ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၃ ဦး ရေနစ်သေဆုံး
ထိုင်းနိုင်ငံ ၊ကန်ချနဘူရီပြည်နယ်၊ ဆန်ခလဘူရီဒေသရှိ ရေလှောင်တမံတစ်ခုတွင် ယမန်နေ့ စက်တင်ဘာလ ၁၂ ရက်နေ့၌ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ ဦး (အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး)၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်းထိုင်းသတင်းကဖော်ပြသည်။ ဒေသခံများသည် ယမန်နေ့ ရုပ်အလောင်းများ တွေ့ရှိခဲ့ပြီး ထိုင်းအာဏာပိုင်များထံ အကြောင်းကြားခဲ့သည်။ ထိုင်းအာဏာပိုင်များအဆိုအရ သေဆုံးသူ ၃ ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ည၌ တရားမဝင် နယ်စပ်ဖြတ်ကျော်ကာ ထိုင်းနိုင်ငံထဲသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် မြန်မာအလုပ်သမား ၂၂ ဦးအနက်မှ ဖြစ်နိုင်ကြောင်းသိရသည်။ မြန်မာအလုပ်သမားများအား လူမှောင်ခိုသမားများက ဝါဂျီရာလောင်ကွန်းဆည်ရေလှောင်တမံကို ဖြတ်ကျော်၍ ထောင်းဖဖုံခရိုင်ကမ်းခြေဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း၊ ဖြတ်သန်းစဉ်အတွင်း လှေသည် ရေအောက်ရှိ သစ်ငုတ်ကို တိုက်မိခဲ့ပြီး အလုပ်သမား ၃