September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Thai

သတင်း

ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး

ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃

Read More
သတင်း

မဲဆောက်တွင် မြန်မာ၂ ဦးအား လက်နက်မျိုးစုံနှင့်ဖမ်းမိ

ထိုင်းနိုင်ငံ ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့နယ် Ban Ruam Rang ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင်နေထိုင်သည့်မြန်မာနိုင်ငံသား ၂ ဦးအား လက်နက်မျိုးစုံ၊ လက်ပစ်ဗုံး၊ ကျည်ဆန်များနှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ထိုင်း aec news သတင်းက ယနေ့(စက်တင်ဘာ-၁၁) ဖော်ပြသည်။ ထိုင်းစစ်တပ်၊ ရာ့ခ်ျမာနူ တပ်ဖွဲ့၊ နရဲဆွမ်း တပ်ဖွဲ့၊ မဲဆောက်ရဲနှင့် အုပ်ချုပ်ရေး အဖွဲ့များ ပူးပေါင်းပြီး ထိုနေအိမ်တစ်လုံးကို ဝင်ရောက်စစ်ဆေးခဲ့စဉ်ဖမ်းမိခဲ့ကြောင်းသိရသည်။ မဲဆောက်မြို့ခံမြန်မာတစ်ဦကလည်း ယမန်နေ့ စက်တင်ဘာလ ၁ဝ ရက်နေ့တွင် ဆာသူးလေကျောင်းနားရှိရပ်ကွက်အတွင်းဖမ်းမိခြင်းဖြစ်ကြောင်းပြောကြားသည်။ မဲဆောက်မြို့ခံထိုင်းအမျိုးသမီးတစ်ဦးကလည်း “ဒီသတင်းကို ကြားတယ့်အခါမှာတော့ ဒါဟာအမှန်တကယ်ဆိုရင်တော့ အန္တရာယ်ရှိတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ အဲ့ဒီအရာတွေကို သူတို့တွေ ဘယ်နေရာမှာ သွားအသုံးပြုမလဲဆိုတာကို မသိပေမယ့် ဘာဘဲဖြစ်ဖြစ် အန္တရာယ်ရှိတယ်လေ။ အခုလိုဖမ်းဆီးလို့ရသွားတာဟာလဲ ကောင်းပါတယ်။ ဌာနဆိုင်ရာတွေကိုလည်း

Read More
သတင်း

ဘန်ကောက်နှင့် စမွတ်ပရာကန်နေရာအချို့ကို ခွေးရူးပြန်ရောဂါ ကူးစက်ဇုန်အဖြစ် အရေးပေါ်ကြေညာ

ထိုင်းနိုင်ငံ ဘန်ကောက်နှင့် စမွတ်ပရာကန်ရှိ အချို့သောနေရာများကို ခွေးရူးပြန်ရောဂါ ယာယီကူးစက်ဇုန်အဖြစ် အရေးပေါ် ကြေညာခဲ့ပြီး ခွေး၊ ကြောင်နှင့် အခြားနို့တိုက်သတ္တဝါများ ရွှေ့ပြောင်းခြင်းကို ရက် ၃ဝ ပိတ်ပင် လိုက်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။ ဘန်ကောက်၊ ဖရာဝတ်ခရိုင်၊ နွန်ဘွန်ရပ်ကွက်တွင် ခွေးရူးပြန်ရောဂါဖြစ်ပွားမှုများ တွေ့ရှိပြီးနောက် တိရစ္ဆာန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးဌာနကထုတ်ပြန်ခြင်းဖြစ်သည်။ ခွေးရူးပြန်ရောဂါသည် လူ၊ ခွေး၊ ကြောင်၊ နွား၊ ကျွဲနှင့် အခြားနို့တိုက်သတ္တဝါများထံ ကူးစက်နိုင်သည့် အန္တရာယ်ရှိသောခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားပြီး စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ ထိုနေရာများတွင် အရေးပေါ်စောင်ကြည့်ရေးဇုန်အဖြစ်သတ်မှတ်ထားကြောင်းထုတ်ပြန်သည်။ သတ်မှတ်ထားသည့်ဇုန်အတွင်း တိရစ္ဆာန်ဆေးကုဆရာဝန်၏ စာဖြင့်ရေးသားခွင့်ပြုချက်မရှိဘဲ ခွေး၊ ကြောင် သို့မဟုတ် ၎င်းတို့၏ အသေကောင်များကို အပြင်သို့ ရွှေ့ပြောင်းခြင်းမပြုရန်၊ တိရစ္ဆာန်ပိုင်ရှင်များသည် ဖျားနာသော တိရစ္ဆာန်များကို

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည်များကို အောက်တိုဘာလ ၁ ရက်ကစပြီး ထိုင်းအလုပ်လုပ်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းများတွင် ခိုလှုံနေသည့် မြန်မာဒုက္ခသည်များအား အောက်တိုဘာလ ၁ ရက်ကစပြီး အလုပ်လုပ်ခွင့်ပြုမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဖြစ်သူ သီရရတ်ဆမ်ရက်ဝါနစ်က စက်တင်ဘာလ ၉ ရက်နေ့တွင်ပြောကြားသည်။ ထိုင်းအစိုးရသည် ၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့က ကျင်းပခဲ့သည့် ကက်ဘိနက်အစည်းအဝေးဆုံးဖြတ်ချက်အတိုင်း နယ်စပ် ယာယီခိုလှုံရာစခန်းများ၌ ၄၁ နှစ်ကျော်ကြာ နေထိုင်ခဲ့ကြသည့် မြန်မာနိုင်ငံမှာ စစ်ဘေးရှောင်လာသူများကို ပထမဆုံးအကြိမ်အဖြစ် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ပေးလိုက်ခြင်းဖြစ်သည်။ ယာယီခိုလှုံရေးစခန်းမှ မြန်မာဒုက္ခသည်များသည် အောက်ပါ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်အတိုင်း အလုပ်လုပ်ကိုင်ရန်လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရကထုတ်ပြန်သည်။ ၁။ ခရိုင်အုပ်ချုပ်ရေးမှူး (သို့မဟုတ်) လက်ထောက်အုပ်ချုပ်ရေးမှူးထံမှ ထိန်းချုပ်ထားသည့် ဧရိယာပြင်ပသို့ ထွက်ခွာခွင့်တောင်းခံခြင်း။ ၂။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း ကျန်းမာရေးစစ်ဆေးမှုခံယူပြီး နိုင်ငံခြားသားလုပ်သားများအတွက် ကျန်းမာရေးအာမခံစနစ်တွင် ဝင်ရောက်ခြင်း။ ၃။ သတ်မှတ်ထားသည့်

Read More
သတင်း အလုပ်သမား သတင်း

မြန်မာဒုက္ခသည် ၇ သိန်းကျော်ကို ကျန်းမာရေးစောင့်ရှောက်မှုပေးမယ် (ရုပ်/သံ)

Migrant Times ရဲ့ အပတ်စဉ် ရွှေပြောင်းရေးရာသတင်း အစီအစဉ်ကနေကြိုဆိုပါတယ်။ ပြည်တွင်း ပြည်ပ ရွှေပြောင်းအလုပ်သမားနဲ့ပတ်သက်တဲ့ သတင်းတွေကိုပြောပြပေးမှာပါ။

Read More
နိုင်ငံရေး သတင်း

ထိုင်းဝန်ကြီးချုပ်သစ် အနုတင် ဆိုတာဘယ်သူလဲ

ထိုင်းနိုင်ငံတွင် ယနေ့ လွှတ်တော်တွင်း ကျင်းပသည့် ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲ၌ ဘုံဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင် ချန်ဗီရာကူလ်(Anutin Charnvirakul)သည် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာကြောင်း ထိုင်းသတင်းကဖော်ပြသည်။ အနုတင် ချာရန်ဗီရာကူလ်သည် ထိုင်းနိုင်ငံ၏ ၃၂ ဦးမြောက် ဝန်ကြီးချုပ်ဖြစ်လာရန် လိုအပ်သော မဲအရေအတွက် ၂၄၇ မဲထက် ကျော်လွန်ပြီး မဲများရရှိခဲ့သည်။ ဘိုဂျိုင်ထိုင်း(Bhumjaithai)ပါတီခေါင်းဆောင် အနုတင်သည် ထိုင်းနိုင်ငံတွင် ဆေးခြောက်တရားဝင်သုံးစွဲခွင့်ရအောင် လွှတ်တော်တွင်း တင်သွင်းခဲ့သူဖြစ်ပြီး သူ၏ပါတီသည် ဆေးခြောက်ပါတီဟုလည်း ထိုင်းနိုင်ငံတွင် လူသိများသည်။ အနုတင်သည် ဘန်ကောက်မြို့ Assumption ကောလိပ်တွင် အလယ်တန်းပညာ (၁၉၈၄ ခုနှစ်)၊ အမေရိကန်ပြည်ထောင်စု၊ မက်ဆာချူးဆက်ပြည်နယ်တွင် Worcester Academy (၁၉၈၅ ခုနှစ်) တို့ကို တက်ရောက်ခဲ့ပြီး နယူးယောက်မြို့ Hofstra တက္ကသိုလ်မှ စက်မှုအင်ဂျင်နီယာသိပ္ပံဘွဲ့ကို

Read More
သတင်း

ထိုင်းမှာ F4 နှင့်တူသည့် ရဲများက မူးယစ်ဆေးဝါးသုံးသူကိုဖမ်းဆီးပြီးနောက် ရေပန်းစား

ဇူလိူင် ၂၂ ၊ Migrant Times ထိုင်းရဲအရာရှိ ၄ ဦးသည်မူးယစ်ဆေးဝါးသုံးစွဲသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးနောက် တင်ခဲ့သည့်ဓာတ်ပုံသည် F4 မင်းသားများနှင့်တူသည်ဆိုကာ လူမှုကွန်ရက်သုံးသူများအကြားရေပန်းစားနေသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့တွင် ဘူရီရမ်ပြည်နယ်၊ ခရာဆန်ခရိုင်ရှိ လမ်ဒူအန်ရဲစခန်းမှ ရဲအရာရှိ ၄ ဦးသည် မက်သမ်ဖက်တမင်း သုံးစွဲသူကို ဖမ်းဆီးခဲ့ပြီး ရဲစခန်း၏ စုံစမ်းစစ်ဆေးရေးစာမျက်နှာတွင် “အချစ်ဆိုတာ မူးယစ်ဆေးဝါးနဲ့တူတယ်။ မင်းရယူပိုင်ခွင့်ရှိပေမယ့် ပိုင်ဆိုင်ခွင့်တော့ မရှိဘူး” ဟူသော စာသားနှင့်အတူ တင်ခဲ့သည်။ တရားခံနောက်တွင် ဆံပင်ရှည်များနှင့် မတ်တပ်ရပ်ထားသည့် ရဲအရာရှိ ၄ ဦး၏ ဓာတ်ပုံကြောင့် အွန်လိုင်းအသုံးပြုသူများက ၎င်းတို့ကို ထိုင်ဝမ်အမျိုးသား သရုပ်ဆောင် အဆိုတော်အဖွဲ့ F4 နှင့်တူသည်ဟု နောက်ပြောင်ကာ မျှဝေခဲ့ကြသည်။ ၎င်းနောက် ထိုင်းသတင်းထောက်များသည် လမ်ဒူအန်ရဲစခန်းသို့

Read More
သတင်း

ဖူးခက်ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွား သေဆုံ

ဇူလိူင် ၂၁ ၊ Migrant Times ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ ကိုဟေး (Coral Island) ကမ်းခြေတွင် မုန်တိုင်းကြောင့် သစ်ပင်လဲကျပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ (ဇူလိူင် ၂ဝ)မွန်းလွဲပိုင်းတွင် ရုတ်တရက်လေပြင်းတိုက်ခတ်ကာ ကမ်းခြေကုလားထိုင်များပေါ်သို့ သစ်ပင်တစ်ပင်လဲကျခဲ့ပြီး တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး သေဆုံးကာ သူမ၏ခင်ပွန်းလည်း ဒဏ်ရာရရှိခဲ့သည်။ ချာလုံရဲစခန်းမှ အရာရှိများ၏ ပြောကြားချက်အရ အဆိုပါဇနီးမောင်နှံသည် အပူပိုင်းမုန်တိုင်း “ဝိဖာ” ကြောင့် လေပြင်းများတိုက်ခတ်နေစဉ် ကမ်းခြေရှိ သစ်ပင်တစ်ပင်အောက်တွင် အနားယူနေခဲ့ကြသည်။ လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်သည် အမြစ်ပြတ်လဲကျကာ အသက် ၅၃ နှစ်အရွယ် တရုတ်အမျိုးသမီးဝမ်၏ လည်ပင်း၊ ရင်ဘတ်နှင့် ခန္ဓာကိုယ်အပေါ် တိုက်ရိုက်လဲကျခဲ့ပြီး ပြင်းထန်သော ဒဏ်ရာများရရှိခဲ့သည်။ ဒေသခံ ခရီးသွားဝန်ထမ်းများက အဆိုပါဇနီးမောင်နှံကို လှေဖြင့် ချာလုံဆိပ်ခံတံတားသို့

Read More
သတင်း

မဲဆောက် ရွှေ့ပြောင်းကျောင်းတွင် လိင်ပိုင်းဆိုင်ရာကျူးလွန်သည့် ဆရာကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ထိုင်းနိုင်ငံ ၊မဲဆောက်မြို့နယ်ရှိ ရွှေ့ပြောင်းပညာရေးကျောင်းတစ်ကျောင်းမှ အသက် ၇၂ နှစ်အရွယ် ကျောင်း ဆရာဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ရဲစခန်းက အချုပ်တွင်ထိန်းသိမ်းထားကြောင်း အမှုဖွင့်လှစ်ခဲ့သူတစ်ဦးကပြောကြားသည်။ “ကျူးလွန်သူကိုရဲဘက်ကအချုပ်ထဲထည့်ထားပါပြီ။ တနင်္လာနေ့မှာ တရားရုံးမှာအမှုတင်ပါမယ်။ တရားသူကြီးက အမှုကိုလက်ခံတာနဲ့ ထောင်ကျတဲ့ အထိ ဆက်လက်ပြီး ရင်ဆိုင်သွားပါမယ်…”ဟုအမှုဖွင့်လှစ်ခဲ့သူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် ဇူလိူင်လ ၁၈ ရက်နေ့ညက အသိပေးခဲ့သည်။ ဦးဇော်ငြိမ်းလတ်အား ကလေးငယ်များကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့သည့်အတွက် ပြီးခဲ့သည့်ဇူလိူင်လ ၁၆ ရက်နေ့က လိင်အမြတ်ထုတ်ခံရသည့် ကျောင်းသားကလေးငယ်များ၏ မိဘများ၊ ကလေးသူငယ်ကူညီစောင့်ရှောက်ရေးအဖွဲ့ နှင့် ရှေ့နေတစ်ဦးတို့သည် မဲဆောက်ရဲစခန်းရှိ စုံစမ်းစစ်ဆေးရေးမှူးထံ တိုင်ကြားခဲ့ကြောင်း ထိုင်းသတင်းဌာနတစ်ခုကဖော်ပြခဲ့သည်။ လူမှုကွန်ရက် မီဒီယာပေါ်တွင် ဖော်ပြနေကြသော ဝေဖန်မှုများနှင့်စပ်လျဉ်းပြီး ဦးဇော်ငြိမ်းလတ် အား သွေးသစ် learning

Read More
ဆောင်းပါး

ရွှေ့ပြောင်းကျောင်းများနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကာကွယ်စောင့်ရှောက်ရေး နည်းလမ်းများ

– ထူးချစ် ထိုင်း-မြန်မာနယ်စပ်ဒေသရှိ ရွှေ့ပြောင်းကလေးများ၏ သင်ကြားရေးစင်တာများ၊ စစ်ဘေးရှောင်ကလေးများ၏ စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များနှင့် ဒုက္ခသည်စခန်းများအတွင်း ပညာသင်ကြားနေကြသည့် ကလေးသူငယ်များသည် နည်းလမ်းပေါင်းစုံဖြင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေကြရပါသည်။ ဤပြဿနာသည် ကလေးများ၏ ဘဝနှင့် အနာဂတ်အပေါ် ဆိုးရွားစွာ သက်ရောက်မှုရှိနေပါသည်။ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ကျူးလွန်သူအများစုမှာ အဆိုပါ သင်ကြားရေးစင်တာများတွင် စာသင်ကြားပေးနေသည့် ကျောင်းအုပ်များ၊ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အနေဖြင့်လည်း ရွှေ့ပြောင်းကလေးငယ်များ၏ ပညာရေးလုပ်ငန်းများကို နှစ်ပေါင်း (၂ဝ) ကျော်ကြာ လုပ်ဆောင်နေသည့် ကာလအတွင်း ဆရာ၊ ဆရာမများ၊ စေတနာ့ဝန်ထမ်းများနှင့် ဝန်ထမ်းများအကြား အဆိုပါ ပြဿနာများကို အနည်းနှင့်အများ ကြုံတွေ့ခဲ့ရဖူးပါသည်။ ဒုက္ခသည်စခန်းများအတွင်း အသက်မပြည့်သေးသူများအပေါ် မုဒိမ်းမှုများ၊

Read More