ကယ်လ်မာဂီ မုန်တိုင်း ထိုင်းစဝင် 🟥ထိုင်းနှင့် မြန်မာတွင် နိုဝင်ဘာလ ၇ ရက်မှ ၁ဝ ရက်အတွင်း မိုးသည်းထန်နိုင်
နိုဝင်ဘာ ၆ ၊ Migrant Times ။ ထိုင်းနိုင်ငံ ၊ အရှေ့မြောက်ပိုင်းရှိ ဥဘွန်ရက်ချ်ထာနီပြည်နယ်၊ ဥဘွန်ရက်ချ်ထာနီမြို့တွင် ယနေ့ နံနက်အစောပိုင်းမှစကာ ကယ်မက်ဂီ မုန်တိုင်းကြောင့် မိုးအဆက်မပြတ် ရွာသွန်းနေကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ယနေ့ နံနက် ၁ နာရီခန့်မှစ၍ နံနက်ပိုင်းအထိ မိုးအဆက်မပြတ် ရွာသွန်းခဲ့ပြီး မောင်းမြို့နယ်တွင် လေပြင်းများ တိုက်ခတ် နေကြောင်းသိရသည်။ သို့သော်လည်း ဥဘွန်ပစ်သယာခုံကျောင်းမှ ကျောင်းသား၊ ကျောင်းသူများသည် မုန်တိုင်း ကယ်လ်မာဂီ၏ သက်ရောက်မှုကြောင့် မိုးနှင့် လေပြင်းများကြားမှ ပုံမှန်အတိုင်း စာသင်ခန်းသို့ သွားရောက်နေကြကြောင်း ဖော်ပြသည်။ ထိုင်းမိုးလေဝသဌာန (TMD) ကမုန်တိုင်းသည်ယနေ့မွန်းလွဲပိုင်းတွင် ဥဘွန်ရက်ချ်ထာနီပြည်နယ်အတွင်းသို့ ဝင်ရောက်ပြီးနောက် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားမည်ဟု ထုတ်ပြန်ထားသည်။ မုန်တိုင်းကြောင့် ယနေ့ နိုဝင်ဘာလ ၇
