September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Blog

သတင်း

ဘန်ကောက်တွင် ဘတ် ၈ သန်း ခန့်တန်ဖိုးရှိ တရားမဝင် ဆီလီကွန် ပစ္စည်းများ ဖမ်းမိ

စက်တင်ဘာ ၂၂၊ Migrant Times။ ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဂိုဒေါင်တစ်ခုတွင် အွန်းလိုင်းမှတစ်ဆင့် ရောင်းချနေသည့် တရားမဝင် ဆီလီကွန် ခွဲစိတ် အစားထိုး ပစ္စည်း ၁၄,ဝဝဝ ကျော်ကို ရဲများက ဝင်ရောက်သိမ်းဆည်းခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့တွင် စားသုံးသူ အကာအကွယ်ပေးရေး ရဲတပ်ဖွဲ့နှင့် FDA အရာရှိများသည် ယင်းဂိုဒေါင်ကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆီလီကွန်နှာခေါင်း စိုက်သွင်းသည့်ပစ္စည်း ၁၃,၀၂၁ ခု၊ မေးစေ့ အစားထိုးသည့်ပစ္စည်း ၁,၄၀၄ ခုနှင့် ဆေးဝါးအမျိုးအစား ၁၅ ခုတို့ကို တွေ့ရှိခဲ့ကြောင်း သိရသည်။ အလှကုန်ခွဲစိတ်မှုတွင်အသုံးပြုသည့် ဆေးဘက်ဆိုင်ရာပစ္စည်းများကို အွန်လိုင်းတွင်တရားမ၀င်ရောင်းချနေကြောင်း အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ တိုင်ကြားမှုကြောင့် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးဗျူရို

Read More
သတင်း

ဘန်ကောက် EMPM ကျောင်းသားဟောင်း တွေ့ဆုံပွဲတွင် မြန်မာလူငယ်များတက်ရောက်

စက်တင်ဘာ ၂၂ ၊ Migrant Times။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ (စက်တင်ဘာ ၂၂ရက်) စတင်ကျင်းပသည့် The European Union Mobility Programme for Myanmar (EMPM) ကျောင်းသားဟောင်းတွေ့ဆုံပွဲတွင် မြန်မာကျောင်းသား ကျောင်းသူများတက်ရောက်ခဲ့ကြသည်။ EMPM ကျောင်းသားဟောင်းတွေ့ဆုံပွဲကို King Mongkut’s University of Technology Thonburi(KMUTT) တွင်ကျင်းနေပြီး ပညာသင်ဆုရခဲ့သည့် ‌‌ မြန်မာကျောင်းသား ၆ဝခန့်က လူကိုယ်တိုင် တက်ရောက်ခဲ့ကြပြီး အခြားကျောင်းသား ၂ဝခန့်က အွန်လိုင်းက တစ်ဆင့်တက်ရောက်ခဲ့ကြကြောင်းသိရသည်။ “အခုပွဲကတော့ ကျောင်းသားတွေအနေနဲ့ ဘာဆက်လုပ်မယ်၊ ဘာတွေကြုံတွေ့ခဲ့ရတယ်ပြောကြတယ်၊ ပြီးရင် ရှေ့ဆက်လျှောက်မဲ့ ပညာရေးနဲ့ ပတ်သက်ပြီး ပါမောက္ခတွေနဲ့ ဆွေးနွေးရတယ်” ဟု ထိုင်းတောင်ပိုင်းမှ တက်ရောက်လာသည့် EMPM

Read More
သတင်း

ချင်းမိုင်းတွင် ဓားခုတ်မှုကျုလွန်သည့် ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိ

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် လူငယ် ဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်အိုက်တော့ပ်ကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်း ချင်းမိုင်းသတင်းကဖော်ပြသည်။ မြန်မာနိုင်ငံသား လူငယ်များပါဝင်သည့် ဆိုင်ကယ်စီးသူများသည် ချင်းမိုင်မြို့ ဆန်ကမ်ဖိုင်ရပ်ကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့ည၌ အသက် ၁၄ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အမျိုးသားနှစ်ဦးအား ဓားဖြင့်လိုက်လံခုတ်ခဲ့ကြောင်း ထိုင်းသတင်းများကဖော်ပြခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့က စက်တင်ဘာ ၁၉ ရက်နေ့တွင် ချင်းမိုင်မြို့၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပြီး ဓားခုတ်မှုကျုးလွန်ခဲ့သူစိုင်းအိုက်မောင် (ခေါ်) အမ်နှင့် မြန်မာနိုင်ငံသား လူငယ် ၁၄ ဦးကိုဖမ်းမိခဲ့ကြောင်း၊ အိုက်မောင်နှင့်အတူ ဓားခုတ်မှုကျူးလွန်ခဲ့သော အိုက်တော့ပ် မှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့နောက် ထွက်ပြေးလွတ်မြောက်နေသော အိုက်တော့ပ်အား

Read More
သတင်း

ရာဂါဆာ မုန်တိုင်းကြောင့် ထိုင်းနှင့်မြန်မာတွင် မိုးသည်းထန်နိုင်

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော “ရာဂါဆာ” (RAGASA)တိုင်ဖွန်းမုန်တိုင်းအရှိန်ကြောင့် မုတ်သုန်လေအားကောင်းကာ ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတွင် မိုးသည်းထန်နိုင်ကြောင်း မိုးလေဝသဌာနများကထုတ်ပြန်ထားသည်။ “ရာဂါဆာ” (RAGASA) မုန်တိုင်းသည် ယနေ့ (စက်တင်ဘာလ ၂၂ ရက်) တောင်တရုတ်ပင်လယ်သို့ ဝင်ရောက်လာပြီး စက်တင်ဘာလ ၂၅-၂၆ ရက်ကြားတွင် ဗီယက်နမ်နိုင်ငံအထက်ပိုင်း ကုန်းတွင်းသို့ ဝင်ရောက်ကာ အားပျော့သွားမည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းသည် ၎င်းရက်များအတွင်း ထိုင်းနိုင်ငံကို ဖုံးအုပ်ထားသော မုတ်သုန်လေကို ပိုမိုအားကောင်းစေမည်ဖြစ်ကြောင်း ထိုင်းမိုးလေဝသဌာနကထုတ်ပြန်သည်။ မုတ်သုန်လေအားကောင်းခြင်းကြောင့် ထိုင်းပြည်နယ် ၄၅ ခုနှင့် ဘန်ကောက်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ၂၄ နာရီအတွင်း ထိုင်းနိုင်ငံအထက်ပိုင်း၊ မယ်ဟောင်ဆောင် ၊ တာ့ခ် ၊ ဘူအန်ကန် ၊ အမ်နတ်ချာရွန်

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ပထုံဌာနီပြည်နယ် ၊ဆန်တီဆွတ်လမ်းဆုံအနီး ပထုံဌာနီ-ရန်ဆစ်လမ်းမတွင် ယနေ့(စက်တင်ဘာ ၂၂) နံနက် ၅ နာရီခွဲခန့်၌ မြန်မာအလုပ်သမားများလိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး ၂ ဦးသေဆုံး ခဲ့ကြောင်းထိုင်းသတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ မြန်မာ ရွှေ့ပြောင်းအလုပ်သမားများတင်ဆောင်လာသော ကားတစ်စီးသည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းကွန်ကရစ်တုံးပေါ်သို့ တက်ရောက်ပြီး တိမ်းမှောက်မှုကြောင့်၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့သည်။ အခင်းဖြစ်ပွားရာနေရာတွင် ကားအတွင်း၌ ဒဏ်ရာရရှိသူ ၉ ဦးရှိကြောင်း ၊ ၎င်းတို့အနက် ၇ ဦးမှာ အမျိုးသားများဖြစ်ပြီး ၂ ဦးမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ယာဉ်မောင်းနေရာတွင် အမျိုးသားတစ်ဦးနှင့် ရှေ့ခန်းထိုင်ခုံတွင် အမျိုးသမီးတစ်ဦးတို့သည် ကားအတွင်း ပိတ်မိနေကြပြီး ကယ်ဆယ်ရေးသမားများက ဖြတ်တောက်ကိရိယာများကို

Read More
သတင်း

ထိုင်းမှာ ATM စက်ခိုးယူမှုဖြင့် ဒတ်ခ်ျလူမျိုးတစ်ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂၂ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ ခွန်ကဲန်ပြည်နယ် ၊ ခွန်ကဲန်မြို့တွင် ATM ငွေထုတ်စက်တစ်လုံး ခိုးယူမှုနှင့်ပတ်သက်ပြီး နယ်သာလန်နိုင်ငံသား ဒတ်ခ်ျလူမျိုးတစ်ဦးအား စက်တင်ဘာလ ၂၁ ရက်နေ့ နံနက်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ရဲတပ်ဖွဲ့အဆိုအရ ဆိုက်ဆီဟုအမည်ရသည့် ဒတ်ခ်ျလူမျိုးသည် ဘဏ်တစ်ခု၏ ATM စက်အား သံကြိုးများဖြင့် ပတ်ကာ ပစ်ကပ်ကားနှင့်မီတာ ၂၀ (၆၅ ပေ)ခန့်အထိ ဆွဲယူလာခဲ့ပြီး ဗန်ထုမ်ရပ်ကွက်၊ မာလီဝမ်လမ်း၌ ပုန်းအောင်းနေချိန်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။ ဒတ်ခ်ျလူမျိုးသည် ထိုင်းနိုင်ငံတွင် ၆ နှစ်ကြာ နေထိုင်ခဲ့ပြီးသူ၏ အသက် ၃၇ နှစ်အရွယ် ထိုင်းအမျိုးသမီးအား ဘတ်ငွေ ၁ဝ သန်းပေးခဲ့ကာ စားသောက်ဆိုင်ဖွင့်လှစ်ခဲ့ကြောင်း၊ ATM စက်ခိုးမှုမဖြစ်ခင်တွင်

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်စစ်ဆေးရေးဂိတ်တွင် ကားတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာ ၃ ဦး ဖမ်းဆီးခံရ

စက်တင်ဘာ ၂၁ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်-တာ့ခ်လမ်းပေါ်ရှိ (Huai Yau) လုံခြုံရေးစစ်ဆေးရေးဂိတ်တွင် ယနေ့စက်တင်ဘာလ ၂ဝ ရက်နေ့ နံနက်တွင် မြန်မာနိုင်ငံသား (၃) ဦးအား တရားမဝင်ဝင်ရောက်မှုဖြင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးမိခဲ့ကြောင်း မဲဆောက်ဒေသတွင်း သတင်းမှသိရသည်။ ထိုစစ်ဆေးရေးဂိတ်တွင် အညိုရောင် Toyota Camry ကားတစ်စီးသည် မဲဆောက်ခရိုင်မှ တာ့ခ်ခရိုင်ဘက်သို့ မောင်းနှင်လာစဉ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့မှ စစ်ဆေးခဲ့ရာ ကားနောက်ခုံ လျှို့ဝှက်အကန့်အတွင်း ပုန်းအောင်းလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၃ ဦး ကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသား ၃ ဦးသည် နိုင်ငံကူးလက်မှတ်နှင့် မည်သည့်အထောက်အထားမှ ပြသနိုင်ခြင်းမရှိသည့်အတွက် ယာဉ်မောင်းနှင့်အတူ ဥပဒေအရ အရေးယူရန် တာ့ခ်ခရိုင် ဖဝေါမြို့မရဲစခန်းသို့ လွှဲပြောင်း

Read More
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် ဆိုင်ကယ်များဖြင့် တရားမဝင်လာသည့် မြန်မာ ၂ဝ ဦး အဖမ်းခံရ

စက်တင်ဘာ ၁၉ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်တွင် ဆိုင်ကယ် ၄ စီးဖြင့်တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၀ ဦးကို စက်တင်ဘာလ ၁၈ ရက်ညတွင် နယ်စပ်တပ်ဖွဲ့များကဖမ်းဆီးခဲ့သည်။ မဲဆောက်မြို့နယ်၊ ဘန်ဝမ်ကဲရွာအနီးရှိ မြစ်တစ်လျှောက် ရာ့ချ်မာနူ အထူးတပ်ဖွဲ့က ကင်းလှည့်စဉ်အတွင်း မြန်မာနိုင်ငံသား ၂၀ ဦး (အမျိုးသား ၈ ဦး၊ အမျိုးသမီး ၉ ဦးနဲ့ ကလေး ၃ ဦး) အား မော်တော်ဆိုင်ကယ် ၄ စီးဖြင့်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နရဲစွမ် အထူးတပ်ဖွဲ့(Naresuan Task Force) ကယနေ့ ထုတ်ပြန်သည်။ မြန်မာနိုင်ငံသား ၂၀ ဦး သည် တရားဝင်ခွင့်ပြုချက် စာရွက်စာတမ်း မပါရှိဘဲ

Read More
သတင်း

ချင်းမိုင်တွင် ဓားခုတ်မှုကျုးလွန်ခဲ့သည့် မြန်မာလူငယ် ၁၅ ဦးပါဂိုဏ်းကိုဖမ်းမိ

စက်တင်ဘာ ၁၉ ၊ Migrant Times ။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့တွင် စက်တင်ဘာလ ၁၆ ရက်နေ့ညက ဓားခုတ်မှုကျုးလွန်ခဲ့သည့် မြန်မာလူငယ် ၁၅ ဦးပါသည့် ဆိုင်ကယ်ဂိုဏ်းကို ရဲတပ်ဖွဲ့က ဖမ်းမိခဲ့ပြီး ဦးဆောင်ကျုးလွန်သူကိုပြစ်ဒဏ်များချကာ ပြည်နှင်ဒဏ်ပေးမည်ဟု ရဲတပ်ဖွဲ့က ယနေ့(စက်တင်ဘာ ၁၉)ချင်းမိုင်မြို့၌ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားကြောင်း ထိုင်း MGR သတင်းဌာနကဖော်ပြသည်။ ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ပရာချွတ် ဦးဆောင်ကျင်းပသည့်သတင်းစာရှင်းလင်းပွဲ၌ ဓားခုတ်မှုဦးဆောင် ကျုးလွန်ခဲ့သူ အသက် ၂၅ နှစ်အရွယ် စိုင်းအိုက်မောင် (ခေါ်) အမ် နှင့် အသက် ၁၄ နှစ်မှ ၃၁ နှစ်ကြားရှိ မြန်မာလူငယ် ၁၄ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာအလုပ်သမားတစ်ဦး ကားကြားညှပ်မိပြီး လျော်ကြေးမရ

စက်တင်ဘာ ၁၉၊ Migrant Times ။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားတစ်ဦးသည် နောက်ပြန်ဆုတ်သည့်ကားကြောင့် ကားနှစ်စီးကြားညှပ်မိပြီး ဆေးရုံတင်ထားရသော်လည်း လျော်ကြေးမရသေးကြောင်း ကူညီပေးနေသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ အယုဒ္ဓယမြို့ ၊ဘန်ဖားရပ်ကွက်ရှိ အိမ်ဆောက်ပစ္စည်းဆိုင်၌ အလုပ်လုပ်နေသော ပန်းရောင်ကဒ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမား ကိုချစ်တိုးအောင်သည် သြဂုတ် ၂၅ ရက်နေ့ ၊ ညနေတွင် ကားတစ်စီးရှေ့တွင်ရပ်နေစဉ် သူ၏အလုပ်ရှင် မောင်းလာသည့်ကားမှ နောက်ဘက်ကိုဆုတ်လာပြီးတိုက်မိကာ ကားကြားညှပ်မိခဲ့ခြင်းကြောင်း သိရသည်။ ကားကြားညှပ်မိပြီးနောက် ဘန်ဖိဆေးရုံသို့ပို့ဆောင်ခဲ့ပြီး လူနာ၏ဒဏ်ရာများကြောင့် အယုဒ္ဓယဆေးရုံသို့ ထပ်မံပို့ဆောင်ရကာ ယင်းညတွင် ခွဲစိတ်ခန်းဝင်ခဲ့ရကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ ကိုချစ်တိုးအောင်သည် ဘယ်ဘက် လက်ကောက်ဝတ် အက်ခြင်း၊ ဝမ်းဗိုက်တွင်း အူတစ်ချောင်းပြန်ဆက်ရခြင်း၊

Read More