အောက်တိုဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

🟥ထိုင်းတွင် အောက်တိုဘာလ ၁၅ ရက်ကစပြီး “ ဘတ်” ဖွင့်မည် မြန်မာ၊ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ် နိုင်ငံသားများ နေထိုင်လုပ်ကိုင်ခွင့် တစ်နှစ် သက်တမ်းရမည်

အောက်တိုဘာ ၆ ၊ Migrant Times ။
ထိုင်းနိုင်ငံတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားအုပ်စုဖြစ်သည့် မြန်မာ၊ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ် နိုင်ငံသားမျာအား လာမည့် အောက်တိုဘာလ ၁၅ ရက်မှစတင်ကာ အွန်လိုင်းစနစ်ဖြင့်
မှတ်ပုံတင်ရန်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး Ms. Trinuch Thienthong ကယနေ့ ဘန်ကောက်တွင် ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး သီရိနုချ် ထိယန်ထောင်းက ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ အလုပ်သမားပြတ်လပ်မှု ပြဿနာ ဖြေရှင်းရေး အစီအမံများအား အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်းပြောကြားသည်။
ထိုင်းနိုင်ငံရှိ အလုပ်ရှင်များနှင့်အတူ အလုပ်လုပ်ကိုင်နေသော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ နှင့် ဗီယက်နမ်နိုင်ငံသား (၄) မျိုးအား အထူးခွင့်ပြုချက်ဖြင့် တစ်နှစ်တာကာလ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ပေးရန် မှတ်ပုံတင်ခွင့် ဖွင့်လှစ်ပေးခြင်း ဖြစ်ကြောင်း သူမကပြောသည်။
အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကလည်း မြန်မာ၊ကမ္ဘောဒီးယား၊ လာအို နှင့် ဗီယက်နမ် နိုင်ငံသားများ၏ နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်အား အောက်တိုဘာလ ၁၅ ရက်မှ ၂၉ ရက်အထိ အွန်လိုင်းစနစ်ဖြင့်လျှောက်ထားနိုင်ကြောင်း ကြေညာသည်။
တစ်နိုင်ငံလုံးရှိ ပြည်နယ်အလုပ်အကိုင်ရှာဖွေရေးရုံးများ၊ ဘန်ကောက်မြို့ အလုပ်အကိုင်ရှာဖွေရေးရုံးနယ်မြေ ၁ မှ ၁၀၊ အလုပ်သမားဝန်ကြီးဌာန Hotline ဖုန်းနံပါတ် ၁၅၀၆ (လိုင်းခွဲ ၂) သို့မဟုတ် အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနတို့တွင် ထပ်မံစုံစမ်းနိုင်ကြောင်း ထုတ်ပြန်သည်။
ထိုင်းနိုင်ငံတွင် ယခုဖွင့်လှစ်မည့် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ဘတ်(ခေါ်)ပန်းရောင်ကတ် လျှောက်ထားပါက သေချာသည့်ကုမ္ပဏီများနှင့် အကျိုးဆောင်များကိုသာ ဆက်သွယ်သင့်ပြီး
ပွဲစားတိုင်းကို အယုံမလွယ်ဖို့လိုကြောင်း ရွှေ့ပြောင်းအလုပ်သမားအရေးကူညီသူအချို့က Migrant Times ကိုသတိပေးပြောကြားထားသည်။
Photo – กรมการจัดหางาน
နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့်လျှောက်ထားရမည့်အဆင့်များ။