September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

နိုင်ငံရေး

နိုင်ငံရေး သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး အာမခံလျှောက်ထားမှုအပေါ် တရားရုံးပလပ်

စက်တင်ဘာ ၉ ၊ Migrant Times ။ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင် ၇ ဦး တို့၏ သီးခြား တစ်မှုစီ အာမခံလျှောက်ထားမှုအပေါ် ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့တွင် ရန်ကုန်တိုင်း ၊ ရွှေပြည်သာ မြို့နယ်တရားရုံးက ပလပ်လိုက်ကြောင်း STUM ကထုတ်ပြန်သည်။ အာမခံလျှောက်ထားမှုအပေါ် ရုံးထိုင်တရားသူကြီးက ကြားနားပြီး ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပြီး ရုံးရှေ့အမှုမှ တရားလိုအား အမှု ၈ မှုအတွက် စစ်ဆေး ကြားနာခဲ့ကြောင်း သိရသည်။ ရုံးထုတ်မှု အား STUM အဖွဲ့ကို Migrant Times ကဆက်သွယ်မေးမြန်းခဲ့ပြီး ဒေါ်မျိုးမျိုးအေး ၏ ရှေ့နေကပေးပို့သည့် အချက်များကိုသာသိကြောင်း STUM တာဝန်ရှိသူကပြောသည်။

Read More
နိုင်ငံရေး သတင်း

သက်ဆင်ကို ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချ

စက်တင်ဘာ ၉ ၊ Migrant Times ။ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝါထရာကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့တွင် တရားရုံးချုပ်၏ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်သူများဆိုင်ရာ ရာဇဝတ်မှုဌာနခွဲက “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး ထောင်ဒဏ်တစ်နှစ် ပြန်ကျခံရန် အမိန့်ချခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဝန်ကြီးချုပ်ဟောင်း သက်ဆင်သည် ယမန်နေ့တွင် ဒူဘိုင်းမှပြန်လာပြီးနောက် ယနေ့ နံနက်တွင် “ရဲဆေးရုံ ၁၄ လွှာ” အမှုနှင့်ပတ်သက်ပြီး တရားရုံးသို့လာရောက်ခဲ့သည်။ သက်ဆင်သည် မူလက အဂတိလိုက်စားမှု ၃ မှုအတွက် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရသူဖြစ်သည်။ နောက်ပိုင်းတွင် တော်ဝင်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် တစ်နှစ်သို့ လျှော့ချခံခဲ့ရသည်။ သို့သော် သက်ဆင် အကျဉ်းထောင်တွင် တစ်ညတာမျှ အမှန်တကယ်နေခဲ့ဖူးခြင်း ရှိ၊မရှိ

Read More
နိုင်ငံရေး သတင်း အလုပ်သမား သတင်း

ထိုင်းမှာ ဘတ် မဖွင့်သေးပါ ငွေကြိုတောင်းသူများကို တိုင်ကြားနိုင်ကြောင်းထုတ်ပြန်

လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင် စက်တင်ဘာ ၈ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် အခြေခံလုပ်သားများအားထုတ်ပေးသည့် ဘတ်(ခေါ်)ပန်းရောင်းကတ်ပြုလုပ်ပေးမည့်ရက်အား တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသည့်အပြင် လက်ရှိတွင် မှတ်ပုံတင်ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများမှ အလုပ်သမားများအနေဖြင့် တရားဝင် မှတ်ပုံတင်ဖွင့်လှစ်မည့်အချိန်ကို စောင့်ဆိုင်းရင်း လိုအပ်သည့် စာရွက်စာတမ်းများကို ကြိုတင်ပြင်ဆင်ထားကြရရန်နှင့်ဖွင့်လှစ်မည့်ရက်ကို တရားဝင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်သည်။ ဘတ်(ခေါ်)ပန်းရောင်းကတ်နှင့်ပတ်သက်ပြီး အလွန်အကျွံပွဲစားခ တောင်းခံခြင်း (သို့မဟုတ်) ကြိုတင်ငွေ ပေးဆောင်ရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လိမ်လည်ခံရခြင်းများရှိပါက အလုပ်သမားဝန်ကြီးဌာန၏ Hotline နံပါတ် ၁၅၀၆ သို့ ဖုန်းခေါ်ဆိုနိုင်ကြောင်း ထုတ်ပြန်သည်။ ထိုင်းအလုပ်ရှင်များအနေဖြင့် လုပ်သား

Read More
နိုင်ငံရေး သတင်း

ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ဆိုတာဘယ်သူလဲ

ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်(Anutin Charnvirakul)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့သည်။ ဘိုဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင်သည် ထိုင်းနိုင်ငံတွင် ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရအောင် လွှတ်တော်တွင်း တင်သွင်းခဲ့သူဖြစ်ပြီး သူ၏ပါတီသည် ဆေးခြောက်ပါတီဟုလည်း ထိုင်းနိုင်ငံတွင် လူသိများသည်။ အနုတင်သည် ဘန်ကောက်မြို့ Assumption ကောလိပ်တွင် အလယ်တန်းပညာ (၁၉၈၄ ခုနှစ်)၊ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် Worcester Academy (၁၉၈၅ ခုနှစ်) တို့ကို တက်ရောက်ခဲ့ပြီး နယူးယောက်မြို့ Hofstra တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာသိပ္ပံဘွဲ့ကို

Read More
နိုင်ငံရေး သတင်း

အနုတင် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာ

စက်တင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်းထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။ ပြည်သူ့ပါတီ၏ ထောက်ခံမှုရရှိထားသော အောင်မြင်သည့် ညွန့်ပေါင်းအဖွဲ့အား ဦးဆောင်ပြီးနောက် ဘုံဂျိုင်ထိုင်းပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံခဲ့ရခြင်းဖြစ်သည်။ အဆိုပါမဟာမိတ်အဖွဲ့သည် ဖျူထိုင်းပါတီမှ ကိုယ်စားလှယ်လောင်း ချိုင်းကာဆမ် နီတီဆီရီအား အနိုင်ယူခဲ့ပြီး အနုတင်အား အစိုးရအဖွဲ့သစ် ဖွဲ့စည်းနိုင်ရန် အခွင့်အရေးရရှိစေခဲ့ကြောင်း ထိုင်းသတင်းကရေးသားသည်။ အနုတင်အား

Read More
နိုင်ငံတကာ နိုင်ငံရေး

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ ဩဂုတ် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ်တို့ ဩဂုတ် ၅ ရက်က ကမ္ဘောဒီးယားတွင် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်းမှာ ငြင်းခုန်မှုများစွာ ဖြစ်ပွားခဲ့သည်။၎င်းတို့နှစ်ဦးသည် ရာထူးမှ နှုတ်ထွက်သည့် ဝန်ကြီးချုပ် ဟွန်ဆန်၏ (၇၂) နှစ်မြောက် မွေးနေ့ပွဲကို ဖနွမ်းပင်တွင် တက်​ရောက်ရန် ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားကာ ၎င်းသည် နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။အခမ်းအနားဓာတ်ပုံများကို ပြည်တွင်းမီဒီယာ Fresh News နှင့် ဟွန်ဆန်ကိုယ်တိုင် ၎င်း၏ Telegram ချန်နယ်မှ မျှဝေခဲ့သည်။မြို့တော်အပြင်ဘက်ရှိ Kandal ပြည်နယ်၊ Takhmao မြို့ရှိ

Read More
နိုင်ငံရေး အလုပ်သမား သတင်း

မြန်မာမှာPGMF ချေးငွေလုပ်ငန်းရပ်ဆိုင်းလိုက်လို့အလုပ်သမား ထောင်နဲ့ချီအလုပ်အကိုင်ဆုံးရူံးဖို့ရှိ

မြန်မာမှာPGMF ချေးငွေလုပ်ငန်းရပ်ဆိုင်းလိုက်လို့အလုပ်သမား ထောင်နဲ့ချီအလုပ်အကိုင်ဆုံးရူံးဖို့ရှိ ဇွန် ၂၇ ရက် အရုဏ်ဦး၊ Migrant Times မြန်မာနိူင်ငံမှာ ချေးငွေလုပ်ငန်းအနေနဲ့လည်ပတ်နေတဲ့ PGMF အနေနဲ့ ရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းထောင်ချီဟာအလုပ်လက်မဲ့ဖြစ်ရမယ့်အခြေအနေနဲ့ကြုံတွေ့လာရတယ်လို့ အဲဒီလုပ်ငန်းနဲ့နီးစပ်သူတွေကဆိုပါတယ်။အမေရိကန်အခြေစိုက် ချေးငွေလုပ်ငန်းစုဖြစ်တဲ့ Pact Myanmar လက်အောက်မှာရှိတဲ့ PGMFဟာ ဇွန်လကုန်မှာ လုပ်ငန်းအပြီးရပ်ဆိုင်းတော့မှာဖြစ်တယ်လို့ တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။Pact Myanmarမှာ ဝန်ထမ်းပေါင်း ၄၀၀၀ နီးပါးရှိပြီး သူတို့ PGMFကရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်းအစိတ်အပိုင်းတချို့ဟာလည်း အလုပ်အကိုင်အခွင့်အလမ်းဆုံးရူံးကြရဖို့ရှိနေတယ်လို့ နီးစပ်သူတစ်ဦးကဆိုပါတယ်။ “တော်တော်များများကတော့ အလုပ်ပြုတ်မယ့်အထဲပါသွားဖို့ရှိတယ်။ တခြားလုပ်ငန်းစုတွေထဲပြောင်းထည့်တာရှိမလားတော့မပြောတတ်ဘူး”လို့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။PGMFအနေနဲ့ မှတ်ပုံတင်ပြန်တင်ရမှာ၊ အမြတ်ဝေဟုကိုမလိုအပ်ဘဲခွဲပေးရမှာ စတဲ့အချက်တွေနဲ့အဆင်မပြေတာကြောင့် လုပ်ငန်းရပ်ဆိုင်းရတာလို့ သတင်းတွေကဆိုပါတယ်။PGMFရပ်ဆိုင်းလိုက်ပေမယ့် Pact Myanmar ရဲ့ တခြားလုပ်ငန်းစီမံကိန်းတွေကဆက်ရှိနေဦးမှာဖြစ်ပြီး အဲဒီစီမံကိန်းလုပ်ငန်းတွေအပေါ်တိုက်ရိုက်သက်ရောက်မူမရှိဘူးလို့လည်း သတင်းထုတ်ပြန်ထားပါတယ်။PGMFအနေနဲ့မြန်မာနိူင်ငံမှာ လုပ်ငန်းလည်ပတ်နေတဲ့ကာလအတွင်း ပြည်သူ ကိုးသိန်းနီးပါးကို ချေးငွေအမေရိကန် ဒေါ်လာ ၁၅၆သန်းထုတ်ပေးနိူင်ခဲ့တယ်လို့ဆိုပါတယ်။လုပ်ငန်းရပ်ဆိုင်းမယ့် ဇွန်

Read More
နိုင်ငံရေး အလုပ်သမား သတင်း

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို

ဟိုစိမ့်စက်ရုံမှလုပ်ခတိုးတောင်းတဲ့အလုပ်သမား​တွေကိုအလုပ်ထုတ်လိုက်တဲ့အပေါ် ILO စုံစမ်းစစ်ဆေးရေးကော်မရှင်ထံတင်ပြထားတယ်လို့ဆို ဇွန် ၁၆ ရက် အရုဏ်ဦး၊ Migrant Times ရွှေပြည်သာမြို့နယ်ရှိ ဟိုစိမ့်အထည်ချုပ်စက်ရုံမှလုပ်ခတိုးပေးဖို့တောင်းဆိုခဲ့တဲ့ အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)ရဲ့အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ထံ တင်ပြတိုင်ကြားထားတယ်လို့ မြန်မာနိူင်ငံဆောက်လုပ်ရေး၊သစ်လုပ်ငန်း အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ကထုတ်ပြန်ပါတယ်။မြန်မာနိူင်ငံက စက်ရုံလုပ်ငန်းခွင်တွေမှာ ဟို​စိမ့်စက်ရုံလို ပြုမူနေတာတွေရှိနေပြီးအရေးဆောင်ရွက်နိူင်ဖို့အတွက် တင်ပြထားတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ILOအထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ မြန်မာနိူင်ငံမှာ လွတ်လပ်စွာအသင်းအပင်းဖွဲ့စည်းခွင့်ချိုး​ဖောက်​နေတာနဲ့ အဓမ္မစေခိုင်းမူတွေရှိနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကို စစ်ဆေးနေတဲ့အဖွဲ့ဖြစ်ပါတယ်။ဟိုစိမ့်အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ တစ်ရက်လုပ်ခ ၅၆၀၀ကျပ်ပေးဖို့ မေလကုန်ပိုင်းကတောင်းဆိုခဲ့ကြတာဖြစ်ပြီး စက်ရုံဘက်ကတောင်းဆိုချက်ကိုလက်ခံလိုက်ပေမယ့် အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုတော့ လုပ်ငန်းခွင်အတွင်းဆူပူအောင်လုပ်လို့ဆိုပြီးအလုပ်ကထုတ်လိုက်တာဖြစ်ပါတယ်။”အခုထိလည်းအလုပ်ထုတ်ခံရသူတွေပြန်လက်ခံတယ်မကြားဘူး။ကျန်အလုပ်သမားတွေလည်းမကျေနပ်ကြဘူး”လို့ အဲဒီစက်ရုံအလုပ်သမားတစ်ဦးကပြောပါတယ်။ အဲဒီလို အလုပ်သမားသမဂ္ဂဝင် ၇ဦးကိုအလုပ်ထုတ်လိုက်တဲ့အပေါ် စက်ရုံလုပ်သားတွေကမကျေနပ်လို့ ဇွန်၁၃ရက်က လုပ်ငန်းခွင်မဝင်ဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။အဲဒီနောက် ဌာနဆိုင်ရာတာဝန်ရှိသူတွေရောက်လာပြီး ညှိနှိုင်းကာ နောက်တစ်နေ့မှာ အလုပ်ထုတ်ခံရတဲ့ကိစ္စဖြေရှင်းပေးမယ်ဆိုပြီးချိန်းဆိုလိုက်ပါတယ်။ချိန်းဆိုတဲ့နေ့မှာ အလုပ်ထုတ်ခံရတဲ့သူတွေဟာ ရွှေပြည်သာမြို့နယ်ထွေအုပ်ရုံးမှာ ညှိနှိုင်းပြီးအပြန် အလုပ်ထုတ်ခံရသူတစ်ဦးဖြစ်တဲ့မသူသူစံကို အရပ်ဝတ်ရဲတွေက

Read More
နိုင်ငံရေး အလုပ်သမား သတင်း

ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီတွေရဲ့ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးအဆိုပြုချက်များ

ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီတွေရဲ့ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးအဆိုပြုချက်များ ဧပြီ ၁၀ ရက်၊ Migrant Times ထိုင်းနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံမယ့်နိုင်ငံရေးပါတီ ၁၁ ပါတီက ကိုယ်စားလှယ်တွေဟာနိုင်ငံတကာ အသိုက်အဝန်းမှာ လူ့အခွင့်အရေး၊ လုံခြုံရေး၊ ​ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး သူတို့ရဲ့သဘောထား အမြင်တွေကို ဧပြီလ ၆ ရက်ကတင်ပြဆွေးနွေးခဲ့ပါတယ်။ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေနဲ့ပတ်သက်ပြီး ၂၀၂၃ ခုနှစ်ရွေးကောက်ပွဲဝင် ထိုင်းနိုင်ငံရေးပါတီတွေရဲ့စီမံခန့်ခွဲရေးဆိုင်ရာ ဆွေးနွေးအဆိုပြုချက်တွေကို ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းမြန်မာလုပ်သားတွေ လေ့လာနိုင်ဖို့ တင်ပြလိုက်ပါတယ်။ ၁။ ဖြူထိုင်းပါတီ – လက်ထောက်ဝန်ကြီးချုပ်ဟောင်း Chaturon Chaisang – ၂၀၁၄ ခုနှစ် ထိုင်းအာဏာသိမ်းပြီး ကိုးနှစ်တာကာလအတွင်း ကမ္ဘာ့ဇာတ်ခုံမှာ ထိုင်းနိုင်ငံရဲ့ အခန်းကဏ္ဍဟာ အလွန်နိမ့်ပါးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ – မြန်မာနိုင်ငံမှာ အကြမ်းဖက်မှု လျှော့ချဖို့ မြန်မာအစိုးရအား

Read More
နိုင်ငံရေး အလုပ်သမား သတင်း

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို

NUG က ၆ လအတွင်း အလုပ်သမားအမှု ၁၉ မှု ဖြေရှင်းပေးခဲ့ဟုဆို ဇန်နဝါရီ ၃ ရက်၊ Migrant Times အမျိုးသားညီညွတ်ရေး အစိုးရ၊ အလုပ်သမားဝန်ကြီးဌာနရဲ့ တိုင်ကြားရေးယန္တယားကို တိုင်ကြားလာတဲ့အမှုပေါင်း ၂၉ မှုအနက် ၁၉ မှုကို ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ ပြည်ပအလုပ်သမားရေးရာ စီမံခန့်ခွဲရေး ဉီးစီးဌာနက ကိုနိုင်ထွန်းဉီးထံက သိရပါတယ်။သူက “ ၂၀၂၂ ခုနှစ်အတွင်း တိုင်ကြားစာ ၂၉ စောင်လက်ခံရရှိပါတယ် ၁၉ မှု ဖြေရှင်းပြီးပါပြီ။ ၆ မှုက ဖြေရှင်းနေဆဲဖြစ်ပါတယ်။ ဖြေရှင်းပေးရန် ၄ မှုကျန်ပါတယ်။ အဲဒီအမှုတွေက ကာတာနိုင်ငံမှ ၁ မှု၊ ဒူဘိုင်းက ၂ မှု၊ ပြည်တွင်းက ၁ မှုပါ ” လို့

Read More