အောက်တိုဘာ 19, 2025
38/70 Moo 4 Khuk Khak , Takuapa , Phangnga , Thailand
သတင်း အလုပ်သမား သတင်း

ရနောင်းတွင် ခိုးဝင်လာသော မြန်မာအလုပ်သမား ၁၄ ဦး ဖမ်းဆီးခံရ

အောက်တိုဘာ ၁၅ ၊ Migrant Times ။

ထိုင်းနိုင်ငံ ၊ ရနောင်းပြည်နယ် ၊ ကရဘူရီးမြို့နယ် ဘန်နိုင်ကရမ်ရွာတွင် ခိုး၀င်လာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို တွေ့ရှိပြီး ဖမ်းဆီးခဲ့ကြောင်း အမှတ်(၂၅)ခြေမြန်တပ်ရင်းအထူးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။

မြန်မာအလုပ်သမားသည် မြန်မာဘက်ခြမ်းမှ လာရောက်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း Kra Buri မြစ်ကြောင်းအနီးတွင်တွေ့ရှိခဲ့သည့်အတွက် စစ်ဆေးဖမ်းဆီးခဲ့ကြောင်းသိရသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမား အမျိုးသား ၇ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၄ ဦး အား တရားမ၀င် နိုင်ငံဖြတ်ကျော်မှုဖြင့် ဥပေဒအရ အရေးယူ ဆောင်ရွက်ရန် ပက်ချန်းရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

ထိုင်းနိုင်ငံ ၊ ကန်ချနာဘူရီမြို့နယ်တွင် အောက်တိုဘာလ ၁၁ ရက်နေ့ နံနက်တွင်လည်း အလုံပိတ်ကားအတွင်း ပြွတ်သိပ်လိုက်ပါလာသည့် မြန်မာလုပ်သား ၁ဝ၈ ဦးနှင့် ယာဉ်မောင်း ၁ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းကဖော်ပြသည်။

အောက်တိုဘာလ ၄ ရက်နေ့ ညကလည်း ထိုင်းနိုင်ငံ ကန်ချနဘူရီပြည်နယ်၊ စံခလဘူရီမြို့နယ်တွင် ကားတစ်စီးဖြင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၁၀ ဦးကို ဖမ်းဆီးခဲ့ကြောင်း ဗဟိုစုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ (CIB)ကထုတ်ပြန်သည်။

ထိုင်းသတင်းများ ဖော်ပြချက်အရ စက်တင်ဘာလအတွင်းတွင် ထိုင်းနိုင်ငံသို့ နယ်စပ်များမှတရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၁,၀၀၀ ဦးထက်မနည်း ဖမ်းဆီးခြင်းခံခဲ့ရသည်။

Photo – หน่วยเฉพาะกิจกรมทหารราบที่ 25