ချင်းမိုင်တွင် ရေကြီးနိုင်ကြောင်း သတိပေး

ဇူလိူင် ၁၆ ၊ Migrant Times
ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်တွင် ယနေ့ နံနက်၌ ပင်ချောင်းရေလျှံကာ ရေကြီးနေပြီး ချင်းမိုင်မြို့တွင်လည်း ရေကြီးနိုင်သည့်အတွက် ထုတ်ပြန်ချက်များကို သတိပြုသင့်ကြောင်း ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။
ချင်းဒေါင်မြို့နယ်တွင် ဇူလိူင်လ ၁၅ ရက်နေ့ညက မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ပင်ချောင်းရေလျှံကာ ဘန့်ဒေါင်ဒေသ ဝပ်အင်သာရမ်တံတားအနီး မောင်းနာနှင့် ထွန်းခေါဝ်ဖွမ်းရှိ နေအိမ်များအတွင်း ရေများဝင်ရောက်နေကြောင်း သိရသည်။
ယနေ့ ဇူလိူင်လ ၁၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ချင်းဒေါင်ရှိ ပင်းချောင်းရေ P.20 တိုင်းတာရေးနေရာ၌ ရေမျက်နှာပြင်သည် ၂.၉၈ မီတာအထိ ရောက်ရှိနေပြီး ပင်းချောင်းစီးဆင်းရာ ချင်းမိုင်မြို့အတွက် စိုးရိမ်ရသည့်အခြေအနေကြောင့် ထုတ်ပြန်ချက်ကိုသတိပြုရန်နှင့် မြေနိမ့်ပိုင်းနေသူများ ရွှေ့ပြောင်းရန် ပြင်ဆင်ထားကြရန် ချင်းမိုင် ပြည်သူ့ဆက်ဆံရေးရုံးကထုတ်ပြန်သည်။
ချင်းမိုင်မြို့တွင် ယခင်နှစ် ၂ဝ၂၄ စက်တင်လာလနောက်ဆုံးပတ်တွင် ပင်းမြစ်ရေမြင့်တက်ကာ ပထမအကြိမ်ရေကြီးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ပထမပတ်တွင် ဒုတိယအကြိမိ ရေကြီးမှုထပ်မံ
ဖြစ်ပွားခဲ့ပြီး ပင်းမြစ်အနီးရပ်ကွက်များတွင် အဆိုးဝါးဆုံးရေကြီးမှုကို ကြုံတွေ့ခဲ့ကြောင်း ချင်းမိုင်နေသူများကပြောကြားသည်။
ချင်းမိုင်ခရိုင်အတွင်းရှိ ချင်းဒေါင်၊ မယ်အိုင်း၊ ဖန်၊ ချိုင်းပရာကန်၊ မယ်တဲင်း၊ ဝိန်းဟဲန်နှင့် ဖရာအိုဒေသများတွင် ဇူလိုင် ၁၆ ရက်မှ ၁၇ ရက်အထိ မိုးသည်းထန်ခြင်းကြောင့် မြေပြိုမှုနှင့် ရုတ်တရက်ရေကြီးမှုများဖြစ်နိုင်ကြောင်း ဘူမိဗေဒအရင်းအမြစ်ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်ထားသည်။
Photo – PR Chiang Mai