September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Earthquake

သတင်း

ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာလုပ်သား ၈ ဦး လျော်ကြေး ဘတ် ၈ သန်းရ

ဩဂုတ် ၁၆ – Migrant Times ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ချပ်တူချပ်နယ်မြေတွင် မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့်ဆောက်လုပ်ဆဲ စာရင်းစစ်ချုပ်ရုံးအဆောက်အဦးပြိုကျမှုတွင် သေဆုံးခဲ့သော မြန်မာအလုပ်သမားများအနက် ထပ်မံ၍ မြန်မာအလုပ်သမား(၈)ဦး ၏ လျော်ကြေားစုစုပေါင်း ဘတ် ၈ သန်းရရှိခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးကထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းရှေ့နေများကောင်စီရုံး၌ သေဆုံးသူမြန်မာအလုပ်သမား (၈) ဦး၏ မိသားစုဝင်များအား CHINA RAILWAY NO.10 (THAILAND) CO. LTD က လူသားချင်းစာနာထောက်ထားမှုထောက်ပံ့ကြေးအဖြစ် ဘတ် (၁) သန်းစီကို ချက်လက်မှတ်ဖြင့် လက်ရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ငလျင်ကြောင့် ဘန်ကောက်မြို့ရှိ ဆောက်လုပ်ဆဲစာရင်းစစ်ချုပ်ရုံးအဆောက်အဦး ပြိုကျပျက်စီးမှုကြောင့် သေဆုံးသူ မြန်မာအလုပ်သမားများအနက် စီစစ်ပြီးသူ (၇) ဦး၏ မိသားစုဝင်များအား

Read More
သတင်း

မနီလာ ငလျင်ပြတ်ရွေ့ကြောင့် ထိုင်းတွင် ဆူနာမီဖြစ်နိုင်ကြောင်း သတိပေး

ဇူလိူင် ၂၆ ၊ Migrant Times ။ ဖိလစ်ပိုင်နိုင်ငံရှိ မနီလာ ပြတ်ရွေ့ကြောတွင် အင်အားပြင်းငလျင်လှုပ်ခတ်ပါက ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းကို ထိခိုက်နိုင်သည့် ဆူနာမီ ဖြစ်နိုင်ခြေရှိကြောင်း ထိုင်းမိုးလေဝသဌာနက သတိပေးသည်ဟု ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် လူမှုရေးဝန်ကြီးဌာန လက်အောက်ရှိ ထိုင်းမိုးလေဝသဌာနသည် ဖိလစ်ပိုင်ရှိ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် အင်အားပြင်းငလျင်လှုပ်ခတ်နိုင်ခြေရှိသည့် အခြေအနေများကို စောင့်ကြည့်နေကြောင်းထုတ်ပြန်သည်။ ယင်းငလျင်ကြောင့် ထိုင်းနိုင်ငံတောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသများ၊ ထိုင်းပင်လယ်ကွေ့တစ်လျှောက်တွင် ဆူနာမီ ရိုက်ခတ်နိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။ မနီလာ ပြတ်ရွေ့ကြောတစ်လျှောက် ငလျင်ကြီးလှုပ်ပါက ထိုင်းနိုင်ငံသို့ ဆူနာမီရိုက်ခတ်နိုင်ခြေရှိကြောင်း “Anti-Fake News Centre Thailand” မှတစ်ဆင့် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ရှိ ဖိလစ်ပိုင်နိုင်ငံ၏ အနောက်ဘက်တွင် တည်ရှိသော မနီလာ ပြတ်ရွေ့ကြောသည် ဆူနာမီလှိုင်းများကို တောင်ဘက်သို့

Read More
သတင်း

ဘန်ကောက်တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား ၃ ဦးအတွက်ဘတ် ၃ သန်းလျော်ကြေးရ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ကြောင့် သေဆုံးခဲ့သည့် မြန်မာအလုပ်သမားများအနက် ၃ ဦးအတွက် နစ်နာကြေးစုစုပေါင်း ဘတ် ၃ သန်း(ဘတ်သိန်း ၃ဝ)ရရှိခဲ့ကြောင်း ကူညီဆောင်ရွက်ပေးခဲ့သည့်WAG Myanmar အဖွဲ့မှသိရသည်။ ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့တွင် ချက်တူချက်မြို့နယ်ရှိ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံဆောက်လုပ်ရေးလုပ်ငန်းခွင်သည် ငလျင်ကြောင့်ပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများအပါအဝင် အလုပ်သမား ၉ဝ နီးပါးသေဆုံးခဲ့သည်။ ယမန်နေ့ မေလ ၁၆ ရက်နေ့တွင် Chana Rich Co.,td မှ စာရင်းစစ်ချုပ်ရုံး အဆောက်အအုံပြိုကျမှုတွင်သေဆုံးခဲ့သည့် မြန်မာအလုပ်သမားအနက် ၃ ဦးစာအတွက် ဘတ်ငွေ(၃ဝ)သိန်းကို မိသားစုဝင်များအား ပေးအပ်ခဲ့ကြောင်း သိရသည်။ သေဆုံးမြန်မာအလုပ်သမားတစ်ဦး လျှင်ကုမ္ပဏီကပေးသည့် နစ်နာကြေး ဘတ် ၁ သန်း(ဘတ် ၁ဝ သိန်း)သာရရှိသေးပြီး ပကန်စံခွန်ရုံးမှ နစ်နာ‌ကြေးထုတ်ယူနိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း

Read More
သတင်း

ဘန်ကောက်ပြိုကျ အဆောက်အအုံတွင် ရုပ်အလောင်းရှာဖွေမှု ပြီးဆုံး

အပျက်အစီးများအတွင်း တွေ့ရှိသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းများကို စစ်ဆေးမည် မေ ၁ဝ ၊ Migrants Time ။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြိုကျခဲ့သည့် နိုင်ငံတော်စာရင်းစစ်ချုပ်ရုံး အဆောက်အအုံတွင် သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ဆယ်ယူရေး လုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့က မေလ ၁ဝ ရက်နေ့တွင် ကြေညာသည်။ အဆိုပါအဆောက်အအုံ ပြိုကျမှုသည် မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံတွင် လှုပ်ခဲ့သော ပြင်းအား ၇.၇ အဆင့်ရှိ ငလျင်၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့၏ ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးရုံး ညွှန်ကြားရေးမှူး စုရိယာချိုင်းက မြေအောက်ထပ်အောက်ရှိ ဓာတ်လှေကား လမ်းကြောင်းများ အပါအဝင် နောက်ဆုံးကျန်ရှိသည့် နေရာများအားလုံးသို့ ရောက်ရှိစစ်ဆေးနိုင်ခဲ့ပြီး ဓာတ်လှေကား

Read More
သတင်း

ဘန်ကောက် ပြိုကျအဆောက်အအုံ အောက်မှ မြန်မာအလုပ်သမား၏ ရွှေများ ပြန်လည်ရရှိ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၊ ချာတူချတ်ခ်မြို့နယ်ရှိ ငလျင်ကြောင့် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး အဆောက်အအုံ ဇုန် B အောက်မှ မြန်မာအမျိုးသမီးအလုပ်သမား၏ ရွှေဆွဲကြိုးများနှင့် လက်စွပ်များ ပြန်လည်ရရှိခဲ့ကြောင်း Ruamkatanyu ကယ်ဆယ်ရေးဖောင်ဒေးရှင်းမှသိရသည်။ ဖောင်ဒေးရှင်းမှ ကယ်ဆယ်ရေး လုပ်သားများသည် ပြိုကျခဲ့သည့် စာရင်းစစ်ရုံး ဇုန် B အဆောက်အအုံမှ အပျက်အစီးများကို ရှင်းလင်းနေစဉ် ရွှေထည်များကို မေလ ၉ ရက်နေ့တွင်တွေ့ရှိခဲ့ပြီး ရဲတပ်ဖွဲ့ထံ ပျောက်ဆုံးသွားသော ပစ္စည်းများကို အပ်နှံခဲ့သည်။ ပြန်လည်ရရှိသော ပစ္စည်းများတွင် ရွှေလက်စွပ် ၄ ကွင်း၊ ဆွဲကြိုး ၁ ကုံး၊ လက်ကောက် ၁ ကွင်း၊ ပုလဲဆွဲသီး ၁ ခု၊ နှင့် ရွှေငါးဆွဲသီး ၁ ခု တို့ပါဝင်ပြီး စုစုပေါင်း

Read More
သတင်း

ဘန်ကောက်ရှိ ငလျင်ကြောင့် ပြိုကျအဆောက်အအုံတွင် ပျောက်ဆုံးသူ ၆ ဦးထပ်တိုး

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်ဈေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိ စာရင်းစစ်ရုံး အဆောက်အအုံတွင် ပျောက်ဆုံးသူ ၁ဝ၃ ဦးရှိခဲ့ရာမှ ၆ ဦးထပ်တိုးကာ စုစုပေါင်း ၁ဝ၉ ဦးရှိကြောင်း ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့က မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ယနေ့ မေလ ၅ ရက်နေ့အထိ တစ်လကျော်အကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ထိုင်းမီးသတ်နှင့်ကယ်ဆယ်ရေးအဖွဲ့၏ မေလ ၃ ရက်နေ့

Read More
သတင်း

“သမိုင်း ပျောက်ဆုံးခြင်း”

မြန်မာ့ အမွေအနှစ်များ ငလျင်၏ သားကောင်ဖြစ်ခဲ့ရ ။ ဧပြီ ၃ဝ ၊ Migrant Times ။ ပြီးခဲ့သည့်လက မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပြင်းထန်သည့် ငလျင်ကြောင့် ရာစုနှစ်များစွာ တည်ရှိခဲ့သည့် သမိုင်းဝင် အထိမ်းအမှတ်များ ပြိုကျခဲ့သည်။ ထိုအထဲတွင် ကြီးမားသော ဗုဒ္ဓဆင်းတုတော်များ၊ ကောင်းကင်ကိုထိုးထွင်းမည့်ဟန် စေတီတော်များနှင့် အသက် ၈၃ နှစ်အရွယ် ဒေါ်ခင်စိန် ဘဝတစ်လျှောက်လုံး ဆုတောင်းခဲ့သော ဘုရားစေတီတော်များ ပါဝင်ခဲ့သည်။ ရစ်(ချ်)တာ စကေး ၇.၇ အဆင့်ရှိ ငလျင်ကြောင့် မန္တလေးမြို့ရှိ နဂါရုံစေတီတော် ပြိုကျခဲ့သည်။ မန္တလေးသည် မြန်မာနိုင်ငံ၏ နောက်ဆုံး မင်းနေပြည်တော်ဖြစ်ကာ လူပေါင်း ၃,၇ဝဝ ကျော် သေဆုံးခဲ့သည့် ဘေးအန္တရာယ်တွင် ရှေးဟောင်းအမွေအနှစ်များ ပျက်စီးဆုံးရှုံးခဲ့သည်။ နဂါရုံဗိမာန်တော်ကို မြတ်စွာဘုရားက

Read More
သတင်း

ထိုင်းနိုင်ငံတွင် ငလျင် အရေးပေါ် မိုဘိုင်းဖုန်း သတိပေးစနစ် မေလတွင် ပြုလုပ်မည်

ထိုင်းနိုင်ငံတွင် ငလျင်အန္တရာယ်အတွက် အရေးပေါ် မိုဘိုင်းဖုန်းသတိပေးစနစ်ကို မေလတွင်း စမ်းသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း ဆိုက်ဘာရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးဗျူရို (CIB)မှထုတ်ပြန်သည်။ မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သည့် ငလျင်အပြီးတွင် SMS မှတစ်ဆင့် အရေးပေါ်သတိပေးစနစ်ကို စမ်းသပ်မည်ဖြစ်ပြီး ဖုန်းများကို ပြင်ဆင်ထားရန် CIB မှတိုက်တွန်းသည်။ သတ်မှတ်ဧရိယာရှိ အသုံးပြုသူများထံ တိုတိုတုတ်တုတ် အပြန်အလှန် စာတိုပို့စနစ်ကို မိုဘိုင်းကွန်ရက်အော်ပရေတာများအား တစ်ပြိုင်နက် ပို့ခွင့်ပြုသော နည်းပညာ ဖြစ်သည့် ဆဲလ်ဘရော့ဒ်ကတ်စ် ဝန်ဆောင်မှုကို အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ iOS အသုံးပြုသူများအတွက် Settings အပိုင်းသို့သွား၍ General ကိုနှိပ်ကာ ထို့နောက် About ကိုနှိပ်ရန်လိုအပ်ပြီး Update တောင်းဆိုသည့် ပေါ့အပ် ပေါ်လာမည်ဖြစ်ကာ အသုံးပြုသူများအနေဖြင့် Agree ကိုနှိပ်ရမည်ဟု ဆိုသည်။ ထို့နောက် Settings သို့ပြန်သွား၍ Notifications

Read More
သတင်း

ဘန်ကောက်ရှိ ပြိုကျအဆောက်အအုံတွင် သေဆုံးသူ ၆ဝ ဦးထိတိုးလာ

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ ငလျင်ကြောင့် ပြိုကျခဲ့သော အထပ် ၃ဝ ရှိအဆောက်အအုံအပျက်အစီးများအောက်မှ ရုပ်အလောင်း ၃ လောင်းကို ထပ်မံတွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၆ဝ ဦးထိတိုးလာကြောင်း ထိုင်းသတင်းက ရေးသားသည်။ ရုပ်အလောင်းများကို ပြိုကျခဲ့သော စာရင်းစစ်ရုံး (SAO) အဆောက်အအုံ၏ မီးဘေးလွတ်ရာ လှေကားထစ် ဧရိယာတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။ မတ်လ ၂၈ ရက်နေ့တွင် မန္တလေးမြို့အနီး၌ ဖြစ်ပွားခဲ့သော အင်အားပြင်းငလျင်၏ သက်ရောက်မှုကြောင့် ဘန်ကောက်မြို့ရှိ စာရင်းစစ်ရုံး (SAO) အဆောက်အအုံပြိုကျခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့များက ဧပြီလ ၂၆ ရက်နေ့အထိ တစ်လနီးပါးအကြာ ဆက်လက်ရှာဖွေနေကြသည်။ အဆိုပါ အဆောက်အအုံသည် ဆောက်လုပ်ဆဲအချိန်ဖြစ်ခြင်းကြောင့် အလုပ်သမား ၁ဝဝ ကျော်ပိတ်မိခဲ့ကြောင်း ဘန်ကောက်မြို့တော်စီမံအုပ်ချုပ်ရေး (BMA) ၏ အစီရင်ခံချက်အရ သိရသည်။ ဧပြီလ

Read More
သတင်း

ဘန်ကောက်ရှိ အဆောက်အအုံပြိုကျမှုတွင် သေဆုံးသည့် မြန်မာတစ်ဦးကို သင်္ဂြိုဟ်

မတ်လ ၂၈ ရက်နေ့က ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်စျေးအနီးရှိ စာရင်စစ်ရုံး အဆောက်အအုံပြိုကျမှုတွင် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား တစ်ဦးကို ထပ်မံသင်္ဂြိုဟ်ခဲ့ကြောင်း WAG Myanmar အဖွဲ့မှသိရသည်။ သေဆုံးခဲ့သည့် မြန်မာအလုပ်သမား မောင်နိုင်ထက်လင်း၏ ရုပ်အလောင်းကို ဧပြီလ ၂၄ ရက်နေ့တွင် ချက်တူချက်ရှိ WAT SMAN NARI ဘုန်းကြီးကျောင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း WAG Myanmar အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။ WAG Myanmar အဖွဲ့က ဧပြီလ ၂၄ ရက်နေ့အထိ သင်္ဂြိုလ်ပေးခဲ့သည့် မြန်မာအလုပ်သမား ၅ ဦးရှိပြီဖြစ်ကြောင်း သူကဆက်ပြောသည်။ မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်မှုကြောင့် စာရင်းစစ်ရုံး အဆောက်အအုံပြိုကျခဲ့ပြီး မြန်မာအလုပ်သမားများ အပါအဝင်

Read More