အောက်တိုဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

အယုဒ္ဓယတွင် ခိုက်ရန်ဖြစ်ပွားသည့် လူငယ် ၄၅ ဦးပါ ဂိုဏ်းကိုဖမ်းဆီး

အောက်တိုဘာ ၈ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊ အယုဒ္ဓယမြို့တွင် Ping-Pong Bombs များ၊ လက်နက်များပါဝင်သည့် လူငယ်ဂိုဏ်းများအချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး အသက် ၁၃ နှစ်မှ ၁၈ နှစ်အရွယ် လူငယ် ၄၅ ဦးကို ရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့သည်။
ယနေ့ အောက်တိုဘာလ ၈ ရက် နံနက်အစောပိုင်း ၁၂ နာရီ ၃၀ မိနစ်တွင် အယုဒ္ဓယ ၊ ဘန်ပွန် ရပ်ကွက်ရှိ ဝပ်ကဆတ်ထရာသီရတ်လမ်းဆုံတွင် လူငယ်ဂိုဏ်းနှစ်ခုတို့သည် အပြိုင်အဆိုင်ဆိုင်ကယ်မောင်းနှင်ကြပြီး ပင်ပေါင်လက်လုပ်ဗုံးများကို အကြိမ်များစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည့်အတွက် ဒေသခံများက ထိတ်လန့်မှုကာ ရဲတပ်ဖွဲ့ထံတိုင်ကြားခဲ့ကြေင်း ထိုင်းသတင်းကဖော်ပြသည်။
ရဲတပ်ဖွဲ့သည်က လိုက်လံစုံစမ်းပြီးနောက် မော်တော်ဆိုင်ကယ် ၁၂ စီးကို သိမ်းဆည်းရမိခဲ့ကြောင်းထုတ်ပြန်သည် ။ စီစီတီဗီ (CCTV) မှတ်တမ်းများအရ ယင်းဖြစ်စဉ်တွင် မော်တော်ဆိုင်ကယ် အစီး ၄၀ ကျော် ပါဝင်နေကြောင်း ရဲတပ်ဖွဲ့ကပြောသည်။
ရဲများက အသက် ၁၆ နှစ်အရွယ် လူငယ်တစ်ဦးကို လူသတ်ရန် ကြိုးပမ်းမှုဖြင့် တရားစွဲဆိုထားပြီး
ပါဝင်ပတ်သက်သည့် လူငယ်အားလုံး၏ မိဘများကို စစ်ဆေးမေးမြန်းရန် ဆင့်ခေါ်ရန် စီစဉ်နေကြောင်း ထိုင်းသတင်းကဖော်ပြသည်။
Photo – Khaosod