“ အမှောင်ခေတ်ထဲက ကျွန်တော့်ရွာကလေး”
ညီညီ ရွာမှာတော့ စစ်တပ်ရဲ့ မတရားအုပ်ချုပ်မှု အောက်မရှိတော့ပေမယ့် တခါ တခါ စစ်ကြာင်း ထိုးပါတယ်။ ရွာကို ပြန်ရောက်တော့ မှောင်စပြုနေပါပြီ။ ညဘက် အလည်မထွက်တော့ဘဲ အမေတို့ အဖေတို့နဲ့ စကား ပြောပြီး ည စောစောအိပ်ရာဝင်လိုက်ပါတော့တယ်။ အမေ့အိမ်ရောက်တော့ ဘာမှ ပူပင်စရာမရှိလို့ လား မသိ ခေါင်းပြားအောင် အိပ်ရပါတယ်။ မနက်မိုးလင်းတော့ ထုံးစံအတိုင်း ထမင်းဆီဆမ်းနဲ့ အကြော်ကို ရေနွေးကြမ်းနဲ့ ဆွဲပြီး လူက ရွာထဲကို ထွက် ဖို့ ဖင်တကြွကြွဖြစ်နေပါပြီ။ ညက မိုး ရွာထားတော့ ယာတောထဲ ဘယ်သူမှ ဆင်းမှာ မဟုတ်ကြဘူး။ ရွာထဲ လူစုံရှိမယ့် သဘောပါ။ ထမင်းစားပြီး လို့ မီးဖိုဆောင်ဘက် သေချာ ကြည့်မိမှ မီးဖိုဆောင်က မီးရှို့ခံထားရတာပဲ။
