နိုဝင်ဘာ 19, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

နိုင်ငံတကာ

နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းတွင် ဓာတု အဆိပ်ငွေ့ရှုမိပြီး မြန်မာအလုပ်သမား ၂ ဦး သေဆုံး

နိုဝင်ဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ကရာဘီခရိုင်၊ ပလိုင်းဖရား(Plai Phraya) မြို့နယ်ရှိ ကုမ္ပဏီတစ်ခုတွင် နိုဝင်ဘာလ ၁၄ ရက်နေ့၌ မြန်မာအလုပ်သမား ၃ ဦးသည် ဓာတုဗေဒတွင်း တစ်တွင်း(အိုး)ကို သန့်ရှင်းရေးလုပ်နေစဉ် အဆိပ်ငွေ့ရှူမိ၍ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း ဘန်ကောက်ပို့စ်သတင်းကဖော်ပြသည်။ မြန်မာအမျိုးသား အလုပ်သမား ၃ ဦးသည် ၎င်းဓာတုဗေဒတွင်း အတွင်းတွင် ဟိုက်ဒရိုဂျင်ဆာလ်ဖိုက် (hydrogen sulfide) ဓာတ်ငွေ့ရှုမိပြီး သတိလစ်နေခဲ့ကာ ကယ်ဆယ်ရေးအဖွဲ့များက အသက် ၂၂ နှစ်အရွယ် ကိုပိုင်အမည်ရ အလုပ်သမားတစ်ဦးကို အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့ပြီး ပလိုင်းဖရားဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။ ကျန်နှစ်ဦးဖြစ်သည့် ကိုရှိုင်းလင်းအောင် (အသက်

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၁၄ ဦး နစ်နာကြေးဘတ် ၃ သိန်းကျော်ရ

နိုဝင်ဘာ ၁၅ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ လယောင်ခရိုင် ၊ဘန်းခိုက်မြို့ရှိ အပူပေးစက်ထုတ်လုပ်သည့်စက်ရုံတွင် အလုပ်ဖြုတ်ခံရသည့် မြန်မာအလုပ်သမား ၁၄ ဦး၏ နစ်နာကြေး ဘတ် ၃ သိန်းကျော်(၃၆၄,၀၀၀) ရရှိခဲ့ကြောင်း ကူညီခဲ့သည့် WAG အဖွဲ့ကထုတ်ပြန်သည်။ “ဒီ ၁၄ ဦးပိုက်ဆံပြန်ရသွားတာက ဒီအလုပ်သမားတွေရဲ့ နစ်နာမှုရယ် ကြိုတင်အကြောင်းတဲ့ဟာရယ် ထိတ်လန့်ကြေးရယ် နှစ်ခုရတာပေါ့။ ကျွန်တော်တို့ မြို့နယ်ဆဝါဒီကန်မှာသွားရောက်ဆောင်ရွက်ပေးတဲ့အမှုဖြစ်တယ်။ သူတို့လဲ ဒီအမှုကိုလျော်ကြေးပေးမှ အမှုပိတ်မှာ ဆက်လက်ပြီးလုပ်ဆောင်လို့ရမယ်လေ အဲ့ဒါကြောင့် ဒီဟာကိုလာပြီးတော့ လျော်ပေးသွားတာပါ” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ မြန်မာအလုပ်သမား ၁၄ ဦးသည် ၎င်းစက်ရုံတွင် ယခုနှစ် မတ်လ ၂၇ ရက်နေ့တွင်

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို မြန်မာလူငယ်တစ်ဦး သတ်ဖြတ်ထွက်ပြေး အောက်တိုဘာ ၉ ရက် Migrant Times ဒိန်းမတ်နိုင်ငံ၊ ကိုပင်‌ဟေဂင်မြို့တော်ဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို ၁၉ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးက သတ်ဖြတ်၍ သေဆုံးသူရဲ့ ATM နဲ့ငွေကြေးများစွာထုတ်ယူပြီး မိခင်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အောက်တိုဘာလ ၈ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ဝိဖာဝတီလမ်း၊ အမှတ် ၂၀ ဝိဖာဝတီလမ်းသွယ် အိမ်အမှတ် ၁၅၉/၁၄ တိုက်ခန်းထဲမှာ ရက်ရှည်ကြာသေဆုံးထားတဲ့ ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းအလောင်းကို တွေ့ရှိခဲ့ပြီးနောက် ထိုင်းရဲတပ်ဖွဲ့နဲ့ စုံစမ်းစစ်ဆေးတေအဖွဲ့တွေဟာ တရားခံကိုသိရှိခဲ့ပြီး အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။ သက်ဆိုင်ရာအာဏာပိုင်ရဲ့ ဖော်ပြချက်အရ အဆိုပါတရားခံဟာ ထိုင်းသံအမတ်ဟောင်းနဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးရှိသူဖြစ်ပြီး သူဟာ သေဆုံးသူဆီကနေ အေတီအမ်ငွေထုတ်ကဒ် လျှို့ဝှက်နံပတ် အတင်းအကြပ်တောင်းခဲ့ပြီး ဓားနဲ့

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ

အစ္စရေးမှာ ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရ၊ ၁၁ ဦး ဖမ်းဆီးခံရ အောက်တိုဘာ ၉ ရက် ခွန်သောမတ်၊ Migrant Times အစ္စရေးနိုင်ငံကို ပါလက်စတိုလ်း ဟားမတ်စ် တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံက ထိုင်းအလုပ်သမား ၂ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိကာ ၁၁ ဦး ဓားစာခံ အဖြစ် ဖမ်းဆီးခံထားရတယ်လို့ သိရပါတယ်။အစ္စရေးနိုင်ငံကို ဟားမတ်စ်တိုက်ခိုက်မှုမှာ ထိုင်းလူမျိုးတွေ သေဆုံးထိခိုက်မှုနဲ့ပတ်သက်လို့ Tel Aviv မြို့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး မစ္စ Phanpha Chandrarom က အတည်ပြု​သတင်းထုတ်​ပြန်ထားတာဖြစ်ပါတယ်။လက်ရှိမှာ တိုက်ပွဲ​ေတွ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာမို့ ထိုင်းနိုင်ငံသား အလုပ်သမားတွေကို နေအိမ်တွင်သာ နေထိုင်ဖို့ အသိပေး

Read More
Covid 19 နိုင်ငံတကာ အလုပ်သမား သတင်း

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ

လုပ်သား ရှားပါးမှု ပြင်းပြင်းထန်ထန် ရင်ဆိုင်နေရတဲ့ နိုင်ငံများ (သတင်းဆောင်းပါး) အောက်တိုဘာ ၄ ရက်၊ Migrant Times လုပ်သားရှားပါးတဲ့ နိုင်ငံတွေဟာ အရည်အချင်းနဲ့ ကျွမ်းကျင်မှုရှိတဲ့ အလုပ်သမားရှာဖွေရာမှာ စိန်ခေါ်မှု​ေတွနဲ့ရင်ဆိုင်နေရပြီး လက်ရှိအခြေအနေနဲ့ လုပ်ငန်းခွင်အသီးသီးရှိ ရာထူးများကို လူတွေ့ ဖြည့်ဆည်းရန် လုံလောက်သော အရေအတွက် နှင့် အရည်အချင်းများတွင် အကြောင်းရင်းအမျိုးမျိုးကြောင့် ရင်ဆိုင်နေရပါတယ်။လူဦးရေ အချိုးအစား ပြောင်းလဲခြင်း နှင့် အချို့သော လုပ်ငန်းများတွင် ကျွမ်းကျင်မှု ကွာဟချက်ရှိပြီး ဒီပြဿနာကိုဖြေရှင်းဖို့ အချို့နိုင်ငံများသည် နိုင်ငံခြားသား အလုပ်သမား များကို ဆွဲဆောင်ရန် သို့မဟုတ် လေ့ကျင့်ရေး အစီအစဉ်များတွင် ကျွမ်းကျင်လုပ်သား များ တိုးမြှင့်ရန် ရင်းနှီးမြှုပ်နှံမှု မူဝါဒများကို အသုံးပြုကြပါတယ်။အမေရိကန်ပြည်ထောင်စုCOVID-19 မဖြစ်ပွားမီက အမေရိကန် ကဏ္ဍအသီးသီးတွင် လုပ်သားရှားပါးမှုပြဿနာများ ရင်ဆိုင်နေရပြီး

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ

ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံခြားအလုပ်သမားတွေ ပြန်လာတာကြောင့် စင်ကာပူနိုင်ငံမှာ လူဦးရေ ၅ ရာခိုင်နှုန်း တိုးလာ အောက်တိုဘာ ၂ ရက် ခွန်သောမတ်၊ Migrant Times ကိုဗစ်ကပ်ရောဂါအပြီး နိုင်ငံရပ်ခြားကနေ အလုပ်သမားတွေပြန်လာတာကြောင့် စင်ကာပူနိုင်ငံ လူဦးရေဟာ တစ်နှစ်အတွင်း ၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ သိရပါတယ်။အခုနှစ် ဇွန်လမှာ စင်္ကာပူနိုင်ငံမှာ လူဦးရေ ၅ ဒသမ ၉ သန်းရှိပြီး ယမန်နှစ် ဇွန်လက ၅ ဒသမ ၆ သန်းသာ ရှိခဲ့တယ်လို့ သိရပါတယ်။စင်ကာပူနိုင်ငံ လူဦး‌ရေရဲ့ ၆၁ ရာခိုင်နှုန်းဟာ စင်ကာပူနိုင်ငံသား​ေတွဖြစ်ပြီး ၉ ရာခိုင်နှုန်းက အမြဲတမ်းနေထိုင်သူ​ေတွဖြစ်ကာ ၃၀ ရာခိုင်နှုန်းကတော့ နိုင်ငံခြားသားတွေဖြစ်ပြီး အလုပ်လာလုပ်သူ ဒါမှမဟုတ် ပညာသင်ကြားနေကြသူတွေဖြစ်ပါတယ်။အခု တိုးလာတဲ့လူဦးရေ အများစုဟာ နိုင်ငံခြားသား

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ

ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူ အလုပ်လက်မဲ့နှုန်း များလာ ဩဂုတ် ၂၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံမှာ ဘွဲ့လွန် ဘွဲ့ရသူတွေဟာ အလုပ်သမား ဈေးကွက်မှာ အလုပ်ရှင် လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်း များလာတယ်လို့ သိရပါတယ်။ထိုင်းအလုပ်သမားဈေးကွက်မှာ အလုပ်လက်မဲ့နှုန်း တိုးလာနေပြီး COVID-19 ကပ်ရောဂါအခြေအနေ သက်သာသွားပြီးနောက် အလုပ်သမားတွေရဲ့ အရည်အသွေးနဲ့ စွမ်းရည်ဖြည့် ပြဿနာတွေ ရှိနေဆဲဖြစ်ကြောင်း အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက် ရေး ကောင်စီရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ဘွဲ့လွန် လုပ်သား အလုပ်လက်မဲ့နှုန်းဟာ ၂၀၂၂ ခုနှစ်မှာပျမ်းမျှအားဖြင့် ၄၅ ဒသမ ၆ ရာခိုင်နှုန်း ရှိပြီး ​စျေးကွက်လိုအပ်ချက်နဲ့ မကိုက်ညီတာကြောင့် အလုပ်လက်မဲ့နှုန်းနေ နေတယ်လို့ ဆိုပါတယ်။ ကိုးကား-news.ch7.com

Read More
နိုင်ငံတကာ သတင်း

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ

ထိုင်းမှာ အုန်းသီးခူး မျောက်လုပ်သား အသုံးပြုမှုကို တားဆီးဖို့ အစိုးရ စီမံ ဩဂုတ် ၂၇ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းနိုင်ငံ အစိုးရဟာ အုန်းသီးခူးတဲ့ မျောက်လုပ်သားအသုံးပြုမှုကို တားဆီးဖို့ အစီအမံတွေ လုပ်ဆောင်​နေပြီးထုတ်လုပ်မှု စံချိန်စံညွှန်းမြှင့်တင်ဖို့ GAP (Good Agricultural Practice) Monkey Free Plus (MFP) အမှတ်အသားကို တွန်းအားပေးတယ်လို့ ဝန်ကြီးချုပ်ရုံး ဒုတိယပြောရေး ဆိုခွင့်ရှိသူ မစ္စရတ်ဒါသနဒီရစ်က ပြောပါတယ်။ထိုင်းနိုင်ငံဟာ အုန်းသီးတင်ပို့တဲ့ လုပ်ငန်းအပေါ် ယုံကြည်မှု နိုးထလာကာ ကမ္ဘာ့စျေးကွက်သို့ ပိုမို ထိုးဖောက် နိုင်ဖို့ ဆောင်ရွက်နေကြောင်း၊ ထိုင်းအစိုးရအ​နေနဲ့ အစားအစာ ထုတ်လုပ်မှုစနစ် ဘေးကင်းရေး GAP (Good Agricultural Practice) MFP (GAP

Read More
နိုင်ငံတကာ နိုင်ငံရေး

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ

ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေးသည် သက်ဆင်၏ ခရီးစဉ်ကြောင့် ထိခိုက်မှု မရှိ ဩဂုတ် ၈ ရက် ခွန်သောမတ်၊ Migrant Times ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်နှင့် ၎င်း၏ညီမဖြစ်သူ ယင်လပ်တို့ ဩဂုတ် ၅ ရက်က ကမ္ဘောဒီးယားတွင် အံ့အားသင့်ဖွယ် ထွက်ပေါ်လာခြင်းမှာ ငြင်းခုန်မှုများစွာ ဖြစ်ပွားခဲ့သည်။၎င်းတို့နှစ်ဦးသည် ရာထူးမှ နှုတ်ထွက်သည့် ဝန်ကြီးချုပ် ဟွန်ဆန်၏ (၇၂) နှစ်မြောက် မွေးနေ့ပွဲကို ဖနွမ်းပင်တွင် တက်​ရောက်ရန် ရှိကြောင်း အစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားကာ ၎င်းသည် နိုင်ငံရေးနှင့် မသက်ဆိုင်ကြောင်း ပြောဆိုခဲ့သည်။အခမ်းအနားဓာတ်ပုံများကို ပြည်တွင်းမီဒီယာ Fresh News နှင့် ဟွန်ဆန်ကိုယ်တိုင် ၎င်း၏ Telegram ချန်နယ်မှ မျှဝေခဲ့သည်။မြို့တော်အပြင်ဘက်ရှိ Kandal ပြည်နယ်၊ Takhmao မြို့ရှိ

Read More
နိုင်ငံတကာ အလုပ်သမား သတင်း

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ

အမေရိကန် အလုပ်အကိုင်ဈေးကွက် အားကောင်းလာ ဩဂုတ် ၇ ရက် ခွန်သောမတ်၊ Migrant Times အမေရိကန်နိုင်ငံ၏ အလုပ်သမားစျေးကွက် နှင့် အလုပ်အကိုင်၏ ဝင်ငွေတိုးလာမှု နှစ်မျိုးလုံး အားကောင်းလာပြီး အတိုးနှုန်းနှင့် ငွေကြေးဖောင်းပွမှုကြားတွင် ခံနိုင်ရည်ရှိ နေသည့် စီးပွားရေးကို ထောက်ပြကာ စားသုံးသူများ အပေါ် ယုံကြည်မှုကို ဖန်တီးပေး ကြောင်း Bloomberg ၏ အလုပ်သမား စာရင်းအင်းဗျူရိုက ဖော်ပြထားပါတယ်။အမေရိကန်နိုင်ငံ အလုပ်သမားရေးရာဌာန၏ ၂၀၂၃ ခုနှစ် ဇူလိုင်လတွင် အလုပ်အကိုင် ရာထူးပေါင်း ၁၈၇,၀၀၀ ကျော် အလုပ်သမားစျေးကွက်သို့ ပို့ဆောင်နိုင်ပြီး ခန့်မှန်းထား သည်ထက် နည်းပါးနေသော်လည်း အမေရိကန် အလုပ်သမားဈေးကွက်က စဉ်းစားစရာ၊ မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းလာကြောင်း ဖော်ပြထားပါတယ်။ တစ်နာရီလုပ်အားခသည် ပျမ်းမျှ ယခင်လမှ ၀

Read More