အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ထိုင်း သက္ကရာဇ် ၂၄၉၃ ထုတ် တစ်ဘတ်စေ့အား ဘတ် ၁ သန်းဖြင့် ဝယ်ယူမည့်သတင်း မဟုတ်ဟု ဆိုင်ရှင်ပြော

အောက်တိုဘာ ၁၄၊ Migrant Times ။

ထိုင်းနိုင်ငံတွင် ထိုင်းသက္ကရာဇ် ၂၄၉၃ ခုနှစ်က ထုတ်ဝေခဲ့သည့် (၉) ဆက်မြောက် ထိုင်းဘုရင် ဘူမိဘောပုံပါ တစ်ဘတ်စေ့အား ဘတ် (၁) သန်းဖြင့် ဝယ်ယူမည်ဖြစ်ကြောင်း သတင်းပျံနှံနေပြီး သတင်းမှားသာဖြစ်ကြောင်း Indy Coin ဆိုင်ရှင်က Migrant Times ကိုပြောကြားသည်။

“ မသမာ လူလိမ်များလို့ အထူးသတိထားနော် ၊ ဓာတ်ပုံသာကြည့်ပြီး စျေးနှုန်း သိန်းဂဏန်းဆိုတာ ရှားပါတယ်၊ မရှိသလောက်ပါပဲ၊ အဲဒီ အကြွေ ဒင်္ဂါးပြားကို ကြည့်ပြီးမှ စျေးနှုန်း ပြောဆိုနိုင်မှာဖြစ်ပါတယ်” ဟု၎င်းကပြောသည်။

အွန်လိုင်းတွင်ဖော်ပြချက်များအရ ၎င်းပိုက်ဆံစေ့ဝယ်ယူမည့်ဆိုင်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ကျတုကျတ်နယ်မြေတွင် ဖွင့်လှစ်ထားကြောင်း၊စည်းကမ်းချက်အနေဖြင့် ရောင်းချမည့် ပိုက်ဆံစေ့သည် အရည်အသွေးကောင်မွန်ရမည်ဖြစ်ပြီး၊ သတ်မှတ်ချက်ပြည့်မီပါက တစ်ပြားလျှင် ဘတ် (၁) သန်းနှုန်းဖြင့် ဝယ်ယူသွားမည်ဖြစ်ကြောင်း ဖုန်းနံပတ်နှင့် ဖော်ပြထားသည်။

၎င်းဘတ်စေ့သည် လက်ရှိဈေးကွက်တွင် ဘတ်ထောင် ဂဏန်းဝန်းကျင်သာ ပေါက်ဈေးရှိကြောင်းဆိုင်တာဝန်ရှိသူကပြောကြားသည်။

ဓာတ်ပုံ – အွန်လိုင်းတွင်တွေ့ရသည့် ၂၄၉၃ ထုတ် တစ်ဘတ်စေ့။