September 23, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand

Cambodia

သတင်း

ကမ္ဘောဒီးယားများနေရာ အစားထိုးရန် မြန်မာလုပ်သား ၄ သောင်းကျော်ခေါ်ယူမည်ဟု ထိုင်းပြော

◼ဖိလစ်ပိုင် အင်ဒိုနီးရှား နီပေါ သီရိလင်္ကာ လုပ်သားများလည်းထိုင်းခေါ်မည် ထိုင်းနိုင်ငံမှ ကမ္ဘောဒီးယားနိုင်ငံသား သိန်းနှင့်ချီ နေရပ် ပြန်သွားပြီး နောက် အလုပ်သမားရှားပါးမှု ဖြေရှင်းရန်အတွက် မြန်မာနိုင်ငံမှရွှေ့ပြောင်း အလုပ်သမား ၄၂,ဝဝဝ ခန့်ကို လာမည့် သြဂုတ် ၁၉ ရက် အင်္ဂါနေ့တွင် ခေါ်ယူသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး Mr. Pongkawin ကပြောကြောင်း thai pbs သတင်းတွင်ဖော်ပြသည်။ ထို့အပြင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ နီပေါနှင့် သီရိလင်္ကာ စသည့်နိုင်ငံမှ နောက်ထပ်အလုပ် သမား တစ်သိန်းခန့်ကို ဆက်လျှက် ခေါ်ယူနိုင်ရန် ရွှေ့ပြောင်းအလုပ်သမား မူဝါဒ ကော်မတီ (ALEM) ကိုလည်း ထူထောင်မည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးကဆိုသည်။ အလုပ်သမားဝန်ကြီးဌာနက ထိုင်းနိုင်ငံသို့ တရားမဝင်ပြန်လည်ဝင်ရောက်လာသည့် ကမ္ဘောဒီးယား အလုပ်သမား များနှင့် မပြန်နိုင်သေးသည့်

Read More
သတင်း

ကမ္ဘောဒီးယားမှထိုင်းအတွင်း တရားမဝင်ပြန်ဝင်သည့် မြန်မာ ၆ ဦးဖမ်းဆီးခံရ

ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်ဝင်သည့် မြန်မာနိုင်ငံသား ၆ ဦးနှင့်ကမ္ဘောဒီးယားလမ်းပြတစ်ဦးအား ဩဂုတ်လ ၁၂ ရက်နေ့တွင် Aranyaprathet ခရိုင် နယ်စပ်၌ထိုင်းအာဏာပိုင်များက ဖမ်းမိခဲ့ကြောင်း ထိုင်းနေးရှင်းသတင်းတွင်ဖော်ပြသည်။ မြန်မာအလုပ်သမားများသည် ဆောက်လုပ်ရေးအလုပ်လုပ်ရန်အတွက် ကမ္ဘောဒီးယားကို သွားရောက်ခဲ့ကြသော်လည်း အလုပ်လက်မဲ့ဖြစ်နေခြင်းကြောင့် ထိုင်းမှတစ်ဆင့် မြန်မာနိုင်ငံကို ပြန်ရန် လမ်းပြကို မြန်မာငွေကျပ် ၃ သန်း ပေးခဲ့ရကြောင်း သတင်းတွင်ရေးသားသည်။ ဇူလိူင်လနောက်ဆုံးပတ်အတွင်းဖြစ်ပွားခဲ့သည့် ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲများကြောင့်ကမ္ဘောဒီးယားအလုပ်သမားများ နေရပ်ပြန်ခဲ့ကြသော်လည်း အများစုသည် ထိုင်းနိုင်ငံထဲကို ပြန်ဝင်ရောက်ရေး ကြိုးစားနေကြကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ယမန်နေ့ ဩဂုတ်လ ၁၃ ရက်နေ့၊ နံနက် ၁:၂၀ အချိန်တွင် Aranyaprathet ခရိုင်အတွင်းတွင် ထိုင်းအထူးတပ်ဖွဲ့တစ်ခုက ကလေးနှစ်ဦးအပါအဝင် ကမ္ဘောဒီးယားနိုင်ငံသား ၁၀ ဦးပါအဖွဲ့ကို ဖမ်းဆီးခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံသားများသည် နိုင်ငံအတွင်းနေထိုင်ရန်ဝင်ငွေမရှိဖြစ်နေကြောင်း၊ လမ်းပြတစ်ဦးကို ထိုင်းသို့ပို့ရန်

Read More
သတင်း

ချွန်ဘူရီတွင် ကမ္ဘောဒီးယားလုပ်သားများပြန်သွားပြီးနောက် အလုပ်သမားများရှာဖွေနေ

ထိုင်းနိုင်ငံ ၊ ချွန်ဘူရီပြည်နယ်တွင် ကမ္ဘောဒီးယားအလုပ်သမား ၆,ဝဝဝ ကျော်သည် မှုရင်းနိုင်ငံသို့ ပြန်သွားကြသည့်အတွက် လုပ်ငန်းရှင်များက အခြားနိုင်ငံမှ အလုပ်သမားများကို အစားထိုးရန် ရှာဖွေနေကြသည်။ ယနေ့( သြဂုတ်လ ၇ ရက်) တွင် ချွန်ဘူရီပြည်နယ် အလုပ်သမားရေးရာ ညွှန်ကြားရေးမှူး ချာလွမ်ဖွန် နီက အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့အကြား နယ်စပ်ဒေသ စစ်ရေးပဋိပက္ခများကြောင့် နေ့စဉ်လူနေမှုဘဝနှင့် အလုပ်အကိုင်များတွင် ထိခိုက်မှုများ ကြုံတွေ့နေရသည်ဟု ပြောကြားခဲ့ကြောင်း ရေဒီယိုချွန်သတင်းကဖော်ပြသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်မှစ၍ လက်ရှိအချိန်အထိ ချွန်ဘူရီတွင် ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားများကို အလုပ်ခန့်ထားသည့် လုပ်ငန်း ၄,၇၂၂ ခုရှိပြီး ကမ္ဘောဒီးယားအလုပ်သမား ၇၆,၈၃၉ ဦးရှိသည်။ ချွန်ဘူရီပြည်နယ်ရှိ အလုပ်သမားဝန်ကြီးဌာန လက်အောက်ရှိ ဌာနများသည် လုပ်ငန်း ၁၅၆

Read More
သတင်း

ထိုင်း အရပ်သား ၈ ဦးသေဆုံးခဲ့သည့် နယ်စပ်ဒေသကို သံတမန်များလေ့လာ

ဩဂုတ် ၁ ၊ Migrant Times ။‌ထိုင်းနိုင်ငံတွင် ကမ္ဘောဒီးယားတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် ထိုင်းအရပ်သား ၈ ဦးသေဆုံးခဲ့သည့် နယ်စပ်ဒေသရှိနေရာကို သံအမတ်များ၊ စစ်သံမှူးများ၊ ပြည်တွင်းပြည်ပ သတင်းမီဒီယာများက ယနေ့ (ဩဂုတ်လ ၁ ရက်) တွင် သွားရောက်လေ့လာခဲ့ကြသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့တွင် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ထိုင်း၊စီစကစ်ခရိုင်၊ ကန်ထရလတ်မြို့နယ်၊ နောင်ယလတ်ရပ်ကွက်၊ ဘန့်ဖိုရွာရှိ PTT ဓာတ်ဆီဆိုင်နှင့် 7/11 ဆိုင်တို့ ထိခိုက်ပျက်စီးခဲ့ရာ အရပ်သား ၈ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများထဲတွင် သားအမိနှစ်ဦး (အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် ၎င်း၏မိခင်) ပါဝင်ခဲ့သည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄

Read More
သတင်း

ခမာလုပ်သားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးရန် ထိုင်းပြင်ဆင်

ဩဂုတ် ၁ ၊ Migrant Times ထိုင်းနိုင်ငံတွင် ခမာ(ကမ္ဘောဒီးယား )အလုပ်သမားများနေရာတွင် မြန်မာအလုပ်သမားများအား အစားထိုးခန့်ရန် စက်ရုံအချို့က ပြင်ဆင်နေကြသည်။ထိုင်းနိုင်ငံ ၊ ဆမွတ်ဆာခွန်ရှိ အလုပ်သမားရေးရာအရာရှိများသည် ယမန်နေ့ ဇူလိူင်လ ၃၁ ရက်နေ့တွင် စက်မှုဇုန် အလုပ်ရှင်များနှင့်တွေ့ဆုံခဲ့ပြီး ကမ္ဘောဒီးယား သို့ပြန်သွားကြသည့် အလုပ်သမားများနေရာတွင် မြန်မာလုပ်သားများ အစားထိုးခန့်ရန် ဆွေးနွေးခဲ့ကြကြောင်း ထိုင်း naewnaသတင်းတွင်ဖော်ပြသည်။ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ဒေသတွင် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများကြောင့် အလုပ်သမားဝန်ကြီးဌာနသည် ဆမွတ်ဆာခွန်မြို့နယ်၊ တာဆိုင်းရပ်ကွက်ရှိ စက်မှုဇုန်တွင် အလုပ်လုပ်နေသော ကမ္ဘောဒီးယားနိုင်ငံသားများ၏ အလုပ်ရှင်များနှင့် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။ အလုပ်ရှင်များက ကမ္ဘောဒီးယားနိုင်ငံသား အလုပ်သမားအချို့သည် ၎င်းတို့၏ နိုင်ငံသို့ ပြန်သွားကြပြီးကျန်ရှိသူအချို့မှာ အလုပ်ဆက်လုပ်ရန်နှင့် ပြန်ရန် ဆုံးဖြတ်နေကြသည့်အတွက် အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဆွေနွေးပွဲတွင်ပြောကြားသည်။ အလုပ်ရှင်များက လုပ်ငန်းများ

Read More
သတင်း

ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဒုက္ခသည် ၅ သောင်းကျော်အတွက် FED လှူဒါန်းရန်ဖိတ်ခေါ်

ဩဂုတ် ၁ ၊ Migrant Times ။ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ဒုက္ခသည် ၅၃,၃၁၂ ဦး အတွက် အရေးပေါ်လိုအပ်သည့် ပစ္စည်းများပါဝင်လှူဒါန်းနိုင်ကြောင်း ပညာရေးနှင့်ဖွံ့ဖြိုးရေးဖောင်ဒေးရှင်း (FED)မှထုတ်ပြန်သည်။ထိုင်းတောင်ပိုင်း ဖန်ငါပြည်နယ်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၊ဒေသခံအသိုင်းအဝိုင်းတို့နှင့်အတူ လက်ရှိအကျပ်အတည်းဒဏ်ခံစားနေရသူများအား စိတ်ရင်းစေတနာဖြင့် ကူညီပံ့ပိုးရန် ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း FED ကထုတ်ပြန်သည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ (၁)ရက်နေ့မှ (၅)ရက်နေ့အထိလာရောက် လှူဒါန်းနိုင်ပြီး လှူဒါန်းပစ္စည်းအားလုံးကို ဩဂုတ်လ (၆) ရက်နေ့တွင် ဆူရင်ပြည်နယ်သို့ ကားဖြင့် တိုက်ရိုက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ထိုင်းနိုင်ငံ၊ ဆူရင်ပြည်နယ်တွင် ဒုက္ခသည်စခန်း ၁၂၂ ခုနှင့် ဒုက္ခသည် ၅၃,၃၁၂ ဦး ရှိပြီး ကြာရှည်ခံ အစားအစာများ(ခေါက်ဆွဲခြောက်၊ ငါးသေတ္တာ စသဖြင့်)၊ အခြေခံဆေးဝါးနှင့် ကျန်းမာရေးထောက်ပံ့ပစ္စည်းများ(OTC ဆေးဝါးများ၊ ခြင်ဆေး စသဖြင့်) ၊တစ်ကိုယ်ရေသန့်ရှင်းရေး ပစ္စည်းများ(သွားတိုက်တံ၊

Read More
သတင်း

ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှဆက်လက်ထွက်ခွာ

ဇူလိူင် ၃၁ ၊ Migrant Times ထိုင်းနိုင်ငံ၊ ချန်ထပူရီပြည်နယ်၊ ဘန်လမ်နယ်စပ်ဂိတ်မှ ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှဆက်လက်ထွက်ခွာနေကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။ ကမ္ဘောဒီးယားအလုပ်သမား ၁၅ဝဝ ကျော်သည် ယနေ့ ဇူလိူင်လ ၃၁ ရက်တွင် နံနက်ပိုင်းတွင် ဘန်လမ်နယ်စပ်ဂိတ်မှထွက်ခွာနေကြကြောင်း ထိုင်းနယ်စပ်ဂိတ်တာဝန်ရှိသူများက ထိုင်းသတင်းထောက်များကိုပြောသည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင်လ ၂၄ ရက်၌ တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေ့ကစပြီး ကမ္ဘောဒီးယားအလုပ်သမားများ ထိုင်းနိုင်ငံမှစတင်ထွက်ခွာနေခြင်းဖြစ်သည်။ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြခဲ့သည်။ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီဆိုချီတာက နောက်ထပ် ၁၅ဝ,ဝဝဝ ကျော် ပြန်လာမည်ဟု အာဏာပိုင်များက မျှော်လင့်ထားကြောင်း

Read More
သတင်း

ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေးချိုးဖောက်ပြီး တိုက်ခိုက်ခဲ့ကြောင်း ထိုင်းပြော

ဇူလိူင် ၂၉ ၊ Migrant Times ကမ္ဘောဒီးယားစစ်တပ်သည် ယနေ့(ဇူလိုင်၂၉ ရက်)နံနက်ကစပြီး အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ကာ ပစ်ခတ်ခဲ့ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူက စစ်ရေးအခြေအနေရှင်းလင်းပွဲတွင်ပြောကြားသည်။ ကမ္ဘောဒီးယားက ယနေ့နံနက်မှစ၍ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ခြင်းနှင့် ပတ်သက်၍ သက်သေအထောက်အထားများကို မလေးရှား၊ အမေရိကန်နှင့် တရုတ်နိုင်ငံတို့ထံ တင်ပြမည်ဖြစ်ကြောင်း ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဂျီရာရု ကပြောသည်။ ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် ယမန်နေ့ (ဇူလိုင် ၂၈) တွင် နယ်စပ်ဒေသ၌ ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ယမန်နေ့ (ဇူလိုင် ၂၈)ညသန်းခေါင်ယံမှစကာ အပစ်ရပ်မည်ဖြစ်ကြောင်း ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက

Read More
သတင်း

ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက အပစ်ရပ်ရန်ကြေညာ

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်းဆောင်များက ယနေ့ (ဇူလိုင် ၂၈) သန်းခေါင်ယံမှစကာအပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ဇူလိုင် ၂၄ ရက်တွင် စတင်ခဲ့သည့် တိုက်ပွဲများရပ်တန့်ရန်အတွက်ယနေ့ ဇူလိူင်လ ၂၈ ရက်နေ့တွင် ထိုင်းယာယီဝန်ကြီးချုပ် ဖူထမ် ဝက်ချယာချိုင်းနှင့်ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်တို့သည် မလေးရှားနိုင်ငံတွင် တွေ့ဆုံခဲ့ကြသည်။ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် သံတမန်ရေးရာ ဆွေးနွေးမှုပြုလုပ်ပြီးနောက် မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် နှင့်ပူးတွဲကျင်းပသည့်သတင်းစာရှင်းလင်းပွဲတွင် ထိုင်း-ကမ္ဘောဒီးယား ခေါင်းဆောင်များက ပြောကြားခြင်းဖြစ်သည်။ ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံခေါင်ဆောင်များက နံနက်ဖြန် ဇူလိူင်လ ၂၉ ရက် ၊နံနက် ၇ နာရီတွင် စစ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ပြီး

Read More
သတင်း

နယ်စပ်တိုက်ပွဲများကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၂ သိန်းကျော် ထိုင်းကထွက်ခွာ

ဇူလိူင် ၂၈ ၊ Migrant Times ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တွင် ပဋိပက္ခများ တင်းမာနေသည့်အတွက် ဇူလိုင် ၂၄ ရက်မှ ၂၇ ရက်အတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၂ဝဝ,ဝဝဝကျော် ပြန်လည်ဝင်ရောက်ခဲ့သည်ဟု ကမ္ဘောဒီးယားအလုပ်သမားနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ လေ့ကျင့်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြောင်း CamNess သတင်းက ဖော်ပြသည်။ ဇူလိုင် ၂၃ ရက်နေ့ တစ်ရက်တည်းတွင် ထိုင်း ဘတ်တမ်ဘန်ပြည်နယ်ရှိ နယ်စပ်ဂိတ်မှ အလုပ်သမား ၅၄,ဝဝဝ ကျော် ကမ္ဘောဒီးယားသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ဇူလိုင် ၂၆ ရက်တွင် ၆၅,ဝဝဝ နီးပါးနှင့်ဇူလိုင် ၂၇ ရက်တွင် စုစုပေါင်း အလုပ်သမား ၁၂ဝ,၄၃၈ ဦး သည် အဆိုပါဂိတ်မှတစ်ဆင့် ပြန်လည်ရောက်ရှိလာခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။ ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး

Read More