အောက်တိုဘာ ၁ဝ ၊ Migrant Times ။
ရန်ကုန်တိုင်း ၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်တရားရုံးအနီးတွင် ယမန်နေ့ အောက်တိုဘာလ ၉ ရက်နေ့ နံနက် ၇ နာရီခန့်၌ စွန့်ပစ်ထားသည့် စက်မှုဇုန် လုံခြုံရေးဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ပြီး လှိုင်သာယာပြည်သူဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ခွန်အားသစ် လူမှုကူညီရေးအသင်းကထုတ်ပြန်သည်။
သေဆုံးသူ၏ ရုပ်အလောင်းကို ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာက သယ်ဆောင်ပေးရန် အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း ၊ သေဆုံးသူသည် ပန်းလှိုင်မြစ်ကမ်းဘေး ပဒံကျေးရွာအပိုင် ကမ်းဖြူရွာမှ ဖြစ်ကြောင်း ခွန်အားသစ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက Migrant Times ကိုပြောသည်။
“လုံခြုံရေးဝန်ထမ်းလို့တော့ ပြောလို့ရတယ်။ အရှေ့ည(အောက်တိုဘာ ၈)က ဖြစ်ထားလို့ပေါ့။ ယာဉ်တိုက်မှု ဖြစ်စဉ်လို့ ခန့်မှန်းမိတာပေါ့၊ ဘာလို့လည်းဆို သိပ်မလှမ်းမကမ်းမှာလည်း စက်ဘီးပျက်စီးနေတယ်၊ သေဆုံးသူဟာလည်း ခြေကျိုး၊ လက်ကျိုး၊ ခေါင်းထိခိုက်ဒဏ်ရာတွေနဲ့ အနေအထားဆိုတော့”ဟု၎င်းကပြောသည်။
လှိုင်သာယာမြို့နယ်တွင် ညနက်ပိုင်းနှင့် နံနက်အစောပိုင်း အချိန်များ၌ ယာဉ်တိုက်မှုဖြစ်စဉ်များ မကြာခဏ ဖြစ်ပွားနေကြောင်း စျေးရောင်းချသူအချို့ကပြောကြားသည်။
Photo – ခွန်အားသစ် လူမှုကူညီရေးအသင်း