မဲဆောက်တွင် အထောက်အထားမရှိသည့် မြန်မာ ၅ ဦး ဖမ်းဆီးခံရ
ဇူလိူင် ၁၅ ၊ Migrant Times ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊မဲဆောက်မြို့နယ်တွင် စာရွက်စာတမ်း အထောက်အထားမရှိသည့် မြန်မာနိုင်ငံသား ၅ ဦး ကို ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှထုတ်ပြန်သည်။ ယမန်နေ့ ဇူလိုင်လ ၁၄ ရက်နေ့၊ ည ၇နာရီခွဲခန့်တွင် မယ်ပမြို့နယ် ၊အမှတ် ၆ ရပ်ကွက်၊ ဘန့်ဟိုင်ဖွန်စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးစစ်ဆေးစဉ်အတွင်းဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ စစ်ဆေးစဉ်အတွင်း မဲဆောက် ၊တာ့ဆိုင်းလွတ်မြို့နယ်၊ အမှတ် ၄ ရွာတွင်နေထိုင်သည့် အသက် ၃၆ နှစ်အရွယ်နေထိုင်သူနှင့် အသက် ၁၈ နှစ်မျှ ၃ဝ နှစ်အတွင်းရှိ မြန်မာနိုင်ငံသား ၃ ဦးအားတွေ့ရှိခဲ့ပြီး ထိုသူများအနက် မြန်မာနိုင်ငံသား ၃ ဦးအား ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်လာပြီး နေထိုင်ခြင်း ဖြင့်