အောက်တိုဘာ 19, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ကားတိုက် သေဆုံးခဲ့သည့် မြန်မာအလုပ်သမား လျော်ကြေး ဘတ် ၁၂ သိန်းထိရနိုင်

အောက်တိုဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင်၊ ဖုတ်ဖရာမြို့နယ်၊ ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် ယမန်နေ့၌ နယ်စပ်မှ တရားမဝင်ဝင်ရောက်သည့် မြန်မာနိုင်ငံသား ၂၃ ဦးအား ဖမ်းဆီးခဲ့ကြောင်း နာရေဆွမ်တပ်ဖွဲ့ လက်အောက်ခံ ရာ့ချ်မနူအထူးတပ်ဖွဲ့ (Naresuan Force’s Rajmanoo Task Force)က ယနေ့ထုတ်ပြန်သည်။

ရာ့ချ်မနူအထူးတပ်ဖွဲ့က ဘန်မိုကိုထိုင်း ဒေသတစ်ဝိုက်တွင် သံသယဖြစ်ဖွယ် ယာဉ်နှစ်စီးကို ကြားဖြတ်ဖမ်းဆီးခဲ့ပြီး စစ်ဆေးရာတွင် တရားမဝင်ဝင်ရောက်လာသော မြန်မာနိုင်ငံသား အလုပ်သမား ၂၃ ဦး (အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၅ ဦး) ကိုတွေ့ရှိခဲ့သည်။ ထို့အပြင် ကူညီသူယာဉ်မောင်း နှစ်ဦးကိုပါ ဖမ်းဆီးခဲ့သည်။

သက်သေအဖြစ် ယာဉ်နှစ်စီးလုံးကို သိမ်းဆည်းကာ ဖမ်းမိသူများအား တရားဥပဒေအရ ဆက်လက်အရေးယူရန် ဖုတ်ဖရာရဲစခန်းထံ အပ်နှံခဲ့ကြောင်း ရာ့ချ်မနူအထူးတပ်ဖွဲ့ကထုတ်ပြန်သည်။
အောက်တိုဘာ ၁၇ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ချွန်ပူလီမြို့ ဖုန်းဆိုင်တခုရှေ့တွင် အောက်တိုဘာလ ၁၄ ရက်နေ့၊ နံနက် ၆ နာရီခွဲအချိန်၌ အလုပ်သွားရန် ကားစောင့်နေကြသည့် မြန်မာအလုပ်သမား ၄ ဦးအား လာရောက်ကြိုသည့်မှန်လုံကားက တိုက်မိခဲ့ပြီး ၁ ဦးသေဆုံးခဲ့သည်။
ထိုသေဆုံးခဲ့သည့် မြန်မာအလုပ်သမား ကိုစိုးလင်းဦးသည် ထိခိုက်နစ်နာလျော်ကြေး ဘတ် ၁၂ သိန်း အထိရရှိနိုင်ကြောင်း ကူညီပေးနေသည့် WAG အလုပ်သမား မဟာမိတ်အဖွဲ့ခေါင်းဆောင် ကိုမုန်တိုင်းက Migrant Times ကိုပြောကြားသည်။

“ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့သူတွေကိုတော့ ဘတ် ၁ဝ သိန်းထက်မပိုတဲ့ ဆေးကုသခွင့်ရှိတယ်။သက်သာတော့မှ ဒီသုံးယောက်ကိုတော့ ဆေးထွက်ဆို ချက်ယူပြီးမှ လျော်ကြေးကိစ္စကိုဆက်လုပ်လို့ရမှာ။သေသွားတဲ့ လူအတွက်ဆိုရင်လဲ သူအမေတက်လာမှ ပိုက်ဆံထုတ်ပေးလို့ရမယ်။ ဒီမှာတော့ သူအကိုရှိတယ် ဒါပေမဲ့ ပေးမထုတ်ဘူး။ ကျွန်တော်တို့က သူအမေကလွဲပြီးတော့ ကျန်တဲ့လူမပေးဘူးလို့ ပြောထားတာလေ” ဟု ကိုမုန်တိုင်းက ပြောသည်။

အောက်တိုဘာ ၁၄ရက်နေ့မှစကာ ထိုအမှုကို WAG အလုပ်သမား မဟာမိတ်အဖွဲ့က ကူညီဆောင်ရွက်ပေးနေပြီး သေဆုံးခဲ့သည့် ကိုစိုးလင်းဦးအတွက် ကားထော်လဘော်၊ပကန်၊အသက်အာမခံ ၃ မျိုးမှ လျော်ကြေးငွေ ဘတ် ၁၂သိန်း အထိရရှိနိုင်ကြောင်း ၊ လက်ရှိတွင် သက်ဆိုင်ရာရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

WAG အဖွဲ့ထုတ်ပြန်ချက်အရ ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား ကိုနွေးထွန်းသည် ခါးရိုးကျိုးသွားခဲ့ပြီး MEMORIAL HOSPITAL ဆေးရုံတွင် ဆေးကုသမှုခံယူနေရသည်။ကိုချစ်လင်းထိုက်သည် ခါရိုးထိသွားခဲ့ပြီး LAEN CHABANG HOSPITAL ဆေးရုံတွင်ဆေးကုသမှုခံယူနေရသည်။

ကိုညိမ်းထွန်းသည် လက်ကျိုးသွားခဲ့ပြိး ချွန်ပူလီဆေးရုံ၌ဆေးကုသမှုခံယူပြီး သက်သာလာသောကြောင့် ဆေးရုံမှဆင်းခဲ့သည်။ သေဆုံးခဲ့သည့် ကိုစိုးလင်းဦး၏ ရုပ်အလောင်းကို ယမန်နေ့ အောက်တိုလာလ ၁၆ ရက်နေ့တွင် သင်္ဂြိုလ်ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း WAG အဖွဲ့မှထုတ်ပြန်သည်။

Photo – WAG