အောက်တိုဘာ 19, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်းတောင်ပိုင်းတွင် ခရီးသွားရာသီအမှီ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဆောင်ရွက်

အောက်တိုဘာ ၁၃ ၊ Migrant Times ။

ထိုင်းနိုင်ငံတောင်ပိုင်း၊ဖန်ငခရိုင်အတွင်းရှိ ကော့စီမီလန်ကျွန်းဝန်းကျင်တွင် ခရီးသွားရာသီအမှီ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးကို အောက်တိုဘာလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည်။

ထိုင်းသစ်တောနှင့်သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပခဲ့ပြီး တကွာပါမြို့နယ်နှင့် ဖူးခက်မြို့မှ ဌာနဆိုင်ရာဝန်ထမ်းများ၊ကျောင်းသား၊ကျောင်းသူများ ၊သဘာဝပတ်ဝန်းကျင်အ‌ရေး စိတ်ပါဝင်စားသူများနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ လူအင်အား ၃ဝဝ ကျော်က ပါဝင်ကာ ကျွန်းရှိကမ်းခြေများသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြသည်။

Photo – Migrant Times