September 30, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ထိုင်းတောင်ပိုင်းက မြန်မာလုပ်သား ၆ ဦး လစာ ဘတ် ၅ သောင်းကျော်ပြန်ရ

စက်တင်ဘာ ၂၇ ၊ Migrant Times ။
ထိုင်းနိုင်ငံတောင်ပိုင်း ၊ တကွာပါမြို့နယ် ဘန်နယန်းရက်ကွက်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား ၆ ဦးသည် အလုပ်ရှင်မှ ၁ လစာ မပေးသဖြင့် အကူအညီတောင်းမှုအရ ဖြေရှင်းပေးခဲ့ရာ လစာ ဘတ် ၅ သောင်းကျော်ပြန်ရခဲ့ကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED အလုပ်သမားရေးရာ ဌာနတာဝန်ရှိသူကပြောကြားသည်။
“ဇူလှိုင်လ ၁၉ ရက်နေ့မှာ ဖန်ငမြို့နယ် အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရုံးမှာ အမှုဖွင့် တိုင်ကြားခဲ့တာပါ။စက်တင်ဘာ ၂၆ ရက်နေ့မှာ အလုပ်သမား ၆ ဦးရဲ့ လစာငွေ ဘတ် ၅ သောင်းကျော်ကို သူတို့သူဌေးကနေ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး ရုံး မှာ ပေးအပ်ခဲ့လို့ အမှု ပိတ်သိမ်းခဲ့တယ်” ဟု FED အလုပ်သမားရေးရာ ဌာနတာဝန်ရှိသူကပြောသည်။
ထိုင်းနိုင်ငံအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက် အလုပ်လုပ်ကိုင်နေသူများ အနေဖြင့် ပညာရေး၊ ကျန်းမာရေး၊ အလုပ်သမား ကာကွယ်ခြင်းဆိုင်ရာ ဥပဒေရေးရာများနှင့်ပတ်သက်ပြီး ဆွေးနွေလိုပါက ဖန်ငရုံး – 076 697 574, 099 379 0912 ၊ ဘန်ကောက်ရုံး – 064 280 4860, 096 523 6843 ၊ မဲဆောက်ရုံး- 093 298 0015, 094 748 9569 စသည့်ဖုန်းနံပတ်များအား ရုံးချိန်အတွင်းခေါ်ဆိုနိုင်ကြောင်း ပညာရေးနှင့်ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း – FED ကထုတ်ပြန်ထားသည်။