အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဲဆောက်တွင် ဈေးရောင်း ဆိုင်ဖွင့်သည့် မြန်မာ ၃ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၁၆ ၊ Migrant Times ။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် ၊ မဲဆောက်မြို့တွင် ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ တစ်ရက်အတွင်းခွင့်ပြုချက်မရှိဘဲ ဈေးရောင်းချခြင်း ၊ ဆိုင်ဖွင့်ခြင်းအတွက် မြန်မာနိုင်ငံသား ၃ ဦးကိုဖမ်းဆီးခဲ့ကြောင်းတာ့ခ်ခရိုင် လူဝန်မူကြီးကြပ်ရေးဌာနကထုတ်ပြန်သည်။

ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်တွင် မဲဆောက်မြို့ ၊ Mae Ku ရပ်ကွက် ဈေးအနီးတွင် မြန်မာနိုင်ငံသား ၂ ဦးအားကုန်စုံဆိုင်ဖွင့်လှစ်ခြင်း၊ နောက်ထပ် မြန်မာနိုင်ငံသား ၁ ဦးအားမိုဘိုင်းဖုန်းပြုပြင်ရေးဆိုင်ဖွင့်လှစ်ခြင်းများဖြင့် စစ်ဆေးဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်းတို့အား အလုပ်လုပ်ခွင့်လိုင်စင်မရှိဘဲ အလုပ်လုပ်ခြင်းဖြင့် အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

မဲဆောက်မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေတံခွန်ဈေး (Tararak Waterfall Market) အနီးတစ်ဝိုက်တွင် ဆိုင်ဖွင့်ထားသည့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးနှင့် အပေါင်းအပါ စုစုပေါင်း ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၈ ရက်နေ့ကလည်း ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ရှိ မွတ်ဆလင်အများစုနေသည့်ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသည့် မြန်မာနိုင်ငံသား ၈ ဦးအား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြခဲ့သည်။

Photo – Tak Immigration