နိုဝင်ဘာ 21, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

စမွတ်ဆာခွန်တွင် မြန်မာလူငယ် ၁ ဦး မူးယစ်ဆေးဝါးရောင်းမှုဖြင့် ဖမ်းဆီးခံရ

နိုဝင်ဘာ ၁၃ ၊ Migrant Times ။

ထိုင်နိုင်ငံ ၊ စမွတ်ဆာခွန်ပြည်နယ် ၊ ခုတ်ခမ်မြို့နယ်ခွဲ(Kok Kham) တွင် မြန်မာနိုင်ငံသား ဆယ်ကျော်သက် လူငယ် ၁ ဦးအား မက်တမ်ဖက်တမင်း (ယာဘ) ၁,၀၀၀ ပြားရောင်းချမှုဖြင့် ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကယနေ့ဖော်ပြသည်။

မြန်မာလူငယ်သည် တဝပ်အမည်ရ အသက် ၁၈ နှစ်အရွယ်ရှိပြီး Noom Wan အမည်ဖြင့် ဖေ့စ်ဘွတ်ခ်အသုံးပြုကာပရိသတ်အများအပြားရှိသူဖြစ်ကြောင်း၊ ရွှေ့ပြောင်းလုပ်သားများကို မူးယစ်ဆေးဝါးများ ရောင်းချနေခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် မွေးဖွားကြီးပြင်းခဲ့သော ရွှေ့ပြောင်းအလုပ်သမားတစ်ဦး၏ သားဖြစ်ကာ ဘာသာစကားနှစ်မျိုးလုံးဖြင့် ပြောဆိုနိုင်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

၎င်းသည် မူးယစ်ဆေးဝါး မက်တမ်ဖက်တမင်း (ယာဘ) ကို ဖေ့စ်ဘွတ်ခ်မှတစ်ဆင့် အဆက်အသွယ်ယူကာ ရောင်းချခဲ့ပြီး ခိုခ်ခမ်းမြို့နယ် ၊ ချေ့ထားဝီထီ လမ်းပေါ်ရှိ အခန်းတခုကိုအသုံးပြုခဲ့ကြောင်း၊ ၎င်းသည် မူးယစ်ဆေးဝါးများကို ဆိုင်ကယ်ဦးထုပ်အတွင်း၌ တစ်ထုပ်လျှင် ၁၀ ပြားစီ ထည့်သွင်း၍ ဖွက်ထားပြီး တစ်ရက်လျှင် ၅၀၀ မှ ၁,၀၀၀ ပြားအထိ တစ်နှစ်ကျော်ကြာ ဖြန့်ဖြူးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

ရဲတပ်ဖွဲ့ကစုံစမ်းထားသည့် အခန်းကိုဝင်ရောက်စီးနင်းခဲ့ပြီး မြန်မာလူငယ်အား သက်သေခံပစ္စည်းမက်တမ်ဖက်တမင်း (ယာဘ) ၁,၀၀၀ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

Ref / Photo – ข่าวเด็กสมุทรสาคร / มิติมหาชัย