နိုဝင်ဘာ 7, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

အလုပ်သမား သတင်း

သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၆ ၊ Migrant Times ။ – ကယ်မက်ဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် နံနက်ဖြန် နိုဝင်ဘာလ ၇ ရက်နေ့တွင် ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်မည်ဖြစ်ပြီး နိုဝင်ဘာလ ၇ ၊ ၈ ရက်များတွင် ထိုင်းအရှေ့မြောက်ပိုင်းနှင့် မြောက်ပိုင်းဒေသရှိ ပြည်နယ်များတွင် မိုးအလွန်သည်းထန်နိုင်ကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးထုတ်ပြန်သည်။ – ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်၊ မဟာရတ်၊ သာတိုမြို့နယ်ခွဲတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့က ကားတစီး အနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ – ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဖန်တောင် အတွင်းရှိ ပေါင်းအိုး၊ဒယ်အိုး အောက်ခံကွိုင်စက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား

Read More
သတင်း အလုပ်သမား သတင်း

အယုဒ္ဓယတွင် ကားနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာ ၁၆ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ အယုဒ္ဓယပြည်နယ်၊ မဟာရတ်၊ သာတိုမြို့နယ်ခွဲတွင် ယမန်နေ့ နိုဝင်ဘာလ ၅ ရက်နေ့ကကားတစီး အနောက်အတွင်း ပုန်းပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၁၆ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ စိုက်ပျိုးရေးထွက်ကုန်များ တင်ထားသည့် အနက်ရောင် ပစ်ကပ်ကား ၁ စီးကို ရဲတပ်ဖွဲ့ကစစ်ဆေးရာ ကားနောက်တွင် တာပေါ်လင်စဖြင့် အုပ်ထားသည့် ပြုပြင်ထားသည့် အခန့်ငယ်အတွင်း၌ မြန်မာနိုင်ငံသား ၁၆ ဦးအား ဝှက်ထားသည် တွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသားများသည် ပတ်စ်ပို့ နှင့် စာရွက်စာတမ်းအထောက်အထားများ မပါရှိကြကြောင်း ရဲတပ်ဖွဲ့ကပြောသည်။ ထို့အပြင် ကား၏ ဂီယာတံဘေးတွင် အနက်ရောင် တိပ်ဖြင့် ပတ်ထားသော သကြားလုံးဘူး

Read More
သတင်း အလုပ်သမား သတင်း

ချွန်ပူလီတွင် မြန်မာအလုပ်သမား ၂၄ ဦး အလုပ်ထုတ်ခံရ

နိုဝင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ၊ ချွန်ပူလီခရိုင်၊ ဖန်တောင် အတွင်းရှိ ပေါင်းအိုး၊ဒယ်အိုး အောက်ခံကွိုင်စက်ရုံတွင်အလုပ်လုပ်နေသည့် မြန်မာ အလုပ်သမား ၂၄ ဦးအား စက်ရုံဘက်မှ အကြောင်းပြချက်မရှိပဲ အလုပ်ထုတ်ခဲ့သည့်အတွက် ယနေ့တွင် ကူညီမှုပေးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။ “ဒီအလုပ်သမားတွေကိုတော့ မြို့နယ်ဆာဝါဒီကန်(အလုပ်သမားရုံး)ကို သွားရောက်တိုင်ကြားထားတယ်။ သူတို့က ငါးသန်း(ကုမ္ပဏီ)တွေနဲ့ဖြစ်ကြတာဗျာ။ စက်ရုံကတော့ ထုတ်လိုက်ပြီ ချွန်ပူရီဘက်က ငါးသန်းတွေနဲ့ဖြစ်နေတာဆိုတော့ အခုတော့ ငါးသန်းကိုတိုင်ထားတယ်” ဟု WAG အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောသည်။ မြန်မာ အလုပ်သမား ၂၄ ဦး(ကျား၁၂ ဦး၊မ ၁၂ ဦး)အား ယခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စက်ရုံမှ အေဂျင်စီနှင့် စာချုပ်ရပ်ဆိုင်းသည်ဟုဆိုကာ

Read More
သတင်း အလုပ်သမား သတင်း

ရွှေ့ပြောင်းအလုပ်သမားများ၏ အကြောင်းကြားမှု စနစ်ဆိုင်ရာ ပြဿနာများဆွေးနွေး ◼ရွှေ့ပြောင်းအလုပ်သမား ၁၈ သိန်း သက်တမ်းတိုးကိစ္စများ အပြီးသတ်ခြင်းမရှိ

နိုဝင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လိုင်စင်နှင့် အကြောင်းကြားမှု စနစ်ဆိုင်ရာ ပြဿနာများနှင့်ပတ်သက်သည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ Amari Don Muang Hotel တွင် နိုဝင်ဘာလ ၃ ရက်နေ့က ကျင်းပခဲ့သည်။ ရွှေ့ပြောင်းအလုပ်သမားများကို အသုံးပြုသောအလုပ်ရှင်အဖွဲ့ (အဖြူရောင်လုပ်ငန်းရှင်များအသင်း) မှဦးဆောင်၍ ထိုင်းနိုင်ငံအတွင်း လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး Outsource စနစ်အောက်ရှိ နိုင်ငံခြားသားအလုပ်သမားများ၏ အလုပ်လုပ်ခွင့်လိုင်စင်နှင့် အကြောင်းကြားမှုစနစ်ဆိုင်ရာ ပြဿနာများအပေါ် ဆွေးနွေးညှိနှိုင်ခဲ့ကြောင်း အလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ကထုတ်ပြန်သည်။ “အခုဆွေးနွေးခဲ့တာက လူသစ်ဘတ်တင်တာကိုဆွေးနွေးခဲ့တာမဟုတ်ပါဘူး။ထိုင်းနိုင်ငံမှာ ၂၀၂၀ ခုနစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စပြီး ရွှေ့ပြောင်းအလုပ်သမား ၁၈ သိန်းက စာရွက်စာတမ်းသက်တမ်းတိုးဖို့ ကိစ္စတွေကို အခုထိမပြီးပဲနဲ့ တန်းလန်းဖြစ်နေတာကို

Read More
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၅ ၊ Migrant Times ။ – ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၇ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး နှင့် အတူပါသူ ၁ ဦး) အား ယနေ့၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၌ ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ -၂ဝ၂၄ ခုနှစ် အောက်တိုဘာလ၂၂ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီရှိ စက်ရုံတစ်ခု၌ MoU စနစ်ဖြင့်အလုပ်လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ကိုမင်းအောင် နှင့် မြန်မာအလုပ်သမား ကိုသက်ဝေ တို့သည် အလုပ်ချိန်အတွင်း ဓာတုအိုးပေါက်ကွဲပြီး ပေါက်ကွဲသည့်ဓာတုပေါင်းအိုးထဲသို့ပြုတ်ကျ​သေဆုံးခဲ့သည်။

Read More
သတင်း အလုပ်သမား သတင်း

မြန်မာနိုင်ငံသား ၄၇ ဦးကို ရနောင်းမှ ကော့သောင်းသို့ ပြန်လည်လွှဲပြောင်း

နိုဝင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၄၇ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၁၄ ဦး)အား ယနေ့၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၌ ရနောင်း အကောက်ခွန် ဆိပ်ခံတံတားမှတဆင့် မြန်မာနိုင်ငံ၊ ကော့သောင်းဘက်သို့ ပြန်လည်လွှဲပြောင်းခဲ့ကြောင်း ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား ပြန်လည်ပို့ဆောင်ရာတွင် ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးမှူး၊ ရနောင်းခရိုင်ဆိုင်ရာ မြန်မာ အလုပ်သမားသံအရာရှိနှင့် နိုင်ငံခြားသား အလုပ်သမားများ ပြန်လည်ပို့ဆောင်ရေး ကော်မတီဝင် ၉ ဦးတို့က သက်သေအဖြစ်ဆောင်ရွက်ကြကြောင်း ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံတွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် မြန်မာနိုင်ငံသား ၉၀ ဦးအား

Read More
သတင်း အလုပ်သမား သတင်း

ထိုင်းတွင် မြန်မာ ၁ ဦး ခြိမ်း​ခြောက် မီးရှို့မှုဖြင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်​ငံ​တောင်ပိုင်း ၊ ဖန်ငခရိုင် ၊ ထုံခမင်း​ကျေးရွာတွင်​ မြန်မာနိုင်ငံသား ၁ ဦးသည် ယနေ့ နံနက်တွင်နေအိမ် တအိမ်အား မီးရှို့မှုဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း- FED တာဝန်ရှိသူက Migrant Times ကိုပြောသည်။ ကိုစိုးစိုးအမည်ရ ​ မြန်မာနိုင်ငံသားသည် ယနေ့၊ နံနက် ၉ နာရီဝန်းကျင်တွင်​ ဘေးအခန်း​ရှိ မြန်မာအမျိုးသမီး မသစ္စာမိုး ၏ အခန်းသို့ ဓါးဖြင့်ဝင်​​ရောက်ခြိမ်း​ခြောက်ခဲ့ပြီး မသစ္စာမိုးက သူမ၏က​လေးနှင့်အတူ ထွက်​ပြေးတိမ်း​​ရှောင်​နေစဉ် ​နေအိမ်တွင်းဝင်​​ရောက်ကာ မူးယစ်ရမ်းကားပြီး အဝတ်အထည်များအား မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မသစ္စာမိုးက ၎င်း၏ခင်ပွန်းဖြစ်သူအားအလုပ်တွင် သွား​​ရောက်​ခေါ်​​ဆောင်ကာ FED ရုံးမှတဆင့်အမှုဖွင့်တိုင်ကြားခဲ့ခြင်း​ဖြစ်သည်။ ထို့ကြောင့် FED မှ

Read More
သတင်း အလုပ်သမား သတင်း

မလေးသွားဖို့ စပိဘုတ်အတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာ ၅ ဦးဖမ်းဆီးခံရ

နိုဝင်ဘာ ၅ ၊ Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း ၊ နရာသီဝပ် (Narathiwat) ပြည်နယ် ၊ စုငိုင်းကိုလော့ခ် မြစ်ဝတွင် သွားလာနေသည့် စပိဘုတ် တစီးပေါ်တွင် ခိုးပြီးလိုက်ပါလာသည့် မြန်မာနိုင်ငံသား ၅ ဦးအားရေကြောင်းရဲတပ်ဖွဲ့ ကဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းလှေပေါ်တွင် ထိုင်းနိုင်ငံသား ၃ ဦး ၊ မြန်မာနိုင်ငံသား အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးအားတွေ့ရှိခဲ့ပြီး လှေသည်မှတ်ပုံတင်မထားကြောင်း၊ မြန်မာနိုင်ငံသား ၅ ဦးသည် အနက်ရောင်အဝတ်ဖြင့် ဖုံးအုပ်ကာ ပုန်းအောင်းနေကြသည်ကို တွေ့ရှိခဲ့ ကြောင်းရဲတပ်ဖွဲ့ ကပြောသည်။ စပိဘုတ်မောင်းနှင်သူ အဆိုအရ မြန်မာနိုင်ငံသား (၅) ဦးအား မလေးရှားနိုင်ငံ ကိုတာဘာရူး (Kota Bharu)

Read More
သတင်း အလုပ်သမား သတင်း

“ တရက်တာ ရွှေ့ပြောင်းရေးရာသတင်း”

နိုဝင်ဘာ ၄ ၊ Migrant Times ။ – ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနပူရီခရိုင်၊ ဆန်ခပူရီမြို့နယ်ရှိ ဘန်းတွန်ယမ် ဒုက္ခသည်စခန်းမှ ဒုက္ခသည် ၂၀၁ ဦးသည် ကျန်ထပူရီခရိုင်တွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန် ထိုင်းအစိုးရ၏ စီစဉ်ဆောင်ရွက်မှုဖြင့် ယမန်နေ့က ထွက်ခွာသွားကြောင်း ၎င်းစခန်းမှသိရသည်။ ထိုင်းအစိုးရက ဒုက္ခသည်စခန်း (၉) ခုမှ ဒုက္ခသည် ၄၂,၀၀၀ကျော်ကို ထိုင်းနိုင်ငံတွင်း ရွှေ့ပြောင်းအလုပ်သမားများအဖြစ် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။ – ထိုင်းနိုင်ငံ ၊ ကန်ချနပူရီ ၊ဆိုင်ရွတ် ခရိုင်၊ ခေါဝ်ခဲ ဘုန်းကြီးကျောင်းရှေ့ရှိ ဓာတ်ဆီဆိုင်ဟောင်းတွင် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၂၅ ဦး ကို တွေ့ရှိခဲ့သည့်အတွက် နယ်စပ်တပ်ဖွဲ့က

Read More
သတင်း အလုပ်သမား သတင်း

ကန်ချနပူရီနယ်စပ်တွင် မြန်မာလုပ်သား ၂၅ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၄ ၊ Migrant times ။ ထိုင်းနိုင်ငံ ၊ ကန်ချနပူရီ ၊ဆိုင်ရွတ် (Sai Yok) ခရိုင်၊ ခေါဝ်ခဲ (Khao Khae) ဘုန်းကြီးကျောင်းရှေ့ရှိ ဓာတ်ဆီဆိုင်ဟောင်းတွင် ပစ်ကပ်ကားတစ်စီးကို စစ်ဆေးရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား၂၅ ဦး ကို တွေ့ရှိခဲ့သည့်အတွက် နယ်စပ်တပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းက ယနေ့ဖော်ပြသည်။ ၎င်းတို့သည် နခွန်ပထုန် (Nakhon Pathom) နှင့် စမွတ်စခွန် (Samut Sakhon) ခရိုင်များတွင် အလုပ်လုပ်ရန် နယ်စပ်မှ ဝင်ရောက်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး ပွဲစားခအဖြစ် တစ်ဦးလျှင် ဘတ် ၂၅,၀၀၀ ပေးဆောင်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။ နိုဝင်ဘာလ ၂ ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ၊ ချွန်ဖွန်ခရိုင်၊

Read More