အလုပ်သမားအရေးလှုပ်ရှားသူ ဒေါ်မျိုးမျိုးအေးကို ခံဝန်ဖြင့် ၆ လနေထိုင်ရန် အမိန့်ချ
အောက်တိုဘာ ၂၅ ၊ Migrant Times ။ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေးအား စွဲဆိုထားသောအမှုများအနက်မှ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ အရစွဲဆိုသော အမှုအတွက် ခံဝန်ဖြင့် (၆)လနေထိုင်ရန် အမိန့်ချမှတ်ခဲ့ကြောင်း STUM အဖွဲ့ကထုတ်ပြန်သည်။ ဒေါ်မျိုးမျိုးအေးအား ယမန်နေ့ရုံးချိန်းတွင် ရွှေပြည်သာမြို့နယ် တရားရုံးက ခြေချုပ်နှင့်ခံဝန်အက်ဥပဒေ ၅(၁)(စ)(ဆ) အရ သိန်း(၃၀)တန် ခံဝန်သူနှစ်ဦးဖြင့် (၆)လအတွင်းကောင်းမွန်စွာ ကျင့်ကြံနေထိုင်စေရန် ခံဝန်ချုပ်ဖြင့် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီက ဒေါ်မျိုးမျိုးအေးကို ၎င်း၏နေအိမ်၌ ပြီးခဲ့သည့် ဇူလိူင်လ ၂၅ ရက်နေ့ညတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းနောက် STUM ဝန်ထမ်း ၁ဝ ဦးကို ဇူလိူင်လ ၂၆ ရက်မှ ၂၈ ရက်အတွင်း ထပ်မံဖမ်းဆီးခဲ့သည်။ STUM ဝန်ထမ်း
