အောက်တိုဘာ 18, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

နိုင်ငံခြားသား အလုပ်သမားများ E-Work Permit စနစ် လျှောက်လွှာစတင်နိုင်

အောက်တိုဘာ ၁၅ ၊ Migrant Times ။

ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားအလုပ်သမားများအတွက် E-Work Permit စနစ် အလုပ်လုပ်ခွင့်လျှောက်လွှာအား အွန်လိုင်းပေါ်၌ စတင်နိုင်ပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနကထုတ်ပြန်သည်။

E-Work Permit စနစ်တင်ရန်အတွက် အောက်ပါအဆင့် ၈ ဆင့်ဖြင့်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။

၁။ စနစ်ကိုအသုံးပြုရန်မှတ်ပုံတင်ပါ။
အသုံးပြုသူများသည် အွန်လိုင်းစနစ်ကို အသုံးပြုရန် E-Work Permit ဝက်ဘ်ဆိုက်မှ တစ်ဆင့်မှတ်ပုံတင်ရပါမည်။

၂။ အလုပ်လုပ်ခွင့်လျှောက်လွှာတင်သွင်းပါ။
အသုံးပြုသူများသည် လျှောက်လွှာတင်သွင်းခြင်း၊မီနူးကို ရွေးချယ်ပြီး အလုပ်လုပ်ခွင့်လက်မှတ်နှင့် အလုပ်အမျိုးအစားကို ရွေးချယ်ပြီး အွန်လိုင်းကတစ်ဆင့် လျှောက်ထားနိုင်သည်။

၃။ လျှောက်လွှာကြေးပေးဆောင်ပါ။
အသုံးပြုသူများသည် ၄င်းတို့၏အလုပ်လုပ်ခွင့် လျှောက်လွှာတင်လို့ပြီးစီးသည့် အခါ လျှောက်လွှာဖိုးပေးဆောင်ပါ။

၄။ စာရွက်စာတမ်းများစစ်ဆေးရန်စောင့်ဆိုင်းပါ။
ငွေပေးချေပြီးနောက်၊ အွန်လိုင်းမှ တင်းသွင်းပြီးသော အချက်အလတ်များကို ပြန်လည်စစ်ဆေးခြင်းဖြင့် စာရွက်စာတမ်းစစ်ဆေးအတည်ပြုမှုရဖို့ စောင့်ပါ။

၅။ စာရွက်စာတမ်းခွင့်ပြုချက် ရလဒ်များကို စစ်ဆေးပါ။
အသုံးပြုသူများသည် အတည်ပြုချက်ရလဒ်များကို ဝက်ဘ်ဆိုက်မှ တစ်ဆင့်စောင့်ကြည့် စစ်ဆေးရပါမည်။

၆။ ကုန်ကျစရိတ်ကို ပေးဆောင်ပါ။
အတည်ပြုချက်ရပြီးနောက်ပိုင်းတွင် ဝန်ဆောင်ခကိုပေးသွင်းရမည်။

၇။ အွန်လိုင်းမှ ရက်ချိန်းယူပါ။
အသုံးပြုသူများသည် အလုပ်လုပ်ခွင့်လက်မှတ် ထုတ်ယူရန်အတွက် ဝန်ဆောင်မှုပေးသည့် ရုံးသို့သွားရန်ရက်ချိန်းကို ရယူပါ။

၈။ ချိန်းဆိုထားသည့်ရက်အတိုင်း စင်တာသို့သွားပါ။
အသုံးပြုသူများသည် ၄င်းတို့၏ အလုပ်လုပ်ခွင့်လက်မှတ်ကို ထုတ်ယူရန်အတွက် စင်တာတွင် လူကိုယ်တိုင်သွားရောက် အတည်ပြုပါ။

“စာရင်းတင်သွင်းတဲ့အခါမှာ ကိုယ်ပေးတဲ့အချက်အလက်က တိတိကျကျဖြစ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့အချက်အလက်အတိုင်း Work Permit ထွက်မှာ နာမည်တွေ မွေးသက္ကရာဇ်တွေ မှန်ဖို့လိုတယ်။ဒီမှာ တစ်ခုကောင်းတာက အဲ့အချက်အလက်တွေ မှန်မမှန်ပြန်စစ်တဲ့အပိုင်းက အဆင့်တိုင်းမှာပါတယ်။ အဲ့မှာတော့ကိုယ်က သေချာပြန်စစ်ဖို့လိုတယ်။ ပွဲစားတို့ အေဂျင်စီ တို့ကတင်ရင် ကိုယ်အချက်အလက်မှန်မမှန်ပြန်စစ်ပေးဖို့ သတိပေးဖို့လိုမယ်။ ပတ်စပို့စ်အထောက်အထားရှိတယ်ဆိုရင် ရှိကြောင်းထည့်ပေးရတယ်။အဲ့လိုမဖြည့်လိုက်မိရင် ကိုယ့် ဗီဇာသွင်းလို့မရဘူးဖြစ်သွားမယ်။ အဲ့ဒါတွေကတော့ အဓိကပဲ” ဟု FED အလုပ်သမားရေးဌာန တာဝန်ခံ ဦးမင်းဦးက Migrant Times ကိုပြောသည်။

၎င်းဝန်ဆောင်မှုစနစ်ကို ယနေ့ အောက်တိုဘာလ ၁၅ ရက်နေ့မှစကာ eworkpermit.doe.go.th ဝက်ဘ်ဆိုက်မှတစ်ဆင့် ဆောင်ရွက်နိုင်ကြောင်း အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာနကထုတ်ပြန်ထားသည်။