မဲဆောက်တွင် ထိုင်း-မြန်မာယဉ်ကျေးမှု နှီးနှောဖလှယ်ပွဲကျင်းပ

ဩဂုတ် ၃ ၊ Migrant Times
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊မဲဆောက်မြို့ရှိ မဲဆောက်နည်းပညာကောလိပ်တွင်ထိုင်း-မြန်မာ ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲကို ယမန်နေ့ ဩဂုတ်လ ၂ ရက်နေ့တွင် ကျင်းပခဲ့သည်။
ယဉ်ကျေးမှုဖလှယ်ပွဲကို မဲဆောက်မြို့ အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED)နှင့် ထိုင်းအစိုးရယဉ်ကျေးမှုဌာနတို့က ပူးပေါင်းကျင်းပခြင်းဖြစ်သည်။
ဘုရင့်မယ်တော်မွေးလကို ဂုဏ်ပြုသည့် အနေဖြင့်ကျင်းပခြင်းဖြစ်ပြီး ထိုင်းနှင့် မြန်မာနိုင်ငံသားများ အကြား ယဉ်ကျေးမှုကိုအခြေခံကာ လူမှုသဟဇာတ အခြေအနေများ တိုးတက်စေရန် ရည်ရွယ်ကြောင်း FED ဖောင်ဒေးရှင်း တာဝန်ရှိသူကပြောသည်။

ယဉ်ကျေးမှုပွဲတော်ကို ကဏ္ဍ ၃ ခုဖြင့် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာယဉ်ကျေးမှုဖျော်ဖြေရေးအစီအစဉ်များ၊ လူမျိုးစုအကြောင်း စကားဝိုင်းဆွေးနွေးပွဲများ၊ရိုးရာယဉ်ကျေးမှုပြခန်းများနှင့် ဈေးဆိုင်များလည်း ပါဝင်ခဲ့ကြောင်း FED မှသိရသည်။
ဓာတ်ပုံ – နီတာ