မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ
မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။ JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က “နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ