အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကမ္ဘောဒီးယားမှ တရားမဝင် ပြန်ဝင်လာသည့် ထိုင်း ၃ဝ ဦးကို ထိုင်းစစ်တပ်ဖမ်းဆီး

အောက်တိုဘာ ၁၇ ၊ Migrant Times ။

ကမ္ဘောဒီးယားနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်ပြန်ဝင်လာသည့် ထိုင်းနိုင်ငံသား ၃ဝ ဦးကို ထိုင်းစစ်တပ်က ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။

ထိုင်း နှင့် ကမ္ဘောဒီးယား နယ်စပ် Sa Kaeo ပြည်နယ်၊ အရာယ ပရထေစ်မြို့နယ်၊ ခလောင် နမ်ဆိုင် ကျေးအုပ်စု ဆွန်ဘွန်ရွာ ကြံစိုက်ခင်း အနီးတွင် သံသယဖြစ်ဖွယ် လူအုပ်စုကြီး တစ်စု လမ်းလျှောက် နေသည်ကိုတွေ့ရှိပြီး အမှတ် (၁၂) ရိန်းဂျားကွပ်ကဲရေးတပ်ခွဲနှင့် နယ်စပ်ဒေသ အထူးလုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

ဖမ်းဆီးခံရသည့် ထိုင်းနိုင်ငံသားများတွင် အမျိုးသား ၂၀ ဦး ၊အမျိုးသမီး ၁၀ ဦး စုပေါင်း (၃၀)ဦး ပါဝင်ပြီး နိုင်ငံသား သက်သေခံ ကတ်ပြား ၂၄ ကတ်ကို သိမ်းဆည်းခဲ့ကြောင်း၊ ကျန် (၆) ဦးတွင် သက်သေခံ စာရွက်စာတမ်းများမရှိကြောင်း၊၎င်းတို့အားလုံးကို တရားဥပဒေအရ ဆက်လက် အရေးယူ ဆောင်ရွက်သွားရန် ရှိကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Photo – The Standard News