September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

စီးပွားရေး

စီးပွားရေး အလုပ်သမား သတင်း

ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား

ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေမှာ လျှပ်စစ်တစ်ယူနစ် ၄၀၀-၅၀၀ကျပ်​​ပေး​ဆောင်​ပြီးအချိန်ပြည့်မီးရရှိရေးတင်ပြထား ဇွန် ၈ ရက် အရုဏ်ဦး၊ Migrant Times ရန်ကုန်မြို့က စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လျှပ်စစ်မီးအချိန်ပြည့်ရမယ်ဆိုရင် တစ်ယူနစ်ကို ၄၀၀-၅၀၀ ကျပ်ပေးဆောင်မယ်ဆိုပြီး သက်ဆိုင်ရာဌာနဆီစုပေါင်းအဆိုပြုထားတယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းထံကသိရပါတယ်။ရန်ကုန်မြို့က စက်မှုဇုန်တွေမှာ တစ်ရက်ကို လျှပ်စစ်မီးနာရီပိုင်းလောက်သာရရှိနေပြီး မီးပျက်ချိန်မှာမီးစက်နဲ့လုပ်ငန်းလည်ပတ်နေရတာကြောင့် ကုန်ကျစရိတ်ပိုများနေတဲ့အတွက် လျှပ်စစ်သုံးစွဲခပိုပေးပြီးမီးမှန်မှန်ရရှိရေးကြိုးစားနေတာဖြစ်ပါတယ်။”ပြီးခဲ့တဲ့ရက်ပိုင်းကမှ စက်မှုဇုန်ကော်မတီကတစ်ဆင့် အဆိုပြုချက်တွေတင်လိုက်တာ။ရလဒ်ကတော့ဘယ်လိုဖြစ်လာမယ်မပြောတတ်သေးဘူး”လို့ ရွှေပြည်သာမြို့နယ်ကအထည်ချုပ်လုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။ လက်ရှိမှာ စက်ရုံ၊အလုပ်ရုံတွေအနေနဲ့ လုပ်ငန်းသုံးအဖြစ် လျှပ်စစ်တစ်ယူနစ်ကို အမြင့်ဆုံး ၁၇၅ကျပ်ပေးဆောင်နေရတာကနေ အဆိုပြုချက်အောင်မြင်မယ်ဆိုရင် နောက်ထပ် ၃၀၀ ကျပ်ကျော်ထပ်တိုးပေးဆောင်ကြရမှာဖြစ်ပါတယ်။ဒီလိုအဆိုပြုတင်ပြဖို့အတွက်ကို မေလအတွင်းလုပ်ငန်းရှင်တွေစုပေါင်းဆွေးနွေးခဲ့ကြပြီး အခုမှအဆိုပြုလိုက်ကြတာလို့ ဆိုပါတယ်။အဲဒီလို လျှပ်စစ်ဓါတ်အားတိုး​မြှင့်ပေးဆောင်လိုက်လို့ စက်ရုံလုပ်ငန်းတွေမီးအချိန်ပြည့်ရမယ်ဆိုရင်လုပ်ငန်းတွေပိုပြီးလည်ပတ်လို့ကောင်းလာမယ်ဆိုပြီးတော့လည်း လုပ်ငန်းရှင်တွေကသုံးသပ်ထားပါတယ်။ဒါပေမဲ့ အခြေခံစားသောက်ကုန်ထုတ်လုပ်ငန်းတွေအနေနဲ့ ပိုပြီးကုန်ကျလာမယ့်လျှပ်စစ်သုံးစွဲခကုန်ကျငွေကို ထုတ်ကုန်တွေဆီထည့်လိုက်မယ်ဆိုရင် ကုန်စျေးနှုန်းတွေထပ်ပြီးမြင့်တက်လာနိုင်တယ်ဆိုပြီးစားသုံးသူတွေက ပြောပါတယ်။

Read More
စီးပွားရေး အလုပ်သမား သတင်း

ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော

ရွှေ့ပြောင်းအလုပ်သမားပြဿနာ အရှိန်မြှင့်ဆောင်ရွက်ပေးသည့်အဖွဲ့အားလုံးကို ကျေးဇူးတင်ကြောင်း ထိုင်းကုန်သည်ကြီးများအသင်း ပြော ဇွန် ၂ ရက် ခွန်သောမတ်၊ Migrant Times လက်ရှိတွင် ထိုင်းနိုင်ငံသည် အရေအတွက်နှင့် အရည်အသွေး နှစ်မျိုးလုံးတွင် ပြင်းထန်သော ဖွဲ့စည်းပုံဆိုင်ရာ အလုပ်သမားရှားပါးမှု ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း ထိုင်းကုန်သည်ကြီးများ အသင်း ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမားနှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Poj Aramwattananont က ပြောကြားသည်။ထိုင်းနိုင်ငံ၏ စီးပွားရေး ပြန်လည်ရှင်သန်အားကောင်းလာစေရန် နှင့် စီးပွားရေးကို မောင်းနှင်ရာတွင် နောက်ပြန်ဆုတ်မှု မဖြစ်စေရန် အဆင့်တိုင်းတွင် အရေးကြီးသော ထုတ်လုပ်မှုနှင့် လူသားအရင်းအနှီးအပေါ် မှီခိုနေရကြောင်း ၎င်းက ဆိုသည်။ အထူးသဖြင့် ခရီးသွားလုပ်ငန်းနှင့် ဝန်ဆောင်မှုကဏ္ဍများ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍများ။ စားနပ်ရိက္ခာ ပြုပြင်ထုတ်လုပ်သည့် လုပ်ငန်းနှင့်

Read More
စီးပွားရေး အလုပ်သမား သတင်း

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက်

သုံးနှစ်အတွင်း အလုပ်လက်မဲ့ဦးရေဆက်တိုက်မြင့်တက် မေ ၃၀ ရက် အရုဏ်ဦး၊ Migrant Times ပြည်တွင်းအလုပ်လက်မဲ့ဦးရေဟာဆက်တိုက်မြင့်တက်နေတယ်လို့ ၂၀၂၀- ၂၀၂၃ လုပ်သားအင်အားစစ်တမ်းအစီရင်ခံစာမှာဖော်ပြထား​ပါတယ်။ပြီးခဲ့တဲ့နှစ်က ပြန်လည်ကောက်ယူခဲ့ပြီး ဒီနှစ်မေလကုန်မှာထုတ်ပြန်လိုက်တဲ့ လုပ်သားအင်အားစစ်တမ်းမှာ အလုပ်လက်မဲ့ဦးရေတိုးလာတဲ့အကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။နိုင်ငံတဝန်းကောက်ယူခဲ့တဲ့ အဲဒီစစ်တမ်းအရ ၂၀၂၀ ပြည့်နှစ်မှာ အလုပ်လုပ်နိုင်သူဦးရေရဲ့ ၀ ဒသမ ၁၇ ရာခိုင်နှုန်းဟာအလုပ်လက်မဲ့​ဖြစ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ၁ ဒသမ ၃၃ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်မှာ ၂ ဒသမ ၅၃ ရာခိုင်နှုန်းနဲ့ ၂၀၂၃ ခုနှစ်မှာ ၃ ဒသမ ၆၉ ရာခိုင်နှုန်းအထိရှိလာတာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း အလုပ်လက်မဲ့နှုန်းဟာ နှစ်အလိုက် နှစ်ဆ နီးပါးစီ မြင့်တက်လာတာဖြစ်တယ်လို့ အစီရင်ခံစာအရ သိရပါတယ်။အခုလို အလုပ်လက်မဲ့နှုန်းတိုးလာတာဟာ ကိုဗစ်ကပ်ရောဂါကြောင့်

Read More
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်

ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်လျှင် ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ် ဧပြီ ၂၈ ရက်၊ Migrant Times ထိုင်းအလုပ်သမားတွေရဲ့ အိမ်ထောင်စုကြွေးမြီဟာ တစ်အိမ်ထောင်ကို ဘတ် ၂၇၀,၀၀၀ ရှိပြီး ၁၃ နှစ်အတွင်း အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ဧပြီလက ဘတ် ၁၅,၀၀၀ အောက် ဝင်ငွေရှိသူ ထိုင်းအလုပ်သမားလ၁,၃၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာလို့ ထိုင်းကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ၊စီးပွားရေးနှင့် စီးပွားရေးခန့်မှန်းချက်ဆိုင်ရာ အကြံပေးဌာန ဥက္ကဋ္ဌ၊ ထိုင်းကုန်သည်ကြီးများအသင်း တက္ကသိုလ် ပါမောက္ခ မစ္စတာ သနဝပ် ဖွန်ဝီချိုင်းက ဆိုပါတယ်။လူနေမှုစရိတ်များ မြင့်မားလာခြင်း၊ မီတာခ၊ စားသောက်စရိတ်များ စျေးကြီးလာသဖြင့် အနိမ့်ဆုံးလုပ်ခလစာ တိုးမြှင့်ရေး မူဝါဒကို ချမှတ်ဖို့ နိုင်ငံရေးပါတီတွေကိုလည်း တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းအလုပ်သမားတို့ရဲ့ကြွေးမြီအခြေအနေကို လေ့လာကြည့်တဲ့အခါ

Read More
စီးပွားရေး အလုပ်သမား သတင်း

အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင်

အထွေထွေကုန်ကျစရိတ် ကြီးပြီး လုပ်အားခနည်းလို့ စက်ရုံလုပ်သားအများစု မိသားစုထံ လစဥ် ငွေပြန်မပို့နိုင် ဧပြီ ၂၈ ရက်၊ Migrant Times အထွေထွေကုန်ကျစရိတ် ကြီးမြင့်လာပြီး လုပ်ခလစာ တိုးမလာတဲ့အတွက် နယ်ကနေ ရန်ကုန်မှာ လာရောက်လုပ်ကိုင်နေကြတဲ့ စက်ရုံအလုပ်သမားအများစုဟာ မိသားစုဆီ လစဥ် ငွေပြန်မပို့နိုင်တဲ့အခြေအနေအထိရောက်ရှိနေတယ်လို့ လုပ်သားတွေထံက သိရပါတယ်။အလုပ်သမားတွေရဲ့ လုပ်ခဟာ ဆယ်စုနှစ်တစ်ဝက်ကျော်ကြာသည်အထိ ပြောင်းလဲလာခြင်းမရှိသော်လည်း အဆောင်ခအပါအဝင် ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် တစ်ကိုယ်ရေစာအတွက်ပင် လောက်ငအောင်ရုန်းကန်နေကြရတယ်လို့ သူတို့က ဆိုပါတယ်။”အရင်က တစ်လကို နှစ်သိန်းရရင် အိမ်ကို တစ်သိန်းလောက်ပြန်ပို့နိုင်တယ်။ အခုက နှစ်လတစ်ခါ၊သုံးလတစ်ခါမှပဲ ငွေစုပြီး ပို့ပေးရတဲ့အခြေအနေ ဖြစ်နေတယ်” လို့ ရွှေပြည်သာမြို့နယ်က အထည်ချုပ်စက်ရုံလုပ်သားတစ်ဦးက ပြောပါတယ်။ အဲဒီလို မိသားစုဆီ ငွေပုံမှန်ပို့နိုင်ဖို့အတွက် အလုပ်သမားတော်တော်များများ အခက်တွေ့နေကြရတာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)မှတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။”အလုပ်သမားတွေက

Read More
စီးပွားရေး အလုပ်သမား သတင်း

ထိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတာကြောင့် အလုပ်သမား သုံးသိန်းကျော် လိုအပ်နေ

ထိုင်းမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းလာတာကြောင့် အလုပ်သမား သုံးသိန်းကျော် လိုအပ်နေ ဧပြီ ၁၇ ရက်၊ Migrant Times ထိုင်းနိုင်ငံမှာ ခရီးသွားလုပ်ငန်း ပြန်ကောင်းမွန်လာတာနဲ့အတူ အလုပ်သမားလိုအပ်ချက်လည်း မြင့်တက်လာတယ်လို့ သိရပါတယ်။ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာပြီးနောက် ထိုင်းနိုင်ငံမှာ လုပ်သား ၃၀၀,၀၀၀ ကျော် လစ်လပ်နေသေးတယ်လို့ ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI)က ထုတ်ဖော်ပြောကြားခဲ့တာပါ။ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် (FTI) ဒုတိယဥက္ကဌ Mr. Suchat Chantaranakharat က အခုနှစ်မှာ ဆက်လက်တိုးတက်နေတဲ့ ထိုင်းစီးပွားရေး အလားအလာဟာ ခရီးသွားလုပ်ငန်းကဏ္ဍ တဖြည်းဖြည်း ပြန်ကောင်းမွန်လာခြင်းကြောင့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းပြန်ကောင်းမွန်လာတာကြောင့်ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှု၊ စက်မှုလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားလိုအပ်ချက် တိုးမြင့်လာနေပြီး MOU နဲ့ နိုင်ငံခြားအလုပ်သမား တင်သွင်းရာမှာ ကြန့်ကြာနေမှုကို အမြန်ဆုံးဖြေရှင်းဖို့ FTI က အကြံပြုထားပါတယ်။ဒါ့အပြင်

Read More
စီးပွားရေး

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့်ဆိုပြီး Pepsiအချိုရည်ကို သပိတ်မှောက်ဖို့စီစဥ်နေ

အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကြောင့်ဆိုပြီး Pepsiအချိုရည်ကို သပိတ်မှောက်ဖို့စီစဥ်နေ ဧပြီ ၅ ရက်၊ Migrant Times မှော်ဘီမြို့နယ်မှာဖွင့်လှစ်ထားတဲ့ Pepsiအချိုရည်စက်ရုံအနေနဲ့အလုပ်သမားအခွင့်အရေးချိုးဖောက်တာရှိနေလို့ဆိုပြီး အဲဒီအချိုရည်ထုတ်ကုန်တွေကို သပိတ်မှောက်တဲ့စားသုံးသူကမ်ပိန်းပြုလုပ်ဖို့ရှိတယ်လို့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ်(STUM)ထံကသိရပါတယ်။Pepsiအချိုရည်စက်ရုံက လုပ်သက်ရင့်လုပ်သားတစ်ဦးကို ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်လိုက်တာနဲ့ပတ်သက်လို့ အငြင်းပွားမှုရှိနေပြီး သက်ဆိုင်ရာ ကလည်း မှန်ကန်ထိရောက်အောင်တာဝန်ယူဖြေရှင်းပေးမူမရှိဘဲ အငြင်းပွားမှုကာလကြာရှည်နေတာလို့ဆိုပါတယ်။ “အလုပ်သမားအတွက်အချိန်အကြာကြီးရင်ဆိုင်ဖြေရှင်းနေရပေမယ့် လိုချင်တဲ့အဖြေထွက်မလာဘူး။ပြေလည်မှုလည်းမရတဲ့အတွက် Pepsiအချိုရည်ကို Boycott လုပ်ဖို့ပြင်ဆင်နေတာ”လို့ STUMမှတာဝန်ရှိသူကပြောပါတယ်။အလုပ်သမားဖြစ်သူဦးသောင်းဟန်မှာ ပြီးခဲ့တဲ့နှစ်အောက်တိုဘာလကုန်ကတည်းက အလုပ်ထုတ်ခံရတာဖြစ်ပါတယ်။အဲဒီလိုအလုပ်ထုတ်တဲ့အပေါ်မကျေနပ်လို့ ဥပဒေအတိုင်း အဆင့်ဆင့်ညှိနိူင်းခဲ့ပေမယ့် အခုအချိန်အထိပြေလည်မှုမရသေးဘဲ နောက်ဆုံးမှသာအလုပ်သမားရုံးက စက်ရုံကိုတရားစွဲဆိုခွင့်စာထုတ်ပေးခဲ့တယ်လို့သိရပါတယ်။ အဲဒီအတွက် အလုပ်သမားက ဥပဒေကြောင်းအရ စက်ရုံကိုတရားစွဲဆိုသွားမှာဖြစ်သလို တစ်ဘက်ကနေလည်း နိုင်ငံတကာစားသုံးသူများကြားအထိ ရောက်ရှိစေမယ့် ကမ်ပိန်းပြုလုပ်မှာလို့ STUMကဆိုပါတယ်။အဲဒီလို အလုပ်သမားအငြင်းပွားမှုဖြစ်စဥ်နဲ့ပတ်သက်လို့ Pepsiအချိုရည်စက်ရုံဘက်ကို ဆက်သွယ်​မေး​မြန်းပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

Read More
စီးပွားရေး

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ

ထိုင်းတွေကို အလုပ်လက်မဲ့ဖြစ်စေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားစွဲခံရ ဧပြီ ၃ရက်၊ Migrant Times ထိုင်းအလုပ်သမားဝန်ကြီးဌာနဟာ အမှုပေါင်း ၂၀၀,၀၀၀ ကျော်ကို စစ်ဆေးခဲ့ရာ တရားစွဲဆိုခံရသူ ၁၅၅၀ ကိုတွေ့ရှိခဲ့ပြီးအဲဒီထဲက ၈၈၃ ဦးဟာ ထိုင်းအသက်မွေးဝမ်းကြောင်းအလုပ်နေရာတွေကို လုယူသူတွေဖြစ်တယ်လို့ သိရပါတယ်။အလုပ်သမားဝန်ကြီးဌာနက ကြိုတင်အကြောင်းကြားမှုမရှိဘဲ နိုင်ငံတဝန်း ကျပန်းသွားရောက်အရေးယူလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရှောင်တခင်စစ်ဆေးမှု ၁၈,၉၆၆ အနက် ၆၈၅ မှုကို တရားစွဲဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နိုင်ငံခြားသား ၂၄၀,၉၁၈ ကို စစ်ဆေးခဲ့ရာ ၁၅၅၀ ကို တရားစွဲဆိုခဲ့ပြီး ၈၈၃ ဦးဟာ ထိုင်းနိုင်ငံသားတွေရဲ့ အလုပ်တွေကို လုယူသူတွေဖြစ်တယ်လိို့ သိရပါတယ်။ ထိုင်းလုပ်ငန်းရှင်တွေရဲ့ ၀င်ငွေ ထိခိုက်စေတဲ့ ထင်ရှားသော ခရီးသွား အချက်အချာကျ နေရာများနဲ့ စီးပွားရေးနေရာများမှာ ကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေတဲ့

Read More
စီးပွားရေး အလုပ်သမား သတင်း

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ်

ဂျပန်က မြန်မာလုပ်သား ၉၀၀ နီးပါးထပ်ခေါ်မယ် မတ် ၃၁ ရက်၊ Migrant Times ဂျပန်နိုင်ငံက မြန်မာလုပ်သား ၉၀၀ နီးပါးကို ထပ်ပြီးခေါ်ယူဖို့ကမ်းလှမ်းထားတယ်လို့ တိုကျိုမြို့မှာရှိတဲ့ မြန်မာသံရုံးက ထုတ်ပြန်ပါတယ်။မြန်မာအလုပ်သမားတွေခေါ်ယူဖို့ ဂျပန်နိုင်ငံရှိ စက်ရုံ၊ ကုမ္ပဏီတွေက ကမ်းလှမ်းလာတဲ့အလုပ်ခေါ်စာ ၂၈၄ခုကို မတ်လ ၁၆ကနေ ၃၁ရက်အထိစိစစ်ပြီးတဲ့နောက် စာရင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။အဲဒီလို စီစစ်ပြီး အလုပ်ခေါ်စာအရ ခေါ်ယူလိုတဲ့ မြန်မာလုပ်သားဦးရေ ၈၅၅ဦးရှိတယ်လို့လည်း ထုတ်ပြန်ချက်စာရင်းတွေအရ သိရပါတယ်။ ခေါ်ယူမူအများ​ဆုံးအလုပ်တွေက စားသောက်ကုန်ဝန်ဆောင်မူ၊ စိုက်ပျိုးရေးနဲ့ သက်ကြီးရွယ်အိုစောင့် ရှောက်ရေးဂေဟာ လုပ်သားတွေဖြစ်တယ်လို့ ဂျပန်ကိုအလုပ်သမားစေလွှတ်နေတဲ့ အေဂျင်စီတချို့ထံက သိရပါတယ်။”ခေါ်တာတော့စုံတယ်။ သင်တန်းသားလုပ်သားတွေရော၊ ကျွမ်းကျင်တွေရောပဲ။ကျွမ်းကျင်လုပ်သားခေါ်တာတွေတော့ပိုများလာတယ်”လို့ အေဂျင်စီလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ ဂျပန်နိုင်ငံက ကိုဗစ်အလွန် ပြီးခဲ့တဲ့နှစ်မတ်လလောက်ကစပြီး မြန်မာလုပ်သားတွေကိုဆက်တိုက်ခေါ်ယူလာတာ ဖြစ်ပါတယ်။အဲဒီလို မြန်မာလုပ်သားပြန်လည်ခေါ်ယူတဲ့ ၁နှစ်အတွင်း ဂျပန်နိုင်ငံကိုသွားရောက်လုပ်ကိုင်တဲ့မြန်မာလုပ်သားဦးရေ ၁၅,၀၀၀

Read More
စီးပွားရေး

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်

Uniqlo ထုတ်လုပ်တဲ့ဂျပန်ကုမ္ပဏီ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ် မတ် ၃၀ရက်၊ Migrant Times ဂျပန်နိုင်ငံရဲ့ Fast Retailing နဲ့ ယူကေရဲ့နာမည်ကြီး Marks & Spencer ကဲ့သို့သော နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီတွေဟာ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ စိုးရိမ်ပူပန်မှုတွေအပြင် ထုတ်လုပ်မှုအခက်အခဲတွေကြောင့် မြန်မာနိုင်ငံရှိ သူတိို့ရဲ့ အပ်ထည်အထည်ချုပ်လုပ်ငန်းတွေကို အဆုံးသတ်တော့မှာဖြစ်ပါတယ်။၂၀၂၁ ဖေဖော်ဝါရီမှာ မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် နိိုင်ငံခြားကုမ္ပဏီတွေ အစုလိိုက်အပြုံလိုက် ထွက်ခွာမှုဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် စစ်တပ်နဲ့ ဆက်စပ်နေတဲ့ ပြည်တွင်းမိတ်ဖက်လုပ်ငန်းတွေမှာ လက်တွဲဖြုတ် စွန့်ခွာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ဆန္ဒပြသူတွေကို ဖြိိုခွင်းပြီး စစ်တပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်စွပ်စွဲခံနေရပါတယ်။ အဝတ်အထည်အမှတ်တံဆိပ်တွေဟာ ခြွင်းချက်တစ်ခုအဖြစ်ရှိခဲ့ပြီး မြန်မာနိုင်ငံမှာ စက်ရုံငယ် တွေဆီမှာ အပ်ထည်ထုတ်လုပ်မှုနဲ့ ဝင်ငွေနည်းအလုပ်အကိုင်ပေးမှုဟာ ဆက်လက် ရှိနေခဲ့ပါတယ်။ ဒါပေမယ့်

Read More