အလုပ်ရှင်နှင့် အလုပ်သမားစာချူပ် အကြောင်း သိကောင်းစရာ
အလုပ်ဌားစာချူပ်သည် အလုပ်အကိုင်အညွှန်းနှင့် တစ်ထပ်တည်းအရေးကြီးသောကြောင့် နားလည်သဘောပေါက်ပြီး ကျင့်သုံးနိုင်ရန် အောက်ပါအချက်အလက်များကို လိုက်နာပေးရမည်။ ၁။ အလုပ်ခန့်စာချုပ်တွင် ရာထူးနှင့် လစာ အတိအကျဖော်ပြထားရန် (အစိုးရသတ်မှတ်ထားသော အခြေခံလစာထက် မနည်းရန်) နှင့် လစာပေးချေသောရက်မှာ အနည်းဆုံး တစ်လတစ်ကြိမ်ရှိနေရမည်။ ၂။ တိကျသောအလုပ်ခန့် ကာလ ဉပမာ၁နှစ် (သို့) ၂နှစ် နှင့်တိကျသော လုပ်ငန်းတည်နေရာကိုဖော်ပြပေးရမည်။ ၃။ ပုံမှန်တစ်နေ့လုပ်ငန်းချိန်မှာ ၈နာရီ၊ အန္တရာယ်ရှိနိုင်သော အလုပ်တွင် ၇နာရီ၊ ထက်ပိုမရှိရန်နှင့် အချိန်ပိုရှိပါက အချိန်ပိုလုပ်အားခရရန်နှင့် တစ်ပတ်တွင် အများဆုံး ၆ရက်သာ အလုပ်ချိန်သတ်မှတ်ရမည်၊ ၄။ လုပ်ငန်းရှင်မှာ ဝန်ထမ်းများကို တစ်ပတ်အတွင်း ပိတ်ရက်စီစဉ်ပေးရန်နှင့် ၎င်းပိတ်ရက်အစား လုပ်ခ တစ်ရက်စာပေးရန်၊ ထိုင်းရိုးရန်ပိတ်ရက်အတွက် တစ်နှစ်တွင် ပိတ်ရက် ၁၃ရက်၊ တစ်နှစ်သက်တမ်းပြည့်ပြီးသော ဝန်ထမ်းကိုရက်ရှည်ပိတ်ရက် စီစဉ်ပေးသင့်ပြီး