ဘန်ကောက်ရှိ မြန်မာအမျိုးသမီးထံမှ ဘတ် ၁ဝ သန်း ခိုးသည့် မြန်မာ ၃ ဦးဖမ်းဆီးခံရ
ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့၊ ဖရားခနုမ်းမြို့နယ်(Phra Khanong)တွင် နေထိုင်သည့် မြန်မာအမျိုးသမီး ၁ ဦး၏ အခန်းထံမှ ထိုင်းဘတ်ငွေ ၁ဝ သန်း ခိုးယူပြီး ထွက်ပြေးတိန်းရှောင်နေသည့် မြန်မာ ၃ ဦးအား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဘန်ကောက် မြို့တော် ရဲတပ်ဖွဲ့(Metropolitan Police Bureau-MPB) ကယနေ့ထုတ်ပြန်သည်။ MPB ဌာနထုတ်ပြန်ချက်အရ ဖရားခနုမ်း နယ်မြေရှိ ကွန်ဒိုမီနီယမ်တစ်ခုတွင် နိုဝင်ဘာလ ၉ ရက်နေ့၊ ည ၁၀ နာရီ ခွဲခန့်တွင် ၎င်းခိုးယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ၎င်းကွန်ဒိုတွင် နေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦး (ထိုင်းနိုင်ငံရှိ နိုင်ငံခြားသား အလုပ်သမား စျေးကွက်ရှာဖွေရေးဌာနတွင် အလုပ်လုပ်သူ) သည် သူမ၏အခန်းမှ ဘတ် ၁၀ သန်းကျော်တန်ဖိုးရှိ ငွေသားများ ပျောက်ဆုံးသွားကြောင်း လာရောက်အကြောင်းကြားခဲ့ကြောင်း ဘန်ကောက်
