September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Workers

သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃

Read More
သတင်း

ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄၃ ဦး လစာ ဘတ် ၁ဝ သိန်းကျော်မရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၁)တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ လုပ်ခနှစ်လစာ ဘတ် ၁ဝ သိန်းကျော်အား အလုပ်ရှင်မှပေးချေခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။ “ပိုက်ဆံထွက်မယ့်ရက်က ဟိုရက်ရွေ့ဒီရက်ရွေ့နဲ့ခု ၂ လဖြစ်သွားပြီ။ ကျနော်တို့လိုချင်တာက လုပ်အားခ နှစ်လစာရယ် စာအုပ်စာတမ်းတွေရယ် သူဌေးလက်မှတ်ပါတဲ့ ဘိုက်ကျန့်အော်ရယ်လိုချင်ပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးကပြောသည်။ မြန်မာအလုပ်သမားများသည် MoU ဖြင့်လာရောက်သည့်အလုပ်သမား၊ CI စာအုပ်နှင့် ပန်းရောင်ကတ်(ဘတ်)အသစ် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာ ၂ နှစ်မှ ၆ နှစ်ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။ အလုပ်ရှင်သူဌေးက ဇူလိူင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိနှစ်လစာ လစာမပေးဘဲပြုလုပ်နေပြီး မြန်မာအလုပ်သမား ၄၃ ဦး၏ လစာမှာ (၁)ဦးလျှင် ဘတ် ၂၅,ဝဝဝ နှုန်းဖြင့် ထိုင်းဘတ်ငွေ

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
သတင်း

မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား ၁၂ဝ ဦးအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်များတွင် မှုရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား လေကြောင်းခရီးစဉ်များဖြင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါကာ၊ လာဟိုး၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ တီရုချီရာပါလီနှင့် ရန်ကုန်မြို့များသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ပြန်ပို့ခံရသူများမှာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး နည်းဥပဒေများအရ ပြစ်မှုအမျိုးမျိုးကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် ကေမာရန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းခံများ ဖြစ်ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ Photo – JIM Pahang

Read More
သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄ဝဝ ကျော် လုပ်ခလစာမရ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၈၁)တွင် ရှိသောPower ပါဝါလိုင်း ခမ်းလ်ဒီကုမ္ပဏီ ဆောက်လုပ်ရေးလုပ်ငန်းအောက်ရှိ မြန်မာအလုပ်သမား ၄၆၁ ဦးသည် လုပ်ခလစာမရဖြစ်နေကြောင်း အကူအညီးတောင်းခံရသည့် WAG အလုပ်သမားမဟာမိတ်အဖွဲ့မှသိရသည်။ ၎င်းကုမ္ပဏီမှ မြန်မာအလုပ်သမားများသည် ထိုင်းနိုင်ငံ အနယ်နယ်အရပ်ရပ်ရှိ အလုပ်ဆိုဒ်(၁၅)ခုတွင်လုပ်ကိုင်နေကြသည်မှာ ၁ နှစ်မှ ၁ဝ နှစ်ကျော်အထိလုပ်သက်ရှိကြပြီး အလုပ်ရှင် မှလုပ်အားခ (၂)လစာပေးချေခြင်းမရှိခြင်းဖြစ်ကြောင်း WAG အဖွဲ့ကပြောသည်။ ရရန်ရှိသည့် မြန်မာအလုပ်သမားများ၏ လုပ်အားခ (၂)လစာ စုစုပေါင်းမှာ ထိုင်းဘတ် ၁၁ သိန်းကျော်ရှိကြောင်း သိရသည်။ ၎င်းတို့သည် လိုအပ်သည့် စာအုပ်သက်တမ်းတိုးရန်အတွက်လည်း ကုမ္ပဏီကို ပိုက်ဆံပေးသွင်းထားကြကြောင်း ၊ လုပ်အားခရှင်းပေးရန် ကုမ္ပဏီကိုတောင်းဆိုသော်လည်း တစ်ဝက်ခန့်သာရှင်းပေးနိုင်မည်ဟုပြောသည့်အတွက် စားဝတ်နေရေးအခက်အခဲများနှင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း မြန်မာအလုပ်သများများကပြောသည်။ ထိုအလုပ်သမားများရရန်ရှိသည့် လုပ်ခများရရှိရန် ယမန်နေ့ ဩဂုတ်လ ၁၉ ရက်နေ့တွင် တွေ့ဆုံးခဲ့ကြောင်း WAG အဖွဲ့ကထုတ်ပြန်သည်။

Read More
သတင်း အလုပ်သမား သတင်း

အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေးနှင့် ၈ ဦးကို အင်းစိန်ထောင်အချုပ်ကိုပို့

သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချူပ် (STUM) ဦးဆောင်သူ အလုပ်သမားအရေး လုပ်ရှားသူ ဒေါ်မျိုးမျိုးအေး နှင့် အဖွဲ့ဝင်၈ ဦးကို ယမန်နေ့ ဩဂုတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ ၊ အင်းစိန်အကျဉ်းထောင်ရှိ အချုပ်ဆောင်ကိုပို့ဆောင်ခဲ့ကြောင်း STUM တာဝန်ရှိသူက Migrant Times ကိုပြောကြားသည်။ ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်း အချိန်တွင် ရွှေပြည်သာ မြို့မ ရဲစခန်းမှ ဒေါ်မျိုးမျိုးအေးနှင့် သင်းထက်စံ ပါ(၈)ဦး တို့အား ရွှေပြည်သာမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။ တရားရုံးက ၁၉၆၁၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန် အက်ဥပဒေ ပုဒ်မ ၅(၁)(စ)(ဆ) ဖြင့် သီးခြား(တစ်မှုချင်းစီ) တရားစွဲတင်ပြီး ပြန်လည်း ကြားနာရန်အတွက် လာမည့် ဩဂုတ်လ ၂၅ ရက်နေ့ကို ပြန်လည်ချိန်းဆိုခဲ့သည်။

Read More
သတင်း

ထိုင်းတောင်ပိုင်းတွင် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဆုန်ခလာခရိုင်၊ ဟတ်ယိုင်မြို့နယ် ၊ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုတွင် တရားမဝင်ဝင်ရောက်နေထိုင်သည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ၉ ဦးနှင့်ကူညီသည့် မြန်မာ ၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေဗျုရို(CIB)က ယနေ့(ဩဂုတ် ၁၈) နံနက်တွင်ထုတ်ပြန်သည်။ CIB အောက်ရှိ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့အဆိုအရ နိုင်ငံခြားသားများကို တင်ဆောင်လာသည်ဟု ယူဆရသော မသင်္ကာဖွယ် ပစ်ကပ်ကားတစ်စီးသည် ဟတ်ယိုင်မြို့နယ်၊ ဘန်ဖရူရပ်ကွက်ရှိ အပန်းဖြေစခန်းတစ်ခုသို့ လာရောက်ပို့ဆောင်ခဲ့ကြောင်း ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါ အပန်းဖြေစခန်းအနီးတွင် တရားမဝင် နိုင်ငံခြားသားများအား ကားပြောင်းရန်နှင့် မလေးရှားနိုင်ငံသို့ ဆက်လက်မပို့ဆောင်မီ တောင်ပိုင်းနယ်စပ် ၃ ခရိုင်သို့ ပို့ဆောင်ရန်အတွက် ခဏတာစောင့်ဆိုင်းရန် လူကုန်ကူးဂိုဏ်းများက မကြာခဏ အသုံးပြုလေ့ရှိသည်ဟူသော ဒေသတွင်းသတင်းများနှင့် ကိုက်ညီနေခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။ ဆုန်ခလာ အဝေးပြေးလမ်းမရဲတပ်ဖွဲ့သည်

Read More
သတင်း

ထိုင်းတွင် သတ္တုကျိုစက်ရုံပေါက်ကွဲမှုကြောင့် မြန်မာအလုပ်သမား ၁ ဦးသေဆုံး

ထိုင်းနိုင်ငံ၊ ပါကျင်ဘူရီခရိုင်ရှိ စတီးသတ္တုကျိုစက်ရုံ (T.S.B STEEL)တွင် ဩဂုတ်လ ၁၂ ရက်နေ့၌ စတီးသတ္တုကျိုသည့် မီးဖိုပေါက်ကွဲမှုကြောင့် စက်ရုံတွင် အလုပ်လုပ်ကိုင် နေသည့် မြန်မာအလုပ်သမား (၁)ဦး မီးလောင်သေဆုံးပြီး (၁) ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ မြန်မာအလုပ်သမား ၂ ဦးနှင့်ပတ်သက်ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာနမှ တာဝန်ရှိသူများ၊ စက်ရုံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင်ဖော်ပြသည်။ သေဆုံး ထိခိုက်ခဲ့သည့် မြန်မာ ၂ ဦးအတွက် ထိုင်းနိုင်ငံ၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့် အမြန်ဆုံးရရှိနိုင်ရေး၊ ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားအတွက် ဥပဒေနှင့်အညီ ဆေးကုသခွင့်နှင့်အကျိုးခံစားခွင့်များရရှိရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများသည် မကြာခဏဆိုသလို လုပ်ငန်းခွင်တွင် ထိခိုက်ခြင်း ၊ သေဆုံးခြင်းများဖြစ်ပေါ်လေ့ရှိသည်။

Read More
သတင်း

ကမ္ဘောဒီးယားမှထိုင်းအတွင်း တရားမဝင်ပြန်ဝင်သည့် မြန်မာ ၆ ဦးဖမ်းဆီးခံရ

ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်ဝင်သည့် မြန်မာနိုင်ငံသား ၆ ဦးနှင့်ကမ္ဘောဒီးယားလမ်းပြတစ်ဦးအား ဩဂုတ်လ ၁၂ ရက်နေ့တွင် Aranyaprathet ခရိုင် နယ်စပ်၌ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဆောက်လုပ်ရေးအလုပ်လုပ်ရန်အတွက် ကမ္ဘောဒီးယားကို သွားရောက်ခဲ့ကြသော်လည်း အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့် ထိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ပြန်ရန် လမ်းပြကို မြန်မာငွေကျပ် ၃ သန်း ပေးခဲ့ရကြောင်း သတင်းတွင်ရေးသားသည်။ ဇူလိူင်လနောက်ဆုံးပတ်အတွင်းဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများကြောင့်ကမ္ဘောဒီးယားအလုပ်သမားများ နေရပ်ပြန်ခဲ့ကြသော်လည်း အများစုသည် ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်ရေး ကြိုးစားနေကြကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၁:၂၀ အချိန်တွင် Aranyaprathet ခရိုင်အတွင်းတွင် ထိုင်းအထူးတပ်ဖွဲ့တစ်ခုက ကလေးနှစ်ဦးအပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးပါအဖွဲ့ကို ဖမ်းဆီးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားများသည် နိုင်ငံအတွင်းနေထိုင်ရန်ဝင်ငွေမရှိဖြစ်နေကြောင်း၊ လမ်းပြတစ်ဦးကို ထိုင်းသို့ပို့ရန်

Read More