အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း

ဖူးခက်တွင် ဆိုင်ကယ်ခိုးသည့် မြန်မာ ၁ ဦးဖမ်းဆီးခံရ

အောက်တိုဘာ ၁၄၊ Migrant Times။

ထိုင်းနိုင်ငံတောင်ပိုင်း ၊ ဖူးခက်မြို့ ပါသောင်ကမ်းခြေအနီးတွင် ဆိုင်ကယ်ခိုးသည့် အသက် (၂၂) အရွယ် မြန်မာအလုပ်သမား ၁ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းတွင်ဖော်ပြသည်။

ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်နေ့ညနေတွင် အသက် ၂၂ နှစ်အရွယ် မြန်မာနိုင်ငံသား အား ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့် အနက်/အနီရောင် Honda Click i မော်တော်ဆိုင်ကယ်တစ်စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

၎င်းဆိုင်ကယ်သည် အောက်တိုဘာလ ၁ဝ ရက်နေ့တွင် ဒေသခံတဦးက ပျောက်ဆုံးကြောင်း တိုင်ကြားထားသည့်ဆိုင်ကယ်ဖြစ်ကြောင်း၊ ခိုးယူသူသည် ထိုင်းနိုင်ငံတွင် တရားမဝင်နေနိုင်သူဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဖမ်းဆီးခဲ့သည့်နေရာမှာ ပါသောင်မြို့နယ်ရှိ အလုပ်သမားစခန်းတစ်ခုရှေ့တွင်ဖြစ်ပြီး ခိုးယူသူနှင့် သက်သေခံပစ္စည်းများကို ပါသောင်ရဲစခန်းထံသို့ အမှုဖွင့်ဆောင်ရွက်ရန် လွှဲပြောင်းခဲ့ကြောင်းသိရသည်။

Photo – Andaman focus