမားတစ်ယောက်ကို အမြင် မကြည်တော့ရင် ရုံးချုပ်ကို မဟုတ်မမှန် တိုင်ပြီး အလုပ်ထုတ်တာမျိုးတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အတိုင်ခံရတဲ့ အလုပ်သမားက ရုံးချုပ်ကို သွားရောက် ဖြေရှင်းတဲ့အခါ အလုပ်သမားဘက်က ဖြေရှင်းခွင့်မပေးဘဲ အလုပ်ကနေ ထွက်သွားဆိုပြီး မောင်းထုတ်တာမျိုးတွေရှိနေတယ်လို့ FGWM က ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ Junction Square မှာ ဖွင့်ထားတဲ့ ရွှေပလ္လင်ဆိုင်ခွဲက အလုပ်သမားတစ်ဦးကို အလားတူ အလုပ်ထုတ်လို့ ဆက်သွယ်အကူညီတောင်းခံမှု ရရှိထားတယ်လို့ ဆိုပါတယ်။
သူ့လိုပဲ အလုပ်ထွက်သွားရသူတွေ တော်တော်များများ ရှိနေတယ်လို့ အလုပ်သမားက ပြောကြောင်း FGWM က ဆိုပါတယ်။
အဲဒီလိုအလုပ်ထုတ်တာအပြင် ညဘက် အလုပ်ချိန်ပြည့်လို့ အိမ်မပြန်ရဘဲ အချိန်ပိုဆင်းပေးရရင်လည်း အိုတီကြေးမပေးတာ၊ ပိတ်ရက်မှာ ဆိုင်သန့်ရှင်းရေးဆိုပြီး အဓမ္မခိုင်းစေတာ၊ တာဝန်ခံက သူခိုင်းတာ ပြောတာကို မကျေနပ်ရင် ကြိုက်တဲ့နေရာသွားတိုင်လို့ ခြိမ်းခြောက်တာမျိုးတွေ ပြုမူနေတယ်လို့ ဆက်လက်ဖော်ပြထားပါတယ်။
အဲဒီလိုမတရားဖိနှိပ်ခံနေရတဲ့ အခြေအနေအမှန်ကို အများပြည်သူ စားသုံးသူသိစေရန်နဲ့ ဆိုင်ပိုင်ရှင်က အမြန်ဆုံး ဖြေရှင်းပေးဖို့ အလုပ်သမားတွေက FGWM ထံ အကူအညီတောင်းလာတာလို့ သိရပါတယ်။
အဲဒီလို ပြုမူတာတွေရှိနေတယ်ဆိုတာနဲ့ ပတ်သက်လို့ ရွှေပလ္လင် ရုံးချုပ်ကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပြီး အတည်မပြုနိုင်သေးပါဘူး။
ရွှေပလ္လင်လက်ဘက်ရည်ဆိုင်ကို ဆိုင်ခွဲပေါင်း ၄၀ ကျော်
ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမားဦးရေ ၁၀၀၀ နီးပါးရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

Similar Posts

Leave a Reply

Your email address will not be published. Required fields are marked *