အောက်တိုဘာ 10, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

မဲဆောက်မြို့ မွတ်ဆလင်ရပ်ကွက်တွင် မြန်မာနိုင်ငံသား ၈ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၉ ၊ Migrant Times ။
ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့ရှိ မွတ်ဆလင်အများစုနေသည့်ရပ်ကွက်တွင် မူးယစ်ဆေးဝါးရောင်းချသုံးစွဲသည့် သံသယရှိသူ မြန်မာနိုင်ငံသား ၈ ဦးကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးပူးပေါင်းအဖွဲ့က ယမန်နေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။
၎င်းရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် အသက် ၁၉ နှစ်အရွယ်မှ အသက် ၅ဝ အရွယ်အထိ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံသား ၈ ဦးတွင်
မက်သာဖက်တမင်း ယာဘဆေးပြားများတွေ့ရှိခဲ့ပြီး ၎င်းတို့သည် ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်သူများဖြစ်ကြောင်း ထိုင်းသတင်းက ဖော်ပြသည်။ ၎င်းတို့အား မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု၊
၊မူးယစ်ဆေးဝါး သုံးစွဲမှု၊ ခွင့်ပြုချက်မရှိဘဲ ထိုင်းအတွင်း ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူမည်ဖြစ်ကြောင်းသိရသည်။
ဖမ်းဆီးမှုတွင် မဲဆောင်မြို့နယ်မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဦးစီးဌာန၊ မဲဆောက်ရဲစခန်း၊ မြို့နယ်အုပ်ချုပ်ရေးရုံးအဖွဲ့နှင့် မွတ်ဆလင် အသိုင်းအဝိုင်းခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်းသိရသည်။
မဲဆောက်မြို့တွင် အောက်တိုဘာလ ၇ ရက် ၊ ၈ ရက် နှစ်ရက်တွင်လည်း ဈေးဆိုင် ၂ ဆိုင်မှ မြန်မာနိုင်ငံသား ၈ ဦးအား ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း တာ့ခ်ခရိုင်လူဝင်မှု ကြီးကြပ်ရေးရုံးက ထုတ်ပြန်သည်။
Photo – กิตติศักดิ์ บุญจันทร์