September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Students

သတင်း

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ၁ သောင်း နီးပါးကို ရုပ်သိမ်း

ဩဂုတ် ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ကိုင်မှုများအား နှိမ်နင်းရန်အတွက်ပညာရေးဆိုင်ရာ စံနှုန်းများဖြင့် မပြည့်မီသည့် နိုင်ငံခြားသား ၁ဝ,ဝဝဝနီးပါး၏ ကျောင်းသားဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၂ဝ၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ စတင်ပြီး ကာလတိုပရိုဂရမ်များတွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်ရန်အတွက် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ အဆင့်မြင့်ပညာရေးဝန်ကြီး မစ္စဆူဒါဝမ်က ဝန်ကြီးဌာနသည် ကာလတိုပညာရေးအစီအစဉ်များဖြင့် ဗီဇာရယူထားသည့် နိုင်ငံခြားကျောင်းသားများကို စောင့်ကြည့်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည့်စုံသည့် အချက်အလက် ဒေတာဘေ့စ်စနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။ စည်းမျဉ်းအသစ်များအရ သက်ဆိုင်ရာပညာရေးဌာနများက နိုင်ငံခြားကျောင်းသားများ ကျောင်းတက်ရောက်ခြင်းရှိမရှိကို ဝန်ကြီးဌာန၏

Read More
သတင်း

ထိုင်း ဆူနာမီပြတိုက်တွင် မြန်မာရွှေ့ပြောင်းကျောင်းသားများ လေ့လာ

သြဂုတ် ၁၄ – Migrant Times ။ ထိုင်းနိုင်ငံတောင်ပိုင်း၊ ​ဖန်ငခရိုင် ၊ တကွာပါတိုက်နယ် ၊ နန္မခင်းကျေးရွာတွင်ရှိသော ဆူနာမီ ပြတိုက်တွင်ယနေ့ (သြဂုတ်လ ၁၄ ရက်နေ့) နံနက်ပိုင်း၌ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း FED/ULC ရွှေ့ပြောင်းသင်ကြားရေးစင်တာမှ ၉ တန်း ကျောင်းသား၊ကျောင်းသူများက သွားရောက်လေ့လာခဲ့ကြသည်။ ထိုလေ့လာရေး ခရီးတွင် FED/ULC မှကျောင်းသား‌‌၊ကျောင်းသူ ၁၄ ဦးနှင့် ဆရာတစ်ဦးတို့ ပါဝင်ခဲ့သည်။ ဆူနာမီသမိုင်းကြောင်းနှင့် သဘာဝဘေးအန္တရာယ်များကို ပိုမိုသိမြင်လာစေရန်၊ ဘေးအန္တရာယ်အတွက်ကြိုတင်ပြင်ဆင်မှုများအား ကျောင်းသင်ခန်းစာအပြင် လက်တွေ့သင်ကြားမှုတစ်ရပ်အဖြစ်ပြသခဲ့ခြင်းဖြစ်ကြောင်း လိုက်ပါသွားသည့် ဆရာတစ်ဦးကပြောသည်။ မှတ်တမ်းများအရ ၂ဝဝ၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းအနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်၌လှုပ်ခတ်ခဲ့သည့် ပြင်းအား ၉.၁ မှ

Read More