အောက်တိုဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဲဆောက်မြို့တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် မြန်မာ ၁ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ မယ်ပရပ်ကွက်တွင် ကုန်စုံဆိုင်ဖွင့်ထားသည့် မြန်မာနိုင်ငံသား ၁ ဦးအား ယမန်နေ့ အောက်တိုဘာလ ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး ကထုတ်ပြန်သည်။
နိုင်ငံခြားသားတစ်ဦးမှ တရားမဝင် ကုန်ပစ္စည်းများ ရောင်းချနေသည်ဟူသော ဒေသခံများတိုင်ကြားချက်အရစစ်ဆေးခဲ့ပြီးအသက် ၃၈ နှစ်အရွယ် မြန်မာနိုင်ငံသား ၁ ဦးကို ဖမ်းဆီးခဲ့ကြောင်းထုတ်ပြန်သည်။
၎င်းအား အလုပ်လုပ်ခွင့်ပါမစ်မရှိဘဲ အလုပ်လုပ်ခြင်း (သို့မဟုတ်) လုပ်ပိုင်ခွင့်ရှိသည့် အတိုင်းအတာထက် ကျော်လွန်၍ အလုပ်လုပ်ခြင်းဖြင့် ဥပဒေအရ အရေးယူနိုင်ရန်အတွက် မဲဆောက်မြို့နယ် ရဲစခန်းသို့ လွှဲပြောင်းခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံး ကထုတ်ပြန်သည်။
မဲဆောက်မြို့တွင် အောက်တိုဘာလ ၇ ရက်နေ့ကလည်း ရေတံခွန်ဈေး (Tararak Waterfall Market) အနီးတစ်ဝိုက်တွင် ဆိုင်ဖွင့်ထားသည့် မြန်မာနိုင်ငံသား အမျိုးသား တစ်ဦးနှင့် အပေါင်းအပါ စုစုပေါင်း ၇ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ထားသည်။
Photo – Tak Immigration