September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Myanmar

သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃

Read More
သတင်း

ဘန်ကောက်မြို့ရှိ မြန်မာလုပ်သား ၄၃ ဦး လစာ ဘတ် ၁ဝ သိန်းကျော်မရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊စူကိုဝစ်ဆွယ်(၁)တွင်ရှိသော ဆောက်လုပ်ရေးလုပ်ငန်းတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမား ၄၃ ဦး၏ လုပ်ခနှစ်လစာ ဘတ် ၁ဝ သိန်းကျော်အား အလုပ်ရှင်မှပေးချေခြင်းမရှိကြောင်း အလုပ်သမားများကပြောသည်။ “ပိုက်ဆံထွက်မယ့်ရက်က ဟိုရက်ရွေ့ဒီရက်ရွေ့နဲ့ခု ၂ လဖြစ်သွားပြီ။ ကျနော်တို့လိုချင်တာက လုပ်အားခ နှစ်လစာရယ် စာအုပ်စာတမ်းတွေရယ် သူဌေးလက်မှတ်ပါတဲ့ ဘိုက်ကျန့်အော်ရယ်လိုချင်ပါတယ်” ဟု မြန်မာအလုပ်သမားတစ်ဦးကပြောသည်။ မြန်မာအလုပ်သမားများသည် MoU ဖြင့်လာရောက်သည့်အလုပ်သမား၊ CI စာအုပ်နှင့် ပန်းရောင်ကတ်(ဘတ်)အသစ် ကိုင်ဆောင်ထားကြသူများဖြစ်ပြီး ထိုလုပ်ငန်းတွင်လုပ်ကိုင်နေသည်မှာ ၂ နှစ်မှ ၆ နှစ်ခန့်အထိရှိနေပြီဖြစ်ကြောင်း သိရသည်။ အလုပ်ရှင်သူဌေးက ဇူလိူင်လ ၇ ရက်နေ့မှ စက်တင်ဘာလ ၉ ရက်နေ့အထိနှစ်လစာ လစာမပေးဘဲပြုလုပ်နေပြီး မြန်မာအလုပ်သမား ၄၃ ဦး၏ လစာမှာ (၁)ဦးလျှင် ဘတ် ၂၅,ဝဝဝ နှုန်းဖြင့် ထိုင်းဘတ်ငွေ

Read More
သတင်း

မဲဆောက်တွင် မြန်မာ၂ ဦးအား လက်နက်မျိုးစုံနှင့်ဖမ်းမိ

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် Ban Ruam Rang ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်နေထိုင်သည့်မြန်မာနိုင်ငံသား ၂ ဦးအား လက်နက်မျိုးစုံ၊ လက်ပစ်ဗုံး၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထိုင်း aec news သတင်းက ယနေ့(စက်တင်ဘာ-၁၁) ဖော်ပြသည်။ ထိုင်းစစ်တပ်၊ ရာ့ခ်ျမာနူ တပ်ဖွဲ့၊ နရဲဆွမ်း တပ်ဖွဲ့၊ မဲဆောက်ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းပြီး ထိုနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့စဉ်ဖမ်းမိခဲ့ကြောင်းသိရသည်။ မဲဆောက်မြို့ခံမြန်မာတစ်ဦကလည်း ယမန်နေ့ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဆာသူးလေကျောင်းနားရှိရပ်ကွက်အတွင်းဖမ်းမိခြင်းဖြစ်ကြောင်းပြောကြားသည်။ မဲဆောက်မြို့ခံထိုင်းအမျိုးသမီးတစ်ဦးကလည်း “ဒီသတင်းကို ကြားတယ့်အခါမှာတော့ ဒါဟာအမှန်တကယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့ဒီအရာတွေကို သူတို့တွေ ဘယ်နေရာမှာ သွားအသုံးပြုမလဲဆိုတာကို မသိပေမယ့် ဘာဘဲဖြစ်ဖြစ် အန္တရာယ်ရှိတယ်လေ။ အခုလိုဖမ်းဆီးလို့ရသွားတာဟာလဲ ကောင်းပါတယ်။ ဌာနဆိုင်ရာတွေကိုလည်း

Read More
သတင်း

မလေးရှားတွင် တရားမဝင်နေထိုင်သည့် မြန်မာ ၆၉ ဦးဖမ်းဆီးခံရ

မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမြို့ ဒနောင်းကိုတာ(Danau Kota) ဧရိယာရှိ ၁၉ ထပ်တိုက်ခန်းတစ်ခုကို မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM)က ယနေ့ နံနက်အစောပိုင်း၌ ဝင်ရောက်စီးနင်းခဲ့ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၁၂၅ ဦးအား ဖမ်းဆီးခဲ့ကြောင်း မလေးရှားသတင်းကဖော်ပြသည်။ ၎င်းတို့ထဲတွင် မြန်မာနိုင်ငံသား (၆၉) ဦး၊ အိန္ဒိယ (၂၅) ဦး၊ ပါကစ္စတန် (၁၄) ဦး၊ အင်ဒိုနီးရှား (၁၂) ဦးနှင့် ဘင်္ဂလားဒေ့ရှ် (၅) ဦးတို့ဖြစ်ပြီး အမျိုးသား ၈၁ ဦးနှင့် အမျိုးသမီး ၄၄ ဦး ပါဝင်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန (JIM) ကထုတ်ပြန်သည်။ JIM ကွာလာလမ်ပူ ညွှန်ကြားရေးမှူး ဝမ်မိုဟာမက်က “နှစ်ပတ်ကြာ ထောက်လှမ်းပြီးနောက် တိုက်ခန်း ၃၈ဝ

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
သတင်း

ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာ ၁ သောင်း နီးပါးကို ရုပ်သိမ်း

ဩဂုတ် ၂၃ ၊ Migrant Times ။ ထိုင်းနိုင်ငံတွင် ကျောင်းသားဗီဇာဖြင့် အလုပ်လုပ်ကိုင်မှုများအား နှိမ်နင်းရန်အတွက်ပညာရေးဆိုင်ရာ စံနှုန်းများဖြင့် မပြည့်မီသည့် နိုင်ငံခြားသား ၁ဝ,ဝဝဝနီးပါး၏ ကျောင်းသားဗီဇာများကို ရုပ်သိမ်းခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ၂ဝ၂၅ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ စတင်ပြီး ကာလတိုပရိုဂရမ်များတွင် စာရင်းပေးသွင်းထားသည့် ကျောင်းသားများ၏ ဗီဇာများကို ပယ်ဖျက်ရန်အတွက် အဆင့်မြင့်ပညာရေး၊ သိပ္ပံ၊ သုတေသနနှင့် ဆန်းသစ်တီထွင်မှုဝန်ကြီးဌာနက လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း သိရသည်။ အဆင့်မြင့်ပညာရေးဝန်ကြီး မစ္စဆူဒါဝမ်က ဝန်ကြီးဌာနသည် ကာလတိုပညာရေးအစီအစဉ်များဖြင့် ဗီဇာရယူထားသည့် နိုင်ငံခြားကျောင်းသားများကို စောင့်ကြည့်ရန် အတွက် လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ပြည့်စုံသည့် အချက်အလက် ဒေတာဘေ့စ်စနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း ပြောကြားသည်။ စည်းမျဉ်းအသစ်များအရ သက်ဆိုင်ရာပညာရေးဌာနများက နိုင်ငံခြားကျောင်းသားများ ကျောင်းတက်ရောက်ခြင်းရှိမရှိကို ဝန်ကြီးဌာန၏

Read More
သတင်း

ဖူးခက်မြို့ အချုပ်ခန်းတွင် မြန်မာအမျိုးသမီးတစ်ဦး ကြိုးဆွဲချ အဆုံးစီရင်

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးတွင် ထိန်းသိမ်းခံထားရသည့် အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးသည် သြဂုတ်လ ၂၂ ရက်နေ့ နံနက်အစောပိုင်းတွင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ရဲတပ်ဖွဲ့၏ အတည်ပြုချက်အရ ဩဂုတ်လ ၂၂ ရက် နံနက် ၅:၀၃ နာရီတွင် မထိုက်ဒါလီအား ထိန်းသိမ်းရေးအခန်း၌ သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။ အခန်းတွင်းမှ CCTV မှတ်တမ်းများအရ မထိုက်ဒါလီသည် သူ၏ဘောင်းဘီကို ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ချည်နှောင်ပြီး ကြိုးဆွဲချခဲ့သည်ကို ပြသနေကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ ရဲတပ်ဖွဲ့က ပြသသည့် CCTV ပုံတွင် မထိုက်ဒါလီသည် ထိန်းသိမ်းရေးအခန်းသံတိုင်များတွင် ကြိုးဆွဲချထားသည်ကို တွေ့ရကြောင်း The Phuket News ကဖော်ပြသည်။ ဖူးခက်မြို့ ရဲတပ်ဖွဲ့၏ အစီရင်ခံစာအရ မဒါလီကို သြဂုတ်လ

Read More
သတင်း

မြန်မာအပါ တရားမဝင် နေထိုင်သူ ၁ဝဝ ကျော်အား မလေးရှားက ပြန်ပို့

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်သည့် မြန်မာနိုင်ငံသားများအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံသား ၁၂ဝ ဦးအား ဩဂုတ်လ ၁၉ ရက်နှင့် ၂၁ ရက်များတွင် မှုရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်သည်။ ၎င်းတို့အား လေကြောင်းခရီးစဉ်များဖြင့် ကွာလာလမ်ပူအပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဒါကာ၊ လာဟိုး၊ ဖနွမ်းပင်၊ ဟိုချီမင်း၊ တီရုချီရာပါလီနှင့် ရန်ကုန်မြို့များသို့ ပြန်ပို့ခဲ့ခြင်း ဖြစ်သည်။ ပြန်ပို့ခံရသူများမှာ ၁၉၅၉/၆၃ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် ၁၉၆၃ လူဝင်မှုကြီးကြပ်ရေး နည်းဥပဒေများအရ ပြစ်မှုအမျိုးမျိုးကျူးလွန်ခဲ့သဖြင့် ပြစ်ဒဏ်ကျခံပြီးစီးခဲ့သည့် ကေမာရန်လူဝင်မှုကြီးကြပ်ရေးဌာန၏ ထိန်းသိမ်းခံများ ဖြစ်ကြောင်း ပဟန်းပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။ Photo – JIM Pahang

Read More
အသိပညာပေး

အလုပ်ရှင်ပြောင်းလဲရန် မူရင်းအလုပ်ရှင်မှ ထုတ်ပေးရသော ဘိုင်ကျန့်အော် စာရွက်မလို‌တော့

ရွေ့ပြောင်းအလုပ်သမားများအနေဖြင့် အလုပ်ရှင်ပြောင်းလဲရာတွင် မူရင်းအလုပ်ရှင်ထံမှ ဘိုင်ကျန့်အော် စာရွက် မလိုတော့ကြောင်း နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံးမှ သြဂုတ်လ ၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် အစိုးရအေဂျင်စီ၊ အလုပ်အကိုင်ဌာန၊ နိုင်ငံခြားသားအလုပ်သမားစီမံခန့်ခွဲမှုရုံး၊ တယ်လီဖုန်း ၀ ၂၂၄၅ ၂၅၄၃ရုံးစာအမှတ် ၀၃၁၆.၂/ဒဗလျူ ၂၀၂၅၀၄ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၀ ရက် ‘အလုပ်ရှင်ပြောင်းလဲရန်အတွက် ထောက်ခံစာရွက်စာတမ်းများ တောင်းခံခြင်းနှင့်ပတ်သက်၍အကြောင်းကြားခြင်း’ (ပြည်နယ်အလုပ်အကိုင်ရုံးများနှင့် ဘန်ကောက်အလုပ်အကိုင်ရုံးများ၏ ညွှန်ကြားရေးမှူးများ၊ ဘန်ကောက် ဧရိယာ ၁မှ၁၀အထိ) အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေရေးဌာနသည် အလုပ်ရှင်များ/အဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများထံမှတိုင်ကြားချက်များ/မကျေနပ်ချက်များ လက်ခံရရှိထားပြီး၊ ပြည်နယ်အလုပ်အကိုင်ရုံးနှင့်ဘန်ကောက်အလုပ်အကိုင်ရုံးအချို့သည် နိုင်ငံခြားသားများနှင့် အလုပ်ရှင်ပြောင်းလဲမှုကိုအကြောင်းကြားရန်သွားရောက်သည့်အခါတိုင်းသက်ဆိုင်ရာဌာနအဖွဲ့အ စည်းများမှ အလုပ်ရှင်များကို နိုင်ငံခြားသားအလုပ်သမားများ၏ယခင်အလုပ်ရှင်မှအလုပ်ထွက်ခွင့်အကြောင်းကြားစာနှင့် သက်သေစာရွက်စာတမ်းများကို တောင်းခံနေကြသည်ကိုသိရပါသည်၊ သို့ဖြစ်၍ အလုပ်သမားနှင့်အလုပ်အကိုင်ရှာဖွေ ရေးဌာနအနေဖြင့်နိုင်ငံခြားသားအလုပ်အကိုင်စီမံခန့်ခွဲမှု ဆိုင်ရာ တော်ဝင်အမိန့်ကြေငြာချက် ဘီအီး ၂၅၆၀

Read More